ရန်ကုန် ဝင်ကစွပ်ဈေးကွက် ..!

ရန်ကုန် ဝင်ကစွပ်ဈေးကွက် ..! - Property News in Myanmar from iMyanmarHouse.com
29 Mar 2017 10:41 am တွင် တင်ခဲ့သည်
2083 ကြိမ် ကြည့်ရှု့ပြီး
နေထိုင်စရိတ် ကြီးမြင့်လွန်းသည့် နိုင်ငံတွင် သူတို့နေထိုင်ကြရပြီး ထိုနေ ထိုင်စရိတ်ကပင် တစ်လရှာသမျှ ဝင်ငွေ၏ ထက်ဝက်ကျော်ကို ဝါးမျိုသွား သည်။

စားဝတ်နေရေး၊ ဘဝရပ်တည်ရေးအတွက် ဝင်ငွေရှာလို့ကောင်းသည့် မြိြု့ ကီးပြကြီးကို ပြောင်းရွှေ့လုပ်ကိုင်ကြချိန်တွင် ကျောတစ်ခင်းစာနေရာအတွက် ရုန်းကန်ရှာဖွေရပြန်သည်။

ရန်ကုန်မြို့မှ ဝင်ကစွပ်များ၏ ဘဝမှာ ကူသူကယ်သူမဲ့လှသည်။ ရန်ကုန်မြို့ေ တ်ာနေ ပြည်သူများအတွက် နေထိုင်စရိတ်ကို လျှော့ချပေးနိုင်မည့် အရိပ်အေ ယာင်မှာ မှုန်ဝါးဝါးသာ။

ဝင်ကစွပ်များ တတ်နိုင်မည့် ကျောတစ်ခင်းစာနေရာ အတွက် အစိုးရလည်း ဘာမှမလုပ်ပေးနိုင်သေး၊ ငွေကြေးအရ ဝန်ပိမှုကို ဖြေလျှော့ပေးနိုင်မည့် တစ်ဦးချင်းဝင်ငွေ မြင့်တက်လာရေး ဆိုသည်မှာလည်း နိုင်ငံရေး သဘောအ ရ ဖြစ်ချင်သည်ကို ကြွေးကြော်ထားသည့် ပုံနှယ်။

“တစ်နှစ်ကို နေစရာနေရာအတွက် သုံးရတာက သိန်းနှစ်ဆယ်လောက် ရှိ တယ်၊ စားစရိတ်ကလည်း တစ်လ တစ်သိန်းခွဲလောက် ဆိုတော့ တစ်နှစ် သိန်းနှစ်ဆယ်နီးပါးပါပဲ။ ဝင်ငွေနဲ့ထွက်ငွေက မျှကိုမမျှဘူး” ဟု သာကေတမြို့ နယ်တွင် နေထိုင်သူ ကိုဇော်ထူးက ဆိုလေသည်။

ပြည်တွင်းကုမ္ပဏီတစ်ခုတွင် တစ်လဝင်ငွေ ကျပ်လေးသိန်းခန့် ရရှိသူ ကိုေ ဇ်ာထူးမှာ အိမ်ထောင်ရှင်၊ ကလေးတစ်ယောက်နှင့် မိသားစု သုံးဦးတည်း သာ နေထိုင်သူ ဖြစ်သည်။

ဇနီးဖြစ်သူမှာ ယခင်က အလုပ်ရှိသော်လည်း ရင်သွေးမွေးပြီးနောက် ကေ လးထိန်းရန် လက်ရှိအလုပ်မှ နုတ်ထွက်ထားချိန်၊ အပိုကုန်ကျလာသော ကေ လးစရိတ်နှင့် မကြာမီ သက်တမ်းပြည့်မည့် အိမ်ငှားစာချုပ်တို့အတွက် ကိုေ ဇ်ာထူး ချွေးပြန်နေပြီ ဖြစ်သည်။

