သေးငယ်သော တရုတ်မြို့ကြီးများ၌ပင် အိမ်ဈေးများ ဆက်တက်ခဲ့

သေးငယ်သော တရုတ်မြို့ကြီးများ၌ပင် အိမ်ဈေးများ ဆက်တက်ခဲ့ - Property News in Myanmar from iMyanmarHouse.com
24 Mar 2017 10:26 am တွင် တင်ခဲ့သည်
1280 ကြိမ် ကြည့်ရှု့ပြီး
အိမ်သစ်ဈေးများသည် တရုတ်ပြည်မကြီးရှိ အကြီးဆုံးမြို့ကြီးများတွင်သာမက ပိုမိုသေးငယ်သော မြို့ကြီးများတွင်လည်း ဆက်လက်မြင့်တက်ခဲ့သည်။

ယခုနှစ် ဇန်န၀ါရီတွင် အိမ်သစ်ဈေးမြင့်တက်ခဲ့သည့်မြို့ကြီး အရေအတွက် ၄၅ မြို့ရှိခဲ့ရာမှဖေဖော်ဝါရီတွင် ၅၆ မြို့သို့ မြင့်တက်ခဲ့ကြောင်း ယခုလမတ် ၁၈ ရက်က တရုတ်အမျိုးသားစာရင်းအင်းဗျူရို (NBS) က ထုတ်ပြန်ခဲ့သော ကိန်းဂဏန်းစာရင်းအရ သိရသည်။

ထိုထုတ်ပြန်ချက်မတိုင်မီကပင် "ကျွန်တော်တို့တွေ အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်မှု၊ ဈေးကွက်ရှာဖွေရေးနဲ့ အကျိုးဆောင်တွေနဲ့ ပတ်သက်တဲ့ စည်းမျဉ်းတွေကို ပိုပြီးသေသေချာချာ ကြပ်ကြပ်မတ်မတ်လုပ်ရပါမယ်။ ဒါမှ ပေါ်ပြူလာဖြစ်တဲ့ မြို့တွေမှာ အိမ်ဈေးတွေ အရမ်းမြန်မြန်ဆန်ဆန် မမြင့်တက်အောင် ထိန်းနိုင်မှာပါ" ဟု တရုတ်ဝန်ကြီးချုပ် လီခဲချန်က ယခုလအစောပိုင်းက လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့ပြီး ဖြစ်သည်။

တရုတ်တွင် အိမ်သစ်ဈေးများသည် ဖေဖော်ဝါရီတွင် ဇန်န၀ါရီကထက် ဝ
ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဇန်န၀ါရီတွင် ဒီဇင်ဘာကထက် ၀ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ရာ ဖေဖော်ဝါရီမြင့်တက်နှုန်းသည် ဇန်န၀ါရီမြင့်တက်နှုန်းထက် ၀ ဒသမ ၁ ရာခိုင်နှုန်း တိုးလာခဲ့သည်။ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီကထက်မူ ယခုနှစ် ဖေဖော်ဝါရီတွင် ၁၁ ဒသမ
၈ ရာခိုင်နှုန်းပင် မြင့်တက်ခဲ့ကြောင်း အထက်ပါစာရင်းအရ သိရသည်။

နိုင်ငံအရှေ့ပိုင်း အန်ဟွေပြည်နယ်မြို့တော် ဟယ်ဖေမြို့ရှိ အိမ်ဈေးများသည် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီကထက် ယခုနှစ် ဖေဖော်ဝါရီတွင် ၄၀ ဒသမ ၅ ရာခိုင်နှုန်းဖြင့် NBS က လေ့
လာခဲ့သည့် မြို့ကြီး ၇၀ အနက် အမြင့်ဆုံးနှုန်းဖြင့် မြင့်တက်ခဲ့သည်။

မြို့တော်ပေကျင်းနှင့် ကပ်လျက်တည်ရှိသည့် ဟယ်ပေပြည်နယ်၏ မြို့တော် ရှီကျာကျွမ်တွင် အိမ်သစ်ဈေးများသည် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီကထက် ယခုနှစ် ဖေဖော်ဝါရီတွင်၁၈ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယခုနှစ် ဇန်န၀ါရီကထက် ဖေဖော်ဝါရီတွင် ၀ ဒသမ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ရှီကျာကျွမ်မြို့တွင် အိမ်ခြံမြေစည်းမျဉ်းများကို ၂၀၁၄ ခုနှစ်
နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မတ် ၁၉ က တင်းကျပ်လိုက်သည်။

ရှီကျာကျွမ်မြို့တွင် ဒုတိယအကြိမ်အိမ်ဝယ်ယူသည့် ဒေသခံများ လက်ငင်းပေးချေရမည့်ငွေကို အိမ်တန်ဖိုး၏ ၄၀ ရာခိုင်နှုန်းသို့ တိုးမြှင့်လိုက်သည်။ လူဦးရေ ၁၀ သန်းရှိသည့် ထို
မြို့တွင် ဒေသခံမဟုတ်သူများသည် အိမ်တစ်လုံးထက် ပိုဝယ်ခွင့်မရှိတော့ပေ။
ယခုမတ်လ ၁၉ ရက်အထိ ၁၉ ရက်တာအတွင်း ထိုမြို့ကြီး ၇၀ အနက် ခုနစ်မြို့က အိမ်ခြံမြေစည်းမျဉ်းတင်းကျပ်မှုများ တိုးမြှင့်ခဲ့သည်။

မြို့တော်ပေကျင်းတွင် အိမ်ခြံမြေဈေးကွက်တည်ငြိမ်စေရန် မြို့တော်အစိုးရက ယခုအချိန်အထိ အပြင်းထန်ဆုံးသော အိမ်ခြံမြေစည်းမျဉ်းတင်းကျပ်မှုများကို မတ် ၁၇ ရက်ကပဲ ချမှတ်ခဲ့သည်။ ဒုတိယအကြိမ်အိမ်ဝယ်ယူသူများ လက်ငင်းပေးချေရမည့်ငွေကို အိမ်တန်ဖိုး
၏ ယခင် ၅၀ ရာခိုင်နှုန်းမှ ယခု ၆၀ ရာခိုင်နှုန်းသို့ တိုးမြှင့်လိုက်ပြီး ဇိမ်ခံအိမ်များကို ၀ယ်ယူသူများသည် အိမ်တန်ဖိုး၏ ယခင် ၇၀ ရာခိုင်နှုန်းမှ ယခုအခါ ၈၀ ရာခိုင်နှုန်းထက်မနည်းကို လက်ငင်းပေးချေရတော့မည်ဖြစ်သည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး

ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...

အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း...

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခု စင်္ကာပူလူမှုကွန်ရက် သုံးစွဲသူတို့အကြား နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အရက်သေစာ သောက်စားမှု ပိတ်ပင်ခဲ့သည့်ခေတ်က ရုပ်ရှင်မင်းသမီး မာရီလင်မွန်ရိုးနှင့် နာမည်ကြီး ပြဇာတ်ရေးဆရာ အာသာမေလာတို့ လျှို့ဝှက်အရက်သောက်ခဲ့သော အရက်ဘားပါသည့် ယာတောအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် အရော...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရသည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ

တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန

နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ

တစ်ယောက်တည်းရှုပ်နေတဲ့ Elon Musk (သို့) OpenAI ၏ စီအီးအို Sam Altman က ၎င်းတို့ ကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသည့် Elon

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service