အိမ်ငှားခွန်များ ပေးရတော့မည်

အိမ်ငှားခွန်များ ပေးရတော့မည် - Property News in Myanmar from iMyanmarHouse.com
29 Mar 2017 9:40 am တွင် တင်ခဲ့သည်
5064 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးမြို့တွင် မိမိပိုင်ဆိုင်သည့် နေအိမ်ကိုငှားရမ်းတိုင်း အခွန် ၅ ရာ ခိုင်နှုန်းကို ပေးဆောင်ရတော့မည် ဖြစ်သည်။

ရွှေ့ပြောင်း အလုပ်သမား များစွာရှိသည့် မန္တလေးမြို့တွင် အိမ်ငှားသည့် လုပ်ငန်းသည် နှစ်ဦးနှစ်ဖက် အဆင်ပြေသည့် လုပ်ငန်းတစ်ခု ဖြစ်သည်။ ထို လုပ်ငန်းများသည် ခေတ်အဆက်ဆက် အိမ်ရှင်နှင့် အိမ်ငှားသဘော တူ လျှင် အထမြောက်သည့် လုပ်ငန်းဖြစ်ပြီး ယခုမူ လုပ်ငန်းလိုင်စင် ပြုလုပ်ကြ ရတော့မည် ဖြစ်သည်။

အိမ်ငှားသူများ အငှားအိမ်ငှားပိုင်ခွင့် လုပ်ငန်းလိုင်စင် ပြုလုပ်ကြရန်အတွက် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက မတ်လ ဒုတိယပတ် အ တွင်းက ကြေညာလိုက်သည်။

“အိမ်တစ်ခုလုံးဖြစ်စေ၊ အခန်းတစ်ခုချင်းဖြစ်စေ ငှားရမ်းတဲ့သူတွေ အကုန် လုံး အကျုံးဝင်တယ်”ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ သန့်ရှင်းရေးဌာန ဌာနစုမှူး ဒေါ်ဝင်းမင်းသန်းက ရှင်းပြသည်။

ယင်းသို့ ကြေညာခဲ့ခြင်းသည် ယခုမှတော့ မဟုတ်။ ၂၀၁၆ ခုနှစ် အောက် တိုဘာလ အတွင်းကလည်း ယခုကဲ့သို့ အသိပေး ကြေညာချက် ထုတ်ခဲ့ဖူး သည်။ ထိုစဉ်က ၂၀၁၇ ခုနှစ် မတ်လတွင် စတင် လျှောက်ထားရမည်ဟု ဆိုသော်လည်း စိတ်ဝင်စားသူ မရှိခဲ့ကြ။ ယခု ဒုတိယအကြိမ် ကြေညာချက် ထုတ်ပြန်သောအခါ အချိန် သတ်မှတ်ချက်ရွှေ့ပြီး ဧပြီလမှ ဇွန်လအထိ ပ ညာပေးကာလ သတ်မှတ်ထားပြီး ယင်းနောက်တွင် လိုင်စင် မပြုလုပ်သူများ ကို အရေးယူသွားမည်ဖြစ်သည်။

မန္တလေးမြို့ စည်ပင်နယ်နိမိတ်အတွင်းရှိ မည်သည့် စီးပွားရေး လုပ်ငန်းမဆို လုပ်ငန်း လုပ်ပိုင်ခွင့်လိုင်စင်ကို သန့်ရှင်းရေးဌာနသို့ တင်ပြလျှောက်ထားရပြီး မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ဥပဒေပုဒ်မ ၇၆ အရ လည်းကောင်း၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ တည်းခို ခန်း၊ ဘော်ဒါဆောင်နှင့် အခန်းလိုက် ငှားသော အဆောက်အအုံများဆိုင်ရာ နည်းဥပဒေ ၃ အရလည်းကောင်း၊ အိမ်ပိုင်ရှင်က အငှားအိမ် ငှားပိုင်ခွင့် လုပ် ငန်းလိုင်စင်ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစ၍ သတ်မှတ် စည်းကမ်းချက် များနှင့်အညီ လျှောက်ထားရမည်ဖြစ်ကြောင်း မြို့တော်စည်ပင်က ကြေညာ ချက် ထုတ်ပြန်ထားသည်။

