အရင်တုန်းက ဒဂုံမြို့သစ်လေးမြို့နယ်မှာ မြေကွက်တွေကို ဈေးကောင်းပေး
ဝယ်ခဲ့ကြပေမဲ့ လက်ရှိမှာ ဈေးကောင်းပေးဝယ်သူတွေ လျော့သွားတယ်လို့ သိရပါတယ် ။
အရင် ၂၀၁၄ ခုနှစ်ကဆိုရင် မြောက်ဒဂုံ ၊ တောင်ဒဂုံ ၊ ဒဂုံအရှေ့ပိုင်းနဲ့ ဒဂုံ ဆိပ်ကမ်းတွေမှာ ရင်းနှီးမြှုပ်နှံသူတွေ သူ့ထက်ငါ အလုအယက် ဝယ်ခဲ့ကြ တယ် ။ အရင်တုန်းက ပေ ၄၀ × ပေ ၆၀ မြေကွက်တွေကို နေရာပေါ် မူ တည်ပြီး သိန်း ၁၅၀၀ ၊ ၂၀၀၀ လောက်ပေါက်ဈေး ရှိခဲ့ပါတယ် ။ မြောက်ဒဂုံ ဘက်မှာဆိုရင် ပိုပြီး ဈေးကောင်းရခဲ့ပါတယ် ။
‘ခုနောက်ပိုင်း အိမ်ခြံမြေဈေးကျသွားတဲ့အချိန်မှာတော့ အရင်တုန်းက ဈေး ထက် သုံးပုံတစ်ပုံလောက် လျော့ကျသွားခဲ့တယ် ၊ ပြီးတော့ ဝယ်ယူသူတွေ လဲ အရမ်းနည်းလာတယ် ၊ သိန်း ၁၅၀၀ ၊ ၂၀၀၀ ရခဲ့ပေမဲ့ ခုတော့ သိန်း ၇၀၀ ၊ ၈၀၀ ပဲရတော့တယ် ၊ ဒါတောင် အရောင်းအဝယ်က နည်းတယ်’ လို့ အိမ်ခြံမြေအကျိုးဆောင် ဦးသန်းဦးက ပြောပါတယ် ။
လက်ရှိမှာအိမ်ခြံမြေ ဈေးကောင်းပေးယ်တဲ့ ကြော်ငြာတွေလည်း လျော့နည်းလာတာကို တွေ့ရတယ် ။
‘ခုက အရောင်းအဝယ်က အရမ်းနည်းနေတော့ ရင်းနှီးမြှုပ်နှံသူတွေလဲ အေ ရာင်းအဝယ်ပါးနေတယ် ၊ ဒီတော့ သူတို့အနေနဲ့ ဈေးကောင်းပေးဝယ်ဖို့ မဖြစ်နိုင်တော့ဘူးလေ ၊သူတို့ရဲ့ မြေကွက်တွေမှာတောင် ငွေဝပ်နေကြတော့ အရောင်း အဝယ်လုပ်ဖို့ ခက်နေတယ်လေ ၊ ဒါပေမဲ့ ကြော်ကြာ အနည်း ငယ်တော့ တွေ့ရပါတယ် ၊ သွားရောင်းတဲ့ခါကျတော့လဲ ဈေးကအောက်ေ ဈးပဲ ရတယ်’ လို့ အိမ်ခြံမြေအကျိုးဆောင် ဂေဟာမင်း ကုမ္ပဏီက တာဝန်ရှိ သူက ပြောပါတယ် ။
Credit: The Modern