အိမ်ခြံမြေရောင်းချတဲ့အခါမှာ ပွဲစားတချို့က သူတို့ရမယ့် ပွဲစားခတွေ မရ တာကြောင့် အခက်အခဲတွေ ကြုံတွေ့နေကြရတယ်လို့ သိရပါတယ် ။
‘ကျွန်တော်တို့ အခုနောက်ပိုင်းမှာကျတော့ အိမ်တွေ တိုက်ခန်းတွေ ရောင်း ရင် ပွဲစားခကို မပြောတော့ဘူး ၊ ထုံးစံအတိုင်း ငှားတာဆို့ရင် တစ်လစာ ပဲ ပေးရတယ် ၊ ပွဲစားခကို ငှားတဲ့သူပဲပေးပေး ၊ နေထိုင်မယ့်သူပဲပေးပေး တစ်လစာက ပေးကို ပေးရတယ် ၊ ရောင်းတယ်ဆိုလဲ အဲဒီလိုပဲ သတ်မှတ် ထားတဲ့ အတိုင်းပေးရတယ် ၊ အခုနောက်ပိုင်းကျတော့ အိမ်ရှင်တွေရော ၊ ငှားတဲ့သူ ဝယ်တဲ့သူတွေကရော မပေးချင်ဘူးတော့ဘူး ၊ သတ်မှတ်ထားတာ ကျပ် ၁၀၀,၀၀၀ ဆိုရင် ၂၀,၀၀၀ ၊ ၃၀,၀၀၀ လောက်ပဲပေးကြတော့တယ် ၊ အဲဒီလိုတွေ ဖြစ်လာတာ အဲဒီလိုဆိုတော့ ကျွန်တော်တို့အတွက်တော့ အ ခက်အခဲတွေဖြစ်တယ်’ လို့ အိမ်ခြံမြေအကျိုးဆောင် ကိုမျိုးမင်း က ပြောပါတယ် ။
အိမ်ခြံမြေ အကျိုးဆောင်တွေအတွက် အိမ်ပိုင်ရှင်တွေ အိမ်ငှားရမ်းသူတွေက အကျိုးဆောင်ခတွေကို အပြည့်အဝ မပေးတာကြောင့် အဆင်မပြေနိုင်ဘဲ အခက်အခဲတွေ ဖြစ်နေတာဖြစ်ပါတယ် ။ အွန်လိုင်းပေ့ခ်ျတွေ ပေါ်လာ တာကြောင့် ရောင်းချသူတွေ ငှားရမ်းသူတွေက အွန်လိုင်းမှာသာ တင်ပြီးေ ရာင်းချလာတာတွေ များလာပြီး အိမ်ခြံမြေ အကျိုးဆောင်တွေရဲ့ အလုပ်တွေ လည်း ပါးလာကြတယ်လို့ သိရပါတယ် ။
Credit: The Modern