အငှားအိမ် ငှားပိုင်ခွင့်လုပ်ငန်း လိုင်စင် သို့မဟုတ် အိမ်အငှားလိုင်စင် မန္တေ လးတွင် ရှိသင့်ပြီလော။

“ရန်ကုန်မှာတော့ မရှိသေးဘူး။ သူတို့ ဘာကြောင့် ဒီလို လုပ်တယ်ဆိုတဲ့ ရည်ရွယ်ချက်ကို သိဖို့လိုတယ်။ လိုင်စင်ကြောင့် အငှားဈေးကွက်ကို သိပ်ထိ ခိုက်မှာတော့ မဟုတ်ဘူး”ဟု ရန်ကုန်တိုင်းဒေသကြီး အိမ်၊ ခြံ၊ မြေ လုပ်ငန်း အသင်း ဥက္ကဋ္ဌ ဦးစိုင်းခွန်နောင်က ဆိုသည်။

မန္တလေးတွင်မူ ယင်းကဲ့သို့ အငှားလိုင်စင် လုပ်ရမည့်ဥပဒေက ယခင်က တည်းက ပြဋ္ဌာန်းထားပြီးဖြစ်ကာ ယခု တစ်ဖန် အသက် ပြန်ဝင်လာေ အာင် ပြုလုပ်ခြင်းဖြစ်ကြောင်း ဒေါ်ဝင်းမင်းသန်းက ပြောသည်။

“စည်ပင်နယ်နိမိတ် အတွင်းမှာရှိတဲ့ လုပ်ငန်းဆိုရင် လိုင်စင်ရှိရမယ်၊ ဒါေ ကြာင့် လုပ်ခိုင်းတာ”ဟု ၎င်းကဆိုသည်။

ယခင် မြူနီစီပယ်ခေတ်ကတည်းက အငှားလိုင်စင် လုပ်ကြရပြီး ၂၀ဝ၀ ပြ ည့်နှစ်ဝန်းကျင်တွင် ပျောက်ကွယ်ခဲ့ကြောင်း၊ အငှားအိမ် ငှားရမ်းပိုင်ခွင့် လိုင် စင်လျှောက်ထားရယူခြင်း မပြုဘဲ အဆောက်အအုံ ငှားရမ်းခြင်းလုပ်ငန်း လုပ်ကိုင်ပါက မန္တလေးမြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ ၁၀၉ (က) ဖြင့် အရေးယူမည်ဖြစ်ပြီး စည်ပင် တရားရုံးတွင် တရားစွဲဆိုသွား မည် ဖြစ်ကြောင်း၊ ဒဏ်ကြေးငွေ ကျပ်နှစ်သိန်းအထိ ချမှတ်နိုင်ကြောင်း ဒေါ် ဝင်းမင်းသန်းက ရှင်းပြသည်။

အငှားလိုင်စင်များ လျှောက်ထားမည့်အပေါ် အွန်လိုင်းစစ်တမ်းတစ်ခု မန္တေ လး အခြေစိုက် နေထိုင်သူများကို The Voice က မတ်လ ၂၁ ရက်နေ့ က ကောက်ခံခဲ့သည်။

ယင်းစစ်တမ်းကို ပြန်လည် ဖြေဆိုခဲ့သူများအနက် “အိမ်ငှားလိုင်စင်လုပ် တာ ကောင်းတာပေါ့”ဟု ယူဆသူ ခုနစ်ဦး၊ “အိမ်ငှားလိုင်စင် လုပ်တာ မေ ကာင်းဘူး”ဟု ယူဆသူနှစ်ဦး၊ “အိမ်ငှားလိုင်စင်လုပ်တာ အိမ်ငှား နေထိုင် မယ့် သူတွေအတွက် ဈေးတွေ ပိုကြီးလာနိုင်တယ်”ဟု ယူဆသူ ခုနစ်ဦး၊ “အိမ်ငှားလိုင်စင် လုပ်တာ အိမ်ငှားရမ်းမယ့်သူတွေအတွက် အခက်အခဲနဲ့ ဝန်ပိုမှု ဖြစ်လာနိုင်တယ်”ဟု ယူဆသူ ခုနစ်ဦး၊ “အိမ်ငှားလိုင်စင် လုပ်တာ စည်ပင်အတွက် အခွန်ပိုတိုးဖို့ လုပ်တာ”ဟု ယူဆသူ သုံးဦး၊ “အိမ်ငှားလိုင် စင် လုပ်ထားရင် ငှားရမ်းသူကော၊ ငှားရမ်းမယ့်သူအတွက်ကော စိတ်အေး ရမယ်”ဟု ယူဆသူ ငါးဦး၊ “အိမ်ငှားလိုင်စင် လုပ်မယ်”ဟု ယူဆသူ ငါးဦး၊ “အိမ်ငှားလိုင်စင် မလုပ်ဘူး”ဟု ယူဆသူ သုံးဦး ရှိခဲ့သည်။

