အင်္ဂလန်၏ကမ်းရိုးတန်းမှ ၆၂ မိုင်အ ကွာရှိ Dogger Bank ဟုခေါ်ဆိုသော မြောက်ပင်လယ်၏ရေတိမ်ပိုင်းတစ်နေရာ တွင် ကျွန်းတုတစ်ခုကိုဆောက်လုပ်လျက် ရှိသည်ဟု သိရသည်။
၎င်းကျွန်းတုကို တာဘိုင်ပေါင်း ထောင်နှင့်ချီဝန်းရံဆောက်လုပ် သွားမည် ဖြစ်သောကြောင့် သန်းနှင့်ချီသောနေအိမ် များကို စွမ်းအင်ပေးနိုင်မည်ဖြစ်သည်။ ၂ ဒဿမ ၅ မိုင်အကျယ်အဝန်းရှိသော Power Link ကျွန်းတွင် ဆိပ်ကမ်း၊လေ ယာဉ်ပြေးလမ်းနှင့်နေအိမ်များထားရှိသွား မည်ဖြစ်ပြီး စွမ်းအင်အတွက် ထောင်ချီ သောလေတာဘိုင်များနှင့်ဆိုလာပြားများ ကိုအသုံးပြုသွားမည်ဖြစ်သည်။
အဆိုပါ နေရာသည် လေတာဘိုင်များအလွယ် တကူ ထားရှိနိုင်လောက်အောင် တိမ် သော ကြောင့် သိပ္ပံစိတ်ကူးယဉ်စတိုင်ကျွန်း တုတစ်ခုကို ဖန်တီးတည်ဆောက်ရန် အကောင်းဆုံးနေရာဖြစ်သည်။
ရရှိလာသော စွမ်းအင်များကို ကျွန်းတုတွင်သာမက ပတ်ဝန်းကျင်နိုင်ငံများကိုပါ ကေဘယ်လ် ကြိုးများအသုံးပြု၍ ပို့ဆောင်ပေးသွားဦး မည်ဖြစ်သည်။ စွမ်းအင်ရရှိမည့်နိုင်ငံများ ထဲတွင် ဗြိတိန်၊နယ်သာလန်၊ဒိန်းမတ်၊ဂျာ မနီ၊နော်ဝေနှင့်ဘယ်လ်ဂျီယံနိုင်ငံများပါ ဝင်မည်ဖြစ်သည်။ ကျွန်းတုကိုဆောက် လုပ်ရန် ဒိန်းမတ်ကုမ္ပဏီ Energinet.dk က စွမ်းအင်ကုမ္ပဏီဖြစ်သော Tenne T၏ ဂျာမန်၊ ဒတ်ခ်ျဌာနခွဲများနှင့်ပူးပေါင်းလုပ် ဆောင်နေသည်။
Credit: Pyi Myanmar