အစိုးရငွေတိုက်စာချုပ်များနှင့် အစိုးရ ငွေတိုက်လက်မှတ်များကို ရန်ကုန် စေ တာ့ အိတ်ချိန်းတွင် ရောင်းချသွားမည်ဖြစ်ကြောင်း ရန်ကုန်စတော့အိတ်ချိန်း ၏ Managing Director ဦးယဉ်ဇော်မျိုးက ပြောကြားသည်။
“Bonds Market ကို စတော့အိတ်ချိန်းမှာ ဒီနှစ်ထဲမှာ Secondary Market အနေနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ Bonds Trading လုပ်ဖို့အတွက် ဗဟိုဘဏ်နဲ့ရော တခြားပညာရှင်တွေနဲ့ရော ကျွန်တော်တို့ ဆွေးနွေးပွဲတွေ ဆက်တိုက်လုပ်နေပါတယ်။ မကြာတော့တဲ့ကာလ အတွင်းမှာ Government Treasury Bonds Secondary Market အကောင်အထည် ပေါ်လာတော့ မှာ ဖြစ်ပါတယ်” ဟု ဦးယဉ်ဇော်မျိုးက ပြောကြားသည်။
အစိုးရသစ်လက်ထက် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်အတွင်း အစိုးရငွေတိုက် စာချုပ် ကျပ် ၁၁၈၁ ဘီလျံရောင်းချခဲ့ပြီး အစိုးရငွေ တိုက်လက်မှတ်ကိုလည်း ကျပ် ၃၀၃၂ ဘီလျံအထိ ရောင်းချနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဌ ဦးကျော်ကျော်မောင်က ပြောကြားသည်။
“ငွေကြေးဖောင်းပွမှုကို ဖြစ်ပေါ်စေနိုင်တဲ့ နိုင်ငံတော်ရဲ့ ဘတ်ဂျက်လိုငွေ အ တွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဖြည့်ဆည်းပေးရခြင်းကို လျှော့ချနိုင် ဖို့နဲ့ ထိရောက်တဲ့ အစိုးရကြွေးမြီ စီမံခန့်ခွဲမှု ဖြစ်ပေါ်စေဖို့အတွက် မြန်မာနိုင် ငံတော် ဗဟိုဘဏ်ဟာ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနကိုယ်စား ဘဏ်ေ တွနဲ့ ငွေရေးကြေးရေး အဖွဲ့အစည်းတွေကို ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၂၈ ရက် က စတင်ပြီး အစိုးရငွေတိုက် လက်မှတ်တွေကို ဈေးပြိုင် စနစ်နဲ့ ရောင်း ချြ ခင်းကို စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၆ ခုနှစ် စက်တင်ဘာ ၂၀ ရက်ကစလို့ အစိုးရငွေတိုက်စာချုပ်ကို ဈေးပြိုင်စနစ်နဲ့ ရောင်းချခြင်းကို စတင်ခဲ့ပါ တယ်။၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်အတွင်း အစိုးရငွေတိုက်စာချုပ် ပမာဏ ကျပ် ၁၁၈၁ ဘီလျံကို ရောင်းချခဲ့ပြီး အစိုးရငွေတိုက် လက်မှတ်ကိုလည်း ပမာဏကျပ် ကျပ် ၃၀၃၂ ဘီလျံရောင်းချနိုင်ခဲ့ပါတယ်။ အစိုးရငွေတိုက် လက်မှတ်တွေရဲ့ သက်တမ်းက သုံးလ၊ ခြောက်လနဲ့ တစ်နှစ်ဖြစ်ပြီး ဈေး ကွက် အတိုးနှုန်းက အကြမ်းအားဖြင့် ခုနစ်ရာခိုင်နှုန်းကနေ ကိုးရာခိုင်နှုန်း အတွင်း ရှိပါတယ်။ အစိုးရငွေတိုက် စာချုပ်ရဲ့သက်တမ်းက နှစ်နှစ်နဲ့ သုံးနှစ်ြ ဖစ်ပြီး ဈေးကွက်အတိုးနှုန်းက အကြမ်းအားဖြင့် ၈ ဒသမ ၆ ရာခိုင်နှုန်းကနေ ၉ ဒသမ ၆ ရာခိုင်နှုန်းအတွင်း ရှိပါတယ်” ဟု ဦးကျော်ကျော်မောင်က ပြော ကြားသည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် ၂၀၁၆ ခုနှစ် အရောင်းအ၀ယ်ဖြစ်မှုမှာ ကျပ် ၇၀ ဒသမ ၇ ဘီလျံကျော်အထိ ရှိခဲ့သည်။ FMI ရှယ်ယာဈေး မြင့်တက်မှုနှင့် အတူ ရန်ကုန်စတော့အိတ်ချိန်းတွင် အစုရှယ်ယာ အရောင်းအ၀ယ်ဖြစ် မှု ပြန်လည်မြင့်တက်လာနေပြီး ယခုနှစ်သုံးလမပြည့်မီ အချိန်အတွင်း ကျပ် ကိုးဘီလျံဖိုးခန့်အထိ အရောင်းအ၀ယ် ဖြစ်ပေါ်ခဲ့ကြောင်း ရန်ကုန်စတော့ အိတ်ချိန်းမှ သိရသည်။
Credit: Eleven Media Group