စစ်တမ်းအရ အိမ်ငှားလိုင်စင်မှာ ကောင်းမွန်သော်လည်း လိုင်စင်ကြောင့် အိမ်ငှားရမ်းခ ဈေးနှုန်းကြီးလာနိုင်သည်၊ ငှားရမ်းသူတို့အတွက် အခက်အ ခဲနှင့် ဝန်ပိုမှု ဖြစ်လာနိုင်သည်ဟု ယူဆကြသူ ပိုမို များပြားသည်။

“အိမ်ငှားလိုင်စင်ကို လွယ်လွယ်ကူကူ လုပ်ခွင့်ရမယ်။ အိမ်ရှင်အိမ်ငှား ဖြစ်ေ ပ်ါလာမယ့် ပြဿနာကို တာဝန်ယူ ဖြေရှင်းပေးမယ်ဆိုရင် ကောင်းတာပေါ့”ဟု မန္တလေး ဒေသခံ ဦးအောင်လတ်ဝင်းက သူ့အမြင်ကို ဆိုသည်။

အငှားလိုင်စင် ပြုလုပ်လိုက်ခြင်းသည် ကောင်းမွန်ပြီး စည်းကမ်းတကျ ဖြစ် လာမည်ဟု ယူဆကြောင်း ပြောလာသူက ဖိုးလမင်း အိမ်၊ ခြံ၊ မြေ အကျိုးေ ဆာင်ပိုင်ရှင် ဦးဝဏ္ဏစိုးဖြစ်သည်။

ယင်းလိုင်စင်အတွက် ပေးဆောင်ရမည့် လိုင်စင်ကြေးမှာ ငှားရမ်းခ၏ ၅ ရာခိုင်နှုန်း ဖြစ်၍ စီးပွားဖြစ် ငှားရမ်းကြသူတို့အတွက် ပြဿနာ မဖြစ်သော် လည်း ဝမ်းရေးအတွက် ငှားရမ်းကြရသူတို့ အတွက်မူ ဝန်ထုပ်ဝန်ပိုး ဖြစ်ေ စနိုင်ကြောင်း ၎င်းက သုံးသပ်သည်။

“ဆယ်စုနှစ် အတွင်းလောက်မှာ အငှားဈေးကွက်က အတက်ဘက်ပဲ ရှိ တယ်။ အရောင်းတွေက ဈေးမြင့်တဲ့အတွက် အငှားတွေ ပိုဖြစ်တယ်ပေါ့။ လိုင်စင်ကြောင့်တော့ အငှားဈေးကွက် ထိခိုက်မယ်မထင်ဘူး”ဟု ဦးဝဏ္ဏစိုး ကပြောသည်။

ယင်းကဲ့သို့ လိုင်စင်ကြောင့် အငှားဈေးကွက်ကို ထိခိုက်မည် မဟုတ်သော် လည်း ဈေးအနည်းငယ် ကြီးမြင့်ခြင်းတို့ ဖြစ်နိုင်ကြောင်း မန္တလေးတိုင်းဒေ သကြီး အိမ်၊ ခြံ၊ မြေ ကိုယ်စားလှယ်များ ဖွံ့ဖြိုးတိုးတက်ရေး အသင်းဥက္ကဋ္ဌ ဦးတင်မောင်က ဆိုသည်။

“ဝယ်မသုံးနိုင်လို့ ငှားသုံးကြတယ်ပေါ့။ ဈေးကွက်ကတော့ သူ့နေရာနဲ့သူေ တာ့ ဖြစ်နေပါတယ်။ ကိုယ်ပေးနိုင်တဲ့ဈေးကို မူတည်ပြီး အငှားတွေဖြစ် တယ်”ဟု ဦးတင်မောင်က ပြောဆိုသည်။