“နှစ်ယောက်လုံး အလုပ်ရှိတုန်းက မစုမိရင်တောင် လောက်ငသေးတယ်။ အခုတစ်ယောက်ထဲ ရုန်းရချိန်မှာ ဘယ်လိုမှ မလွယ်ဘူး၊ ချေးရငှားရနဲ့ အ ဆင်ပြေအောင် လုပ်ရတာပေါ့၊ ဒီကြားထဲ တစ်ယောက်ယောက်ကများ ကျန်း မာရေးကိစ္စ ဖြစ်ပြီဆိုရင်တော့ ငွေတိုးပေးစားသူတွေဆီ ပြေးပေတော့ပဲ” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့်နှစ်များအတွင်းက ကွန်ဒို၊တိုက်ခန်းများစွာ ဆောက်လုပ်ခဲ့ကြသည်။ မြို့တွင်းခြောက်မြို့နယ် ပြင်ပမြို့နယ်များတွင်လည်း ကန်ထရိုက်တိုက်သစ် များ တစ်လုံးပြီးတစ်လုံး ပေါ်လာသည်။

သို့သော် အိမ်အငှားဈေးကွက်တွင် ဈေးကျသည့် အရိပ်အယောင်မရှိ၊ အိမ်၊ ခြံ၊ မြေဈေးကွက် အေးစက်နေသော်လည်း အငှားဈေးကွက်မှာမူ ပုံမှန်အ တိုင်း နီးပါး လည်ပတ်နေဆဲ၊ အိမ်တိုက်ခန်း အငှားဈေးနှုန်းမှာလည်း ဈေး ကွက်တစ်ခုလုံး အနေအထားဖြင့်ကြည့်လျှင် ဈေးကျသွားသည်ဟု မဆိုနိုင်ေ သးပေ။

“အိမ်အငှားဈေးက တက်တာမျိုးတော့ မရှိဘူး။ ခုက တိုက်အသစ်တွေ က လည်း ထပ်ထွက်လာနေတော့ ဈေးကတော့ မတက်ဘူး” ဟု ဒေါပုံမြို့နယ်မှ အိမ်တိုက်ခန်းပွဲစား လုပ်နေသူတစ်ဦးက ဆိုသည်။

အိမ်၊ ခြံ၊ မြေ အရောင်းဈေးကွက်မှာ ၂ နှစ်ကျော်ကာလအ တွင်း အေးစက် သွားခဲ့ပြီး အရောင်းအဝယ် ကျဆင်းသွားသလို ဈေးနှုန်းလည်း တည်နေရာ အနေအထားပေါ် မူတည်ကာ ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းခန့်အထိ အထိုက်အလျောက် ကျဆင်းခဲ့သည်။

ထိုအချိန်တစ်လျှောက်လုံးတွင် အိမ်အငှားဈေးကွက်မှာမူ ဈေးကွက် မအေး သွားသလို ဈေးလည်း သိပ်မကျသွားဘဲ ပန်းပန်ဆဲသာ ဖြစ်သည်။

အိမ်၊ ခြံ၊ မြေ တိုက်ခန်းပိုင်ဆိုင်သူထက် ပိုင်ဆိုင်မှု ကင်းမဲ့သူ အရေအတွက် က သိသိသာသာ များပြားလွန်းသည့်အတွက် အငှားဈေးကွက်က ပုံမှန် လည်ပတ်နေနိုင်ခြင်း ဖြစ်သည်။

အိမ်အငှားနေထိုင်သူ အများစု အတွက် မြို့တွင်းခြောက်မြို့နယ်နှင့် နီးစပ်ေ သာ အလုံ၊ စမ်းချောင်း၊ တာမွေမြို့နယ်တို့တွင် နေထိုင်မည် ဆိုပါက အနည်း ဆုံး တစ်လ ကျပ်နှစ်သိန်း ဝန်းကျင်ခန့် အသုံးပြုမှသာ ထိုမြို့နယ်တို့တွင် နေ ထိုင်နိုင်မည် ဖြစ်သည်။

“စမ်းချောင်းမှာတော့ အိမ်ငှားတွေက အောက်ထစ် အနည်းဆုံး နှစ် သိန်းလောက်တော့ ရှိကြတယ်။ နှစ်သိန်းအောက် ဆိုရင်လည်း အပေါ်ဆုံး အလွှာတွေ၊ တိုက်ခန်းကျဉ်းတွေတော့ ရှိတယ်၊ ဒါပေမဲ့ ရှားတယ်” ဟု စမ်းချောင်းမြို့နယ်တွင် အိမ်အငှားပွဲစား လုပ်နေသူ အမျိုးသမီးတစ်ဦးက ဆိုသည်။

