နိုင်ငံတကာ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက်ပါ ဥပဒေစည်းမျဉ်းများ ထည့်သွင်းရေးဆွဲထားသည့် အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုဥပဒေ ယခုနှစ်အတွင်း ပြဋ္ဌာန်းနိုင်ဖွယ်ရှိကြောင်း မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေဝန်ဆောင်မှုအသင်းမှသိရသည်။
အိမ်၊ ခြံ၊ မြေဝန်ဆောင်မှု ဥပဒေတွင် ပြည်တွင်းနိုင်ငံသားဝန်ဆောင်မှု အကျိုးဆောင်များ၊ ဝယ်ယူသူ၊ ရောင်းချသူများနှင့် ရင်းနှီးမြှုပ်နှံသူများအတွက်သာမက ပြည်ပမှလာရောက်ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားသားများအတွက်ပါ ဥပဒေစည်းမျဉ်းများ ထည့်သွင်းရေးဆွဲထားကြောင်း သိရသည်။
မြန်မာနိုင်ငံအိမ်၊ ခြံ၊ မြေဝန် ဆောင်မှုအသင်း(ဗဟို)ဥက္ကဋ္ဌဦးခင် မောင်သန်းက ''အိမ်ခြံမြေဝန်ဆောင်မှုဥပဒေက အမှန်တကယ်လိုအပ်တဲ့ ဥပဒေဖြစ်တာကြောင့် အထူးရေးဆွဲ မည့်ဥပဒေအမှတ် (၄၉) အနေနဲ့ တရား ဝင်အသိအမှတ်ပြုရေးဆွဲနေကြပါပြီ။ ဒါနဲ့ပတ်သက်ပြီး ဥပဒေရေးဆွဲ တဲ့နေရာမှာ အထောက်အကူပြုဖို့အတွက် နိုဝင်ဘာ ၆ ရက်မှာ တစ် နိုင်ငံလုံးအတိုင်းအတာနဲ့ ဆွေးနွေး ပွဲကို နေပြည်တော်မှာပြုလုပ်ခဲ့တယ်။ ဆွေးနွေးပွဲရလဒ် အကြံပြုချက်တွေ ကိုလည်း ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာကော်မရှင်ကို တင်သွင်း ထားပြီးဖြစ်တာကြောင့် ၂ဝ၁၇ ခုနှစ် မှာပဲ ဥပဒေပေါ်ပေါက်လာနိုင်ပါ တယ်''ဟု မတ် ၂၇ ရက်က UMFCCI ၌ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေဝန်ဆောင်မှုအသင်းအ ထူးညီလာခံ (၂ဝ၁၇-၂ဝ၂ဝ)အခမ်း အနား၌ ပြောသည်။
ယင်းဥပဒေကိုပြဋ္ဌာန်းနိုင်ခြင်း ဖြင့်မြန်မာနိုင်ငံ၏ အိမ်၊ ခြံ၊ မြေဈေးကွက်အတွင်း ရောင်း၊ ဝယ်မှုများမှာ ပိုမိုစနစ်ကျမည်ဖြစ်ပြီး အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူများသည်လိုင်စင်ဖြင့် လုပ်ကိုင်လာရမည် ဖြစ်ခြင်းကြောင့် အိမ်၊ ခြံ၊ မြေဈေး ကွက်အတွင်းဖြစ်ပေါ်နေသော ရောင်း မှား၊ ဝယ်မှားကိစ္စရပ်များနှင့်ဈေးကစားမှုများကို ထိန်းချုပ်လာနိုင်မည့်အပြင် နိုင်ငံတော်အနေဖြင့် အိမ်၊ ခြံ၊ မြေ ကဏ္ဍမှရရှိသောအခွန်များပိုမိုစီးဝင်လာနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေဝန်ဆောင်မှုအသင်းမှ အထွေထွေအတွင်း ရေးမှူးချုပ်ဒေါ်မို့မို့အောင်က ''နိုင်ငံခြားသားတွေရင်းနှီးမြှုပ်နှံဖို့အတွက် ခိုင်မာတဲ့ဥပဒေတစ်ရပ်လိုအပ်တယ်။ ဥပဒေတစ်ရပ်မရှိသေးတဲ့အတွက် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူတွေအနေနဲ့လည်း စောင့်ကြည့်တဲ့ကာလလို့ ပြောလို့ရတယ်။ ဥပဒေမူကြမ်းထဲမှာတော့ အိမ်ခြံမြေနဲ့ပတ်သက်ပြီးရင်းနှီးမြှုပ်နှံသူတွေအတွက် ခိုင်မာမှုရှိအောင် အိမ်ခြံမြေလုပ်နေတဲ့ကုမ္ပဏီတွေဆိုင်းဘုတ်တင်လုပ်နေတဲ့လူတွေ တစ်ဦးတစ်ယောက်တည်းလမ်း လျှောက်လုပ်ကိုင်နေသူတွေအတွက် ပွဲခရရှိတဲ့စနစ်၊ လုပ်ငန်းလုပ်ကိုင်သူအကျိုးဆောင်တွေအားလုံးကလည်း စနစ်တကျနဲ့လုပ်ကိုင်ဖို့အတွက် အဓိကထားထည့်ထားပါတယ်။ ဥပဒေထွက်လာရင် အိမ်၊ ခြံ၊ မြေတွေကပုံ မှန်ပြန်ကောင်းလာမှာပါ။ ဒါပေမဲ့ ၂ဝ၁၂၊ ၂ဝ၁၃၊ ၂ဝ၁၄ လို အတက်အကျကြမ်းတာမဟုတ်ဘဲ ပုံမှန်အနေအထားနဲ့ အိမ်၊ ခြံ၊ မြေကဏ္ဍပြန် ကောင်းလာမယ်လို့ မျှော်လင့်ထားပါတယ်''ဟု ပြောသည်။်ယခုနှစ်အိမ်၊ ခြံ၊ မြေဈေးကွက်အတွင်း အရောင်းအဝယ်အေးစက် ခြင်းနှင့်အတူ ဈေးနှုန်းများကိုလျှော့ချရောင်းချလာခြင်းကြောင့် ယခုအချိန်သည် ရင်းနှီးမြှုပ်နှံရန်အကောင်းဆုံးအချိန်ဖြစ်နေကြောင်း သိရသည်။
Credit: Dmocracytoday