အငှားလိုင်စင် ပြုလုပ်လျှင် ပေးဆောင်ရမည့် လိုင်စင်ကြေးမှာ ငှားရမ်းခ၏ ၅ ရာခိုင်နှုန်းဖြစ်သည်။ လိုင်စင်သက်တမ်းမှာ တစ်နှစ်ဖြစ်သော်လည်း လိုင် စင်ကြေးကိုမူ သုံးလငှားရမ်းလျှင် သုံးလစာ၏ ၅ ရာခိုင်နှုန်း၊ ခြောက်လ၊ တစ်နှစ် ငှားရမ်းလျှင်လည်း ခြောက်လ၊ တစ်နှစ်စာအတွက် ၅ ရာခိုင်နှုန်း ပင် ဖြစ်သည်။ ယင်းအပြင် နှစ်ထပ်အိမ်ကို အပေါ်ထပ်နှင့် အောက်ထပ် ငှားရမ်းဈေးနှုန်း မတူညီလျှင်လည်း ထိုမတူညီသည့်အတိုင်းပင် အခွန် ပေးေ ဆာင်ရမည်ဖြစ်သည်။

အငှားလိုင်စင်သည် စင်စစ်စည်ပင် ဘဏ္ဍာ တိုးတက်စေရန် ပြုလုပ်ခြင်းဖြစ်ေ ကြာင်း သန့်ရှင်းရေးဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ပြောရရင်တော့ စည်ပင်ဝင်ငွေ တိုးဖို့ လုပ်တာပါ။ လက်ရှိ ကောက်ခံနေတဲ့ ဟာတွေကို ထပ်တိုးမကောက်ချင်လို့ လစ်လပ်နေတဲ့ နေရာတွေ ကို ကောက်ခံတာပါ”ဟု ၎င်းကဆိုသည်။

ဘဏ်၊ သံရုံး စသည့် အချက်အချာ ကျသည့်နေရာ၊ တစ်လလျှင် သိန်းဆယ်ချီ ရရှိနေသည့် နေရာများအတွက် အခွန် ကောက်ခံခြင်းဖြစ်ပြီး ဥပဒေအ တိုင်း ပြုလုပ်ရသည့်အတွက် တစ်ပိုင်တစ်နိုင် အိမ်ငှား စားရသူများ အတွက် ပါ သက်ရောက်သွားခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

“ဥပဒေက ခွဲခြားပြီး လုပ်လို့မှ မရတာ။ ကျွန်တော်တို့ တကယ် ရည်ရွယ်တာ က အောက်ခြေ လူတန်းစားတွေ မဟုတ်ပါဘူး” အခန်းတစ်ခန်းကို တစ်လ လျှင် ကျပ်သုံးသောင်းဖြင့် ခြောက်လစာ ငှားရမ်းလျှင် ယင်းအတွက် တစ် သိန်းရှစ်သောင်း ရရှိမည်ဖြစ်ပြီး အခွန်မှာ ၅ ရာခိုင်နှုန်းဖြစ်၍ ကိုးထောင်ကျပ် သာ ပေးဆောင်ရမည် ဖြစ်သည်။

တစ်လလျှင် ကျပ်သိန်း သုံးဆယ်ဖြင့် ခြောက်လ ငှားရမ်းထားလျှင် ကျပ်သိန်း ၁၈၀ ဖြစ်ပြီး ၁၈ သိန်း အခွန် ပေးဆောင်ရမည်ဖြစ်သည်။ ဤနည်းဖြင့် ငှား ရမ်းသည့် နှုန်းထား ပိုများလျှင် အခွန်များများ ပေးဆောင်သွားရမည်ဖြစ် သည်။

