တရုတ်နိုင်ငံရဲ့ တောင်မြို့တော်လို့ တင်စားခေါ်ဝေါ်ကြတဲ့ ချုံကင်မြို့ရဲ့ မိုး မျှော်တိုက်တွေနဲ့ ပြည့်နှက်နေတဲ့နေရာမှာ မီးရထားလမ်းတစ်ခုက ၁၉ ထပ်ရှိတဲ့လူနေ တိုက်အိမ်တွေထဲ ဖြတ်သန်းတည်ဆောက်ထားပါတယ်။
မြို့တော်စီမံကိန်းရေးဆွဲသူ တွေရဲ့ ကြံကြံဖန်ဖန် လူနေတိုက်အိမ်
အ ဆောက်အအုံတွေကြားထဲ မီးရထားတွေ ထိုးဖောက်ဝင်ထွက်သွားလာနေကြတဲ့ မီးရထားလမ်းပုံစံကို
ပထမဆုံးအကြိမ် မြင်တွေ့ရသူတွေအတွက် အရမ်းကိုထူး ခြားအံ့အားသင့်ဖွယ် ဖြစ်စေခဲ့ပါတယ်။
မီးရထားလမ်းက ယခင်ကတည်းက တည်ရှိနေခဲ့တာဖြစ်ပြီး တိုက်ခန်းတွေ အတွဲလိုက် ဆောက်လုပ်ဖို့ရှိလာချိန်မှာ မီးရထားလမ်းကိုဖြိုပြီး တိုက်တွေကို ရှောင်သွေသွားလာဖို့ မီးရထားလမ်းသစ် ကို ပြန်လည်ဆောက်လုပ်ဖို့ ဆိုတာထက် မီးရထားလမ်းဟောင်းကို ဒီအတိုင်း ထားပြီး မီးရထားလမ်းကိုငုံပြီး တိုက်တာ တွေကို ဆောက်လုပ်ခဲ့ကြတာဖြစ်ပါတယ်။
ဒီတိုက်မှာနေထိုင်သူ တွေအနေနဲ့ တိုက်ရဲ့ ခြောက်လွှာကနေ ရှစ်လွှာထိ နေရာပေး တည်ဆောက်ထားတဲ့ လီကျီပါဘူတာရုံမှာ ဆင်းတက်ကြရတာဖြစ်ပြီး ဆူညံသံလျှော့ ချတဲ့ ဂီယာတပ်ဆင်ထားတဲ့မီးရ ထားတွေ ဖြစ်တာကြောင့် ပန်းကန်ဆေးစက်သာ သာလောက်ပဲ အသံထွက်တယ်လို့ သိရပါတယ်။
Credit : The Mirror