၂၀၁၆-၁၇ ဘဏ္ဍာ နှစ်၌ မန္တလေးတိုင်းတွင် ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ မှတ်ပုံတင်ရယူကာ ဖွဲ့စည်းခဲ့သည့်ကုမ္ပဏီပေါင်း တစ်ထောင်ခန့်အထိရှိခဲ့ပြီး ယမန်နှစ်ကထက် နှစ်ရာခန့် မြင့်တက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြား မှုဦးစီးဌာန(မန္တလေး)မှ သတင်းရရှိသည်။
‘‘အခု ၂၀၁၆-၁၇ ဘဏ္ဍာ နှစ်ထဲမှာ ရင်းနှီးမြှုပ်နှံမှုကော်မ ရှင်ကနေ မှတ်ပုံတင်ရယူပြီးတော့ ဖွဲ့စည်းခဲ့တဲ့ကုမ္ပဏီပေါင်း တစ် ထောင်နီးပါးအထိကို ရှိလာပြီဖြစ် ပါတယ်။ မနှစ်ကနဲ့ ယှဉ်ရင်တော့ ကုမ္ပဏီဖွဲ့စည်းမှုက သိသိသာသာ မြင့်တက်လာတာကို တွေ့ရပါ တယ်’’ဟု ရင်းနှီးမြှုပ်နှံမှုနှင့်
ကုမ္ပ ဏီများညွှန်ကြားမှုဦးစီးဌာန (မန္တလေး)မှ ညွှန်ကြားရေးမှူး ဒေါ်နွယ်နီဦးက ပြောသည်။
မန္တလေးတိုင်း၌ ရင်းနှီးမြှုပ်နှံ မှုကော်မရှင်မှ နှစ်အလိုက် မှတ်ပုံတင်ရယူကာ ကုမ္ပဏီအသစ် ဖွဲ့စည်းမှုအခြေအနေသည် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင်
ကုမ္ပဏီ ၇၄၀၊၂၀၁၅-၁၆ ဘဏ္ဍာနှစ်၌် ကုမ္ပဏီ ၈၁၀ နှင့် ယခု ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ကုမ္ပဏီပေါင်း တစ်ထောင်ခန့်အထိ မြင့်တက်လာကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန(မန္တလေး) မှ သိရသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာနအနေ ဖြင့် ၂၀၁၆ ဇွန်လကစ၍ ကုမ္ပဏီ မှတ်ပုံတင်ကြေးများကို ဆယ် သိန်းမှ ငါးသိန်းအထိ လျှော့ချပေးလိုက်သဖြင့် မန္တလေးတိုင်း၌ MIC သို့မှတ်ပုံတင်ရယူကာ ကုမ္ပဏီအသစ် ဖွဲ့စည်းမှုများ မြင့်တက်လာခဲ့ပြီး လုပ်ငန်းရှင်များ လွယ်ကူမြန်ဆန်စွာဖြင့် ဆောင်ရွက်နိုင်ရန် လက်ရှိအသုံးပြုနေသည့် ကုမ္ပဏီများ မှတ်ပုံတင်ဥပဒေကို ပြန်လည်ပြင်ဆင်နေကြောင်း သိရ သည်။
‘‘ကုမ္ပဏီဥပဒေကို စီးပွားရေးလုပ်ငန်းရှင်တွေ လုပ်သာကိုင် သာရှိဖို့ ပြင်ဆင်မှုတွေလုပ်နေပါ တယ်။ ဥပဒေကလည်း အရမ်း ဟောင်းနေပြီဆိုတော့ ပြင်ဖို့လို လေ၊ တစ်ဦးတည်းတောင် ကုမ္ပဏီဖွဲ့ပြီး လုပ်လို့ရမယ့် အနေအ ထားထိ ပြင်ပေးထားတယ်’’ဟု ဒေါ်နွယ်နီဦးက ဆိုသည်။
မန္တလေးတိုင်း၌ ရင်းနှီးမြှုပ်နှံ မှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာနသို့ မှတ်ပုံတင်ထားသည့် ကုမ္ပဏီပေါင်း ၅,၃၀၀ ကျော်ရှိပြီး ပြီးခဲ့သည့် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်၌ ကုမ္ပဏီမှတ်ပုံတင်ကြေးသည် ကျပ်သိန်း ၄,၄၀၀ ကျော်အထိ ရရှိခဲ့ကြောင်း ၎င်းကပြောသည်။
Credit: 7Daydaily