စမ်းချောင်းမြို့နယ်တွင် ၁၂ ပေခွဲ၊ ၅၅ ပေ အကျယ်အဝန်းရှိသော လေးလွှာ၊ ငါးလွှာ တိုက်ခန်းတစ်ခန်း၏ အိမ်ငှားခမှာ နှစ်သိန်းကျပ်ရှိပြီး အလွှာ နိမ့်ေ လ ဈေးပိုပေးရလေ ဖြစ်ကြောင်း အိမ်၊ ခြံ၊ မြေ အငှားဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။

ထို့အတူ တာမွေ၊ ကျောက်မြောင်းကဲ့သို့ နေရာမျိုးတွင် အိမ်ငှားမည် ဆိုပါက လည်း ၁၅ ပေ၊ ၅၅ ပေ ဝန်းကျင် တိုက်ခန်းတစ်ခန်း၏ ပုံမှန်အိမ်ငှားခမှာ အ နည်းဆုံး နှစ်သိန်းခန့်ရှိပြီး အိမ်ခန်းအတွင်း ပြင်ဆင်ထားမှု၊ လေအေးပေး
စက် တပ်ဆင်ထားမှု၊ ကြွေပြားကပ်၊ အလွှာအလိုက် စသည့်အပြင် အဆင် များပေါ် မူတည်ကာ ကျပ်နှစ်သိန်းခွဲ၊ သုံးသိန်းမှသည် ကျပ်လေးသိန်း၊ ငါး သိန်း ဝန်းကျင်အထိ ရှိကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင် ဝက်ဘ်ဆိုက်များ ထံမှ သိရှိရသည်။

ကန်ထရိုက်ဈေးကွက် လှုပ်ခတ်ခဲ့သော သင်္ဃန်းကျွန်း၊ သာကေတနှင့် ဒေါ ပုံမြို့နယ်တို့တွင်မူ အိမ်အငှားဈေးကွက် အနည်းငယ် အေးသွားကြောင်း အိမ်၊ ခြံ၊ မြေ ကားဝယ်ရောင်းငှား အကျိုးတော်ဆောင် ဒေါ်နန္ဒာဝင်းက ဆို သည်။

မြို့တွင်းခြောက်မြို့နယ်နှင့် မနီးမဝေးနေရာတွင် ရှိနေသော မြို့နယ်များတွင် ကန်ထရိုက်တိုက် ဆောက်လုပ်မှုများ အလွန်ခေတ်စားခဲ့သော်လည်းေ နာက်ပိုင်းတွင် ကန်ထရိုက်တာလိုင်စင် ရှိ၊ မရှိ စစ်ဆေးခြင်း၊ အဆောက်အ အုံ အရည်အသွေးပိုင်း ကြီးကြပ်မှု တင်းကျပ်လာခြင်းနှင့် အိမ်၊ ခြံ၊ မြေ ဈေး ကွက် အရှိန်တန့်သွားချိန်တွင် ကန်ထရိုက်တာအချို့ ရှောင်ပြေးမှုများ ရှိခဲ့သ ည်။

ထိုဂယက်မှာ မြို့နယ်အချို့ရှိ အငှားဈေးကွက်ကို ဂယက်ရိုက်ခဲ့ပြီး အငှားေ ဈးကွက် အေးသွားခြင်း ဖြစ်သည်။

“ဟိုတုန်းက ကန်ထရိုက်တွေ ဆောက်ကြတုန်းက ကန်ထရိုက်တာတွေ က မြေရှင်၊ အိမ်ရှင်တွေကို အိမ်ငှားခပေးတော့ ဘယ်ဈေးနဲ့ဖြစ်ဖြစ် ငှားေ နကြတယ်လေ။ ခုက ကန်ထရိုက်တိုက်တွေက ဆောက်နေရင်း ရပ်ထား တာတွေရော၊ ဆက်မဆောက်တော့တာတွေရောကြောင့် အငှားဈေးကွက် က အေးသွားတယ်” ဟု ဒေါ်နန္ဒာဝင်းက ရှင်းပြသည်။

