ကမ္ဘာ့ရွှေဈေးအတက်ပိုင်းမှာသာ ဆက်လက် တည်ရှိနေတာကြောင့် ပြည် တွင်းရွှေဈေးကလည်း ကျပ် ၉၀၀,၀၀၀ ဝန်းကျင်မှာသာ ရှိနေပါတယ် ။
ကမ္ဘာ့ရွှေဈေးဟာ နှစ်ပတ်ဆက်တိုက် မြှင့်တက်ခဲ့တာဖြစ်ပြီး ၁.၆ ရာခိုင်နှု န်း မြင့်တက်ခဲ့ပါတယ် ။ ဥရောပရဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ထရမ့်ရဲ့ စီး ပွားရေးပေါ်လစီ မရေရာမှုတွေက ရွှေဈေးကွက်ပေါ် သက်ရောက်မှု ရှိခဲ့ပါ တယ် ။ ပုံမှန်အားဖြင့် အမေရိကန်ဘဏ်တိုးနှုန်း မြင့်ပါက အမေရိကန်ဒေါ် လာတန်ဖိုး မြင့်တက်ပြီး ကမ္ဘာ့ရွှေဈေး အကျဦးတည်ခြင်း သီအိုရီအတိုင်း သွားပေမဲ့ ယခုကတော့ ပြောင်းပြန်ဖြစ်နေတယ် လို့ ရွှေဈေးကွက် လေ့လာ သုံးသပ်သူတွေက ပြောပါတယ် ။
ကမ္ဘာ့ရွှေဈေးဟာ ဈေးကွက်အဖွင့်မှာ တစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၂၅၃ ကို ရောက်ရှိခဲ့တာကြောင့် မတ်လအတွင်း အမြင့်ဆုံးဈေးဖြစ်ခဲ့ပါ တယ် ။ ပြည်တွင်းရွှေဈေးကတော့ ဈေးကွက်အဖွင့်မှာ တစ်ကျပ်သားကို ကျပ် ၈၉၈,၀၀၀ နဲ့ ဈေးဖွင့်ခဲ့ပြီး တစ်ပတ်တာ အမြင့်ဆုံးဈေးအဖြစ် ကျပ် ၉၀၃,၀၀၀ ကို ရောက်ရှိခဲ့ပါတယ် ။ ရှေ့တစ်ပတ်အတွက် ရွှေဈေး ခန့်မှန်း ချက်ကတော့ ရွှေဈေးအမြင့်ပိုင်းမှာပဲ ရှိနေနိုင်မှာ ဖြစ်တယ်လို့ ရွှေဈေး ကွက်လေ့လာ သုံးသပ်သူတွေက ဆိုပါတယ် ။
Credit: The Kumudra