ကမ္ဘာ့ရွှေဈေးမြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ်ကိုးသိန်း ခြောက်ထောင်အထိ မြင့်တက်ခဲ့ ပြီး အမေရိကန်ဒေါ်လာ တန် ဖိုးကျ ဆင်းလာကြောင်း ငွေကြေးဈေးကွက်မှ သတင်းရရှိသည်။
မတ်လ ၂၈ ရက်တွင် ကမ္ဘာ့ ရွှေဈေးသည် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁,၂၅၄ အထိ မြင့်တက်လာပြီး ပြီးခဲ့သည့် လ ဆန်းနှင့် နှိုင်းယှဉ်ပါက ပျမ်းမျှ ၂၂ ဒေါ်လာခန့်ဈေးနှုန်းမြင့်တက်လာသည်။ ကမ္ဘာ့ရွှေဈေးသည် တစ် လ အတွင်း ၂ ရာခိုင်နှုန်းခန့်မြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေးသည် တစ် ကျပ်သားလျှင် ကျပ် ရှစ်သိန်းကိုးသောင်းငါးထောင်ခန့်မှ ကျပ်ကိုးသိန်းခြော က်ထောင်သို့ မြင့်တက်ခဲ့သည်။
‘‘ရွှေဈေးတက်တာက ကမ္ဘာ့ ဈေးတက်လို့ပါ။ အရောင်းအ၀ယ် ကတော့ ဒီ ရက်ပိုင်းမှာ ကောင်းနေ တယ်’’ဟု မြန်မာနိုင်ငံရွှေလုပ်ငန်း ရှင်များအသင်း အတွင်းရေးမှူး ဦးကျော်ဝင်းက ပြောသည်။
ရွှေထည်လက်ဝတ်ရတနာ များကို ဧပြီ ၁ ရက်ကစတင်၍ ကုန်သွယ်လုပ်ငန်း ခွန် ၁ ရာခိုင်နှုန်း ကောက်ခံမည့် အစီအစဉ်ကြောင့် ယခုရက်ပိုင်း တွင် ရွှေ ထည် လက်ဝတ်ရတနာများ အ၀ယ်ပိုလိုက် လာသည်ဟု ၎င်းက ပြောသည်။
ပြည်တွင်းရွှေဈေးမြင့်တက် သော်လည်း ပြင်ပဈေးကွက်တွင် အမေရိကန်ဒေါ် လာတန်ဖိုးသည် ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်း အောက်ရောက်ရှိနေ သည်။ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းသည်တစ်ဒေါ်လာလျှင် ၁,၃၆၂ ကျပ်ဖြစ်သော်လည်း ပြင်ပဈေးကွက်၌ တစ်ဒေါ်လာလျှင် ၁,၃၅၆ ကျပ်ခန့် ရှိသည်။
Credit: 7DayDaily