လိုင်စင်မဲ့ ကန်ထရိုက်တာများ ဆောက်လုပ်ထားသော အရပ်ခေါ် ငါးထပ် တိုက် (သုံးထပ်ခွဲသာ ရှိသည်) ၏ အပေါ်ဆုံးအလွှာ ဒါဘာအခန်းငှားရမ်း ခမှာမူ လွန်ခဲ့သည့် ၂ နှစ်ခန့်က ကျပ်ကိုးသောင်း၊ တစ်သိန်းဝန်းကျင်မှ ကျပ် တစ်သိန်းသုံးသောင်း ဝန်းကျင်အထိ ရှိခဲ့သော်လည်း ယခုအခါ ကျပ်ခုနစ်ေ သာင်း၊ ရှစ်သောင်း ဝန်းကျင်သာ ရှိကြောင်း သင်္ဃန်းကျွန်း၊ ဒေါပုံမြို့နယ် တို့ ရှိ အိမ်အငှားပွဲစားများထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ အထပ်မြင့်အဆောက်အအုံများကို ကန့် သတ်မှု လုပ်ဆောင်ခြင်းနှင့် မြေဈေးနှုန်း ကျဆင်းရေး လုပ်ဆောင်မည်ဆိုေ သာ အချက်တို့ကြောင့် အိမ်၊ ခြံ၊ မြေ ဈေးကွက်မှာ အဝယ်လုံးဝ မရှိသေ လာက် ဖြစ်သွားပြီး အငှားဈေးကွက်ကိုပါ အနည်းငယ် ထိခိုက်လာကြောင်း ကံကောင်း အိမ်၊ ခြံ၊ မြေလုပ်ငန်းမှ ဦးမင်းခန့်က ဆိုသည်။

“အခုက အငှားဈေးကွက်ပါ နည်းနည်းလာထိတာပေါ့။ ဒီလဆို အငှားတော်ေ တ်ာနည်းသွားတယ်။ ငှားရမ်းခလည်း နည်းနည်းတော့ ကျတာတွေရှိတယ်။ အရင် နှစ်သိန်းလောက်ကနေ အခု တစ်သိန်းရှစ်သောင်းလောက် ဆိုတာ မျိုးပေါ့” ဟု ၎င်းက ဆိုသည်။

တိုက်ခန်းကို နေထိုင်ရုံသက်သက် ငှားရမ်းမှုတွင် အများဆုံး ငှားရမ်းကြသည့် ပမာဏမှာ ကျပ်နှစ်သိန်း၊ နှစ်သိန်းခွဲ ဝန်းကျင်က အများဆုံး ဖြစ်ကြောင်း လည်း ၎င်းက ဆက်လက်ပြောပြသည်။

နိုင်ငံခြားသားများ နေထိုင်အသုံးပြုရန် ငှားရမ်းသည့် ကွန်ဒိုတိုက်ခန်း ဈေးနှု န်းများမှာလည်း လွန်ခဲ့သည့် ၂ နှစ်နှင့် နှိုင်းယှဉ်လျှင် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာ ခိုင်နှုန်းအထိ ဈေးကျသွားပြီး ယခင် အမေရိကန်ဒေါ်လာ ၂၅၀၀ ဖြင့် ငှား ရမ်းသော တိုက်ခန်းကို ယခုအခါ အမေရိကန်ဒေါ်လာ ၂၀၀၀ ဖြင့် ငှားရမ်းေ နကြရကြောင်း iMyanmarHouse အိမ်၊ ခြံ၊ မြေ လုပ်ငန်း၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးနေမင်းသူက ဆိုသည်။

“ဝါကျွတ်ပြီး နောက်ပိုင်းမှာတော့ နေအိမ်၊ တိုက်ခန်း ငှားရမ်းခတွေလည်း နည်းနည်းတော့ ကျနိုင်တယ်လို့ ခန့်မှန်းထားတယ်။ ဆောက်လုပ်ပြီးစီးမယ့် ဟာတွေကလည်း ရှိနေတယ်လေ” ဟု ၎င်းက ပြောသည်။

