မိမိနိုင်ငံတွင် မနေထိုင်ဘဲ လာရောက်နေထိုင်ကြသူများနှင့် စီးပွားရေးကိစ္စလာရောက်ကြရသူများအတွက် ကမ္ဘာ့ကုန်ကျစရိတ်အများဆုံးမြို့အဖြစ် မြို့အရွယ်အစားရှိသော နိုင်ငံ
ဖြစ်သည့် စင်္ကာပူသည် ယခုနှစ်တွင်လည်း ထပ်မံဖော်ပြခံရပြန်ပြီဖြစ်သည်။
ဗြိတိန်သုတေသနအကြံပေးလုပ်ငန်း Economist Intelligence Unit
(EIU) ၏ ကမ္ဘာ့စားဝတ်နေရေးကုန်ကျစရိတ်အကြီးဆုံးမြို့များစာရင်းတွင်
စင်္ကာပူက ယင်းသို့ ထိပ်ဆုံးမှဗိုလ်စွဲလာခြင်းမှာ ယခုနှစ်နှင့်ဆို လေးနှစ်ဆက်တိုက်ရှိပြီဖြစ်သည်။
EIU သည် ထိုစာရင်းကို နှစ်နှစ်တစ်ကြိမ် ထုတ်ပြန်လေ့ရှိသည်။
ယခု ၂၀၁၇ ခုနှစ်စာရင်းတွင် ထိပ်တန်းဈေးအကြီးဆုံး ၁၀
မြို့နေရာတွင် ထက်ဝက်က အာရှမြို့များဖြစ်သည်။ပထမနေရာတွင်
စင်္ကာပူ၊ ဒုတိယနေရာတွင် ဟောင်ကောင် (တရုတ်)၊ စတုတ္ထနေရာတွင်
အိုဆာကာ (ဂျပန်)၊ ဆဋ္ဌမနေရာတွင် ဆိုးလ် (တောင်ကိုရီးယား)
တို့က အသီးသီးဖော်ပြခံခဲ့ရသည်။
ယင်းထိပ်ဆုံး ၁၀ မြို့တွင် ကျန် ၅ မြို့အနက် ၄ မြို့က အနောက်ဥရောပမြို့များဖြစ်သည့် ဇူးရစ်ခ်ျ(ဆွစ်ဇာလန်)၊
ဂျီနီဗာ(ဆွစ်ဇာလန်)၊ ပဲရစ်၊ ကိုပင်ဟေဂင် (ဒိန်းမတ်)နှင့်
၁ မြို့က တစ်မြို့တည်းသော မြောက်အမေရိကမြို့အဖြစ်
နယူးယောက်စီးတီး (အမေရိကန်)တို့ ဖော်ပြခံခဲ့ရသည်။
အ၀တ်အစား၊ အစားအသောက်၊
အိမ်သုံးပစ္စည်းများ၊ တစ်ကိုယ်ရည်သုံးပစ္စည်းများ၊
ပို့ဆောင်ရေး၊ အိမ်ငှားခ၊ မီတာခကဲ့သို့ အခြေခံသုံးစွဲမှုအခများ၊ အိမ်အကူစရိတ်၊ ပုဂ္ဂလိက
ကျောင်းစရိတ်နှင့် အပန်းဖြေစရိတ် စသည်တို့ကို အခြေခံ၍ EIU က တွက်ချက်ကာ ထိုစာရင်းကို ထုတ်ပြန်လာခဲ့ခြင်းဖြစ်သည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com