အောင်မြေသာစံမြို့နယ်အတွင်း နေအိမ် အပေါ်ထပ်ကို ငှားရမ်းထားသည့် အမျိုးသမီး တစ်ဦးကမူ လိုင်စင် ပြုလုပ်ရန်နှင့် အခွန် ပေးဆောင်ရန် စဉ်း စားထားသည်ဟု ပြောသည်။ ၎င်း၏ နေအိမ်အပေါ်ထပ်ကို တစ်လလျှင် သိန်းဂဏန်းမျှဖြင့်သာ ငှားရမ်းထားသဖြင့် အခွန်မှာ သောင်းဂဏန်းခန့် သာ ပေးဆောင်ရမည်ဟု ဆိုသည်။

“တစ်နှစ်စာလောက် တစ်ခါတည်း စာချုပ် ချုပ်ထားတယ် ဆိုရင်တော့ အ ခွန်ပေးရတာ မသိသာဘူး။ ကိုယ့်အတွက်လည်း ပိုအဆင်ပြေတာပေါ့။ သုံးေ လးလလောက် ငှားတဲ့ဟာမျိုးဆိုရင်တော့ ခဏ ခဏ အခွန်ပေးနေရမှာ”ဟု ၎င်းက ပြောသည်။

သို့သော် စည်ပင်မှ ကြေညာချက် ထုတ်ပြန်ထားပြီး နောက်ပိုင်းတွင် လက် ရှိအချိန်ထိ အိမ်အငှားလိုင်စင် ပြုလုပ်ထားသူမှာ မရှိသလောက် နည်းပါးနေေ သးသည်။ ပညာပေး ကာလကို ဧပြီလမှ ဇွန်လအထိ သတ်မှတ်ထား သဖြင့် သွေးအေးနေကြသေးခြင်းလည်း ဖြစ်နိုင်သည်။

၂၀၁၇ ခုနှစ် ဇူလိုင်လမှစတင်၍ အိမ်ငှားခွန် ပေးဆောင်ကြရတော့မည် ဖြစ် ပါသည်။

“အခုအချိန်အထိ လိုင်စင်လာလုပ်တဲ့သူက တစ်ဦးတည်းပဲ ရှိသေးတယ်”ဟု သန့်ရှင်းရေးဌာနမှ ဌာနစုမှူး ဒေါ်ဝင်းမန်းသန်းက ပြောဆိုလေသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး
အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး
ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...
ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...
အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...
အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...
ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း...
ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း...
“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...
“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...
စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...
စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...
စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခု စင်္ကာပူလူမှုကွန်ရက် သုံးစွဲသူတို့အကြား နာမည်ကြီးနေ...
စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခု စင်္ကာပူလူမှုကွန်ရက် သုံးစွဲသူတို့အကြား နာမည်ကြီးနေ...
အမေရိကန်ပြည်တွင် အရက်သေစာ သောက်စားမှု ပိတ်ပင်ခဲ့သည့်ခေတ်က ရုပ်ရှင်မင်းသမီး မာရီလင်မွန်ရိုးနှင့် နာမည်ကြီး ပြဇာတ်ရေးဆရာ အာသာမေလာတို့ လျှို့ဝှက်အရက်သောက်ခဲ့သော အရက်ဘားပါသည့် ယာတောအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် အရော...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရသည့်ဖြစ်ပုံ...
အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရသည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
တရုတ်ပြည်တွင် လူငယ်တို့အကြား Disneyland ၏ တစ်နှစ်တာ ဝင်ခွင့်လက်မှတ် ဝယ်ယူထားကာ ကစားကွင်းထဲတွင် ကျောင်းစာလေ့လာမှု ခေတ်စား
တရုတ်ပြည်တွင် လူငယ်တို့အကြား Disneyland ၏ တစ်နှစ်တာ ဝင်ခွင့်လက်မှတ် ဝယ်ယူထားကာ ကစားကွင်းထဲတွင် ကျောင်းစာလေ့လာမှု ခေတ်စား
ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M
ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M
ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း
ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း
နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ
နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန
တစ်ယောက်တည်းရှုပ်နေတဲ့ Elon Musk (သို့) OpenAI ၏ စီအီးအို Sam Altman က ၎င်းတို့ ကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသည့် Elon
တစ်ယောက်တည်းရှုပ်နေတဲ့ Elon Musk (သို့) OpenAI ၏ စီအီးအို Sam Altman က ၎င်းတို့ ကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသည့် Elon
စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည်
စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည်
Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မ
Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မ
တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ
တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ
imyanmarmarket
Villa Shukhinthar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service