အိမ်တိုက်ခန်းအငှားဈေးကွက်မှာ ပုံမှန်အတိုင်း လည်ပတ်နေချိန်တွင် ဈေး ကွက်ကို လှုပ်ခတ်မည့် သတင်းတစ်ခု ထွက်ပေါ်လာပြန်သည်။

မန္တလေးတိုင်းဒေသကြီးတွင် အိမ်တိုက်ခန်းငှားရမ်းမှုအတွက် အိမ်ငှား လိုင် စင် ပြုလုပ်ရမည် ဖြစ်ပြီး လိုင်စင်ကြေးမှာ ငှားရမ်းခ၏ ၅ ရာခိုင်နှုန်း ဖြစ်ေ ကြာင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ယခုလအ တွင်း ကြေညာချက် ထုတ်ပြန်လိုက်သည်။

ရန်ကုန်တိုင်းဒေသကြီးတွင်မူ ထိုသို့ အိမ်အငှားလိုင်စင် ပြုလုပ်မည့် သတင်း ကို မကြားမိသေးဟု အိမ်၊ ခြံ၊ မြေ အကျိုးဆောင်အများစုက ဆိုကြသော် လည်း အချို့ကမူ လိုင်စင်သတင်း သဲ့သဲ့ကြားသည်ဟု ဆိုကြပြန်သည်။

“ရန်ကုန်မှာလည်း အဲ့လိုမျိုး အိမ်ငှားလိုင်စင် လုပ်မယ်လို့ သတင်းကြားမိ တယ်” ဟု ဒေါ်နန္ဒာဝင်းက ဆိုသည်။

အိမ်အငှားလိုင်စင်ကြေး ဆိုသည်မှာ အစိုးရက ပြည်သူ ထံမှ ကောက်ယူ သည့် အခွန်အခတစ်မျိုးပင် ဖြစ်ရာ နောက်ထပ် အသစ်တိုးပွားလာမည့် အခွန်အခဟု ဆိုရပေမည်။

လိုင်စင်ပြုလုပ်ခြင်း၊ လိုင်စင်ကြေး ကောက်ခံခြင်းတို့ကို လုပ်ဆောင်ရာ တွင် ဘေးထွက်ဆိုးကျိုး နည်းပါးစေရန် ချင့်ချိန်ဆောင်ရွက်သင့်ကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက သုံးသပ်ကြသည်။

“ဒီလိုကောက်မယ်ဆိုရင် အိမ်ရှင်တွေကတော့ ငှားရမ်းခမှာ အခွန်ထပ်ေ ပါင်းထည့်လိုက်မှာပဲ။ ခံရမှာကတော့ အငှားနေသူတွေပေါ့။ ဒါမှမဟုတ် ငှား ရမ်းခကို လျှော့ပြတာမျိုးလည်း ဖြစ်နိုင်တယ်။ လိုင်စင်ကိစ္စက ချင့်ချိန်ဖို့ လို တယ်။ ကောက်ခံမယ့်နှုန်းထား သတ်မှတ်မှုက အရေးကြီးတာပေါ့” ဟု ဦးေ နမင်းသူက လိုင်စင်ကြေးကောက်ခံမှုနှင့် ပတ်သက်၍ ထည့်သွင်းစဉ်းစား ရမည့် အချက်အချို့ကို သုံးသပ်ပြောကြားသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၏ လိုင်စင်နှုန်းထား ၅ ရာ ခိုင် နှုန်းအတိုင်း ရန်ကုန်မြို့တော်တွင်လည်း ကျင့်သုံးခဲ့သည်ရှိသော် ပျမ်းမျှ တစ်နှစ်လျှင် သိန်းနှစ်ဆယ် ကုန်ကျသည့် ငှားရမ်းခအတွက် ပိုင်ရှင်များက လိုင်စင်ကြေးတစ်သိန်း ပေးဆောင်ရမည် ဖြစ်သည်။ထိုတစ်သိန်းကို နေအိမ်၊ တိုက်ခန်းပိုင်ရှင်က ပေးဆောင်မည်လား၊ သို့မဟုတ် ငှားရမ်းနေထိုင်သူ အပေါ် ပုံချလိုက်မည်လား။

