မောင်းသူမဲ့မြေအောက်ရထားများ ပေကျင်းတွင် တွေ့မြင်ရတော့မည်

မောင်းသူမဲ့မြေအောက်ရထားများ ပေကျင်းတွင် တွေ့မြင်ရတော့မည် - Property News in Myanmar from iMyanmarHouse.com
27 Mar 2017 10:44 am တွင် တင်ခဲ့သည်
1246 ကြိမ် ကြည့်ရှု့ပြီး
တရုတ်နိုင်ငံ မြို့တော်ပေကျင်းတွင် ၎င်းတို့၏ ပထမဆုံးမောင်းသူမဲ့မြေအောက်ရထားလမ်းကို ယခုနှစ်နှောင်းပိုင်းတွင် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက
ပြီးခဲ့သည့်သောကြာနေ့ (မတ် ၂၄) တွင် ထုတ်ပြန်ခဲ့သည်။

ယင်းသည် တရုတ်ပြည်မကြီးတွင် ပထမဆုံးပြည်တွင်းတီထွင်သည့် မောင်းသူမဲ့မြေအောက်ရထားဖြစ်လာမည်ဖြစ်ကြောင်း ပေကျင်းမြို့တော်အိုးအိမ်နှင့် မြို့ပြကျေးလက်ဖွံ့ဖြိုးတိုး
တက်ရေးကော်မရှင်၏ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သည်။ တရုတ်သည် ၎င်းတို့၏ ပထမဆုံးမောင်းသူမဲ့မြေအောက်ရထားများကို ယမန်နှစ်က ဟောင်ကောင်တွင် ပထမ
ဆုံး မိတ်ဆက်ပြသခဲ့ပြီးဖြစ်သည်။

၁၆ ဒသမ ၆ ကီလိုမီတာ ရှည်လျားသည့် ယန်ဖန်ရထားလမ်းသည် ပေကျင်းအနောက်တောင်ဘက် ဆင်ခြေဖုံးအရပ် ဖန်ရှန်ကို ၀န်ဆောင်မှုပေးမည်ဖြစ်သည်။

ထိုရထားလမ်းတစ်လျှောက် ဘူတာ ၉ ခုရှိမည်ဖြစ်ပြီး ၎င်း၏ မောင်းသူမဲ့ရထားများသည်၁ နာရီလျှင် ကီလိုမီတာ ၁၀၀ နှုန်းအထိ ရောက်ရှိနိုင်ပြီး ခရီးသည် ၁၂၆၂ ဦးကို သယ်
ဆောင်နိုင်မည်ဖြစ်သည်။

မောင်းသူမဲ့ရထားများကို ထိန်းချုပ်ရေးဌာနမှ စက်ဖြင့် အလိုအလျောက်ထိန်းချုပ်မည်ဖြစ်သည်။ လူကြောင့်ဖြစ်သည့် မှားယွင်းမှုများကို လျှော့ချရန်ဖြစ်သည်။ ကမ္ဘာ့ထိပ်တန်းလုံ
ခြုံရေးနည်းပညာကို အသုံးပြုထားသဖြင့် ၎င်းမောင်းသူမဲ့ရထားများသည် လမ်းချော်ခြင်းသို့မဟုတ် အတားအဆီးတစ်ခုခုနှင့် တိုက်မိပါကလည်း ၎င်းတို့ဘာသာအရေးပေါ်ရပ်တန့်
နိုင်မည်ဖြစ်သည်။

ယင်းရထားလမ်းသစ်နှစ်လမ်း တည်ဆောက်မှုသည် ယခုနှစ်တွင် ပြီးစီးရန် ခန့်မှန်းထားကြသည်။ မြို့တော်၏ မြန်နှုန်း နိမ့်မှ အလယ်အလတ်ရှိ ပထမဆုံးခေတ်မီဓာတ်ရထားသံလမ်း
ဖြစ်လာမည်ဖြစ်သည်။

ပေကျင်းတွင် ယခုလက်ရှိ မြေအောက်ရထားကွန်ရက်သည် စုစုပေါင်း အရှည် ၅၇၄ကီလိုမီတာ ရှိပြီး အရေအတွက်အားဖြင့် မြေအောက်ရထားလမ်းပေါင်း ၁၉ လမ်း ရှိသည်။
ယခုနှစ်တွင် ကီလိုမီတာ ၃၅၀ ကို ထပ်မံထည့်သွင်းဆောက်လုပ်မည်ဖြစ်သည်။

ပေကျင်း၏ ရထားလမ်းဆောက်လုပ်ရေးဆိုင်ရာ ငါးနှစ်စီမံကိန်းအရ ၂၀၂၀ ပြည့်နှစ်မကုန်မီမြေအောက်ရထားကွန်ရက် ကီလိုမီတာ ၉၀၀ ဖြစ်လာရေး ဖြည့်စွက်တည်ဆောက်နိုင်ရန် စီစဉ်နေကြောင်းလည်း သိရသည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
မောင်းသူမဲ့မြေအောက်ရထားများ ပေကျင်းတွင် တွေ့မြင်ရတော့မည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး

ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...

အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း...

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခု စင်္ကာပူလူမှုကွန်ရက် သုံးစွဲသူတို့အကြား နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အရက်သေစာ သောက်စားမှု ပိတ်ပင်ခဲ့သည့်ခေတ်က ရုပ်ရှင်မင်းသမီး မာရီလင်မွန်ရိုးနှင့် နာမည်ကြီး ပြဇာတ်ရေးဆရာ အာသာမေလာတို့ လျှို့ဝှက်အရက်သောက်ခဲ့သော အရက်ဘားပါသည့် ယာတောအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် အရော...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရသည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည်

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ

Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မ

တရုတ်ပြည်တွင် လူငယ်တို့အကြား Disneyland ၏ တစ်နှစ်တာ ဝင်ခွင့်လက်မှတ် ဝယ်ယူထားကာ ကစားကွင်းထဲတွင် ကျောင်းစာလေ့လာမှု ခေတ်စား

တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ

Villa Shukhinthar
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service