“ပုံမှန်အတိုင်း တွေးကြည့်မယ်ဆို အိမ်ရှင်ကတော့ ပေးမှာမဟုတ်ဘူး။ ငှား တဲ့သူရဲ့ စရိတ်ထဲကို ထပ်ပေါင်းထည့်လိုက်မှာပဲ” ဟု ဦးမင်းခန့်က ဆိုသည်။
ဝင်ကစွပ်တို့ သက်သာစရာ နေရာရှာမရသေးပေ။

အစိုးရက အကောင်အထည်ဖော်နေသော အငှားအိမ်ရာ စီမံကိန်း ဆိုသည် မှာလည်း ထုနှင့်ထည်နှင့် ရှိနေသော အငှားဈေးကွက် ဝယ်လိုအားနှင့် ယှဉ် ကြည့်လျှင် ဆင့်ပါးစပ် နှမ်းပက်သကဲ့သို့သာ ဖြစ်နေသည်။

တန်ဖိုးနည်း၊ တန်ဖိုးမျှတ အိမ်ရာစီမံကိန်း ဆိုသည်မှာလည်း တစ်နိုင်ငံလုံး အတိုင်းအတာနှင့်ယှဉ်လျှင် မလောက်ငသေး၊ နှစ်ရှည်အရစ်ကျစနစ်ဖြင့် အိမ်ပိုင်ဆိုင်ခွင့် ဆိုသည်မှာလည်း ယခုမှ အစပျိုးခါစ ဖြစ်သည်။ ထို့ေ ကြာင့် ခြောက်လတစ်ကြိမ်၊ တစ်နှစ်တစ်ကြိမ် ဝင်ကစွပ်တို့ သက်ပြင်းချနေ ရပေဦးမည်။

Credit:The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး
အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး
ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...
ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...
အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...
အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...
ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း...
ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း...
“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...
“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...
စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...
စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...
စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခု စင်္ကာပူလူမှုကွန်ရက် သုံးစွဲသူတို့အကြား နာမည်ကြီးနေ...
စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခု စင်္ကာပူလူမှုကွန်ရက် သုံးစွဲသူတို့အကြား နာမည်ကြီးနေ...
အမေရိကန်ပြည်တွင် အရက်သေစာ သောက်စားမှု ပိတ်ပင်ခဲ့သည့်ခေတ်က ရုပ်ရှင်မင်းသမီး မာရီလင်မွန်ရိုးနှင့် နာမည်ကြီး ပြဇာတ်ရေးဆရာ အာသာမေလာတို့ လျှို့ဝှက်အရက်သောက်ခဲ့သော အရက်ဘားပါသည့် ယာတောအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် အရော...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရသည့်ဖြစ်ပုံ...
အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရသည့်ဖြစ်ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ
ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M
ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ
အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ
တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ
တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ
တရုတ်ပြည်တွင် လူငယ်တို့အကြား Disneyland ၏ တစ်နှစ်တာ ဝင်ခွင့်လက်မှတ် ဝယ်ယူထားကာ ကစားကွင်းထဲတွင် ကျောင်းစာလေ့လာမှု ခေတ်စား
တရုတ်ပြည်တွင် လူငယ်တို့အကြား Disneyland ၏ တစ်နှစ်တာ ဝင်ခွင့်လက်မှတ် ဝယ်ယူထားကာ ကစားကွင်းထဲတွင် ကျောင်းစာလေ့လာမှု ခေတ်စား
တစ်ယောက်တည်းရှုပ်နေတဲ့ Elon Musk (သို့) OpenAI ၏ စီအီးအို Sam Altman က ၎င်းတို့ ကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသည့် Elon
တစ်ယောက်တည်းရှုပ်နေတဲ့ Elon Musk (သို့) OpenAI ၏ စီအီးအို Sam Altman က ၎င်းတို့ ကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသည့် Elon
imyanmarmarket
Maha Nadi Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service