ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များ အရည်အသွေးလိုအပ်ချက်များရှိနေ

ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များ အရည်အသွေးလိုအပ်ချက်များရှိနေ - Property News in Myanmar from iMyanmarHouse.com
24 Mar 2017 10:19 am တွင် တင်ခဲ့သည်
1096 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းရှိ စက်မှုဇုန်များသည် အရည်အသွေးလိုအပ်ချက်များစွာရှိနေခြင်းကြောင့် စက်မှုဇုန်အသစ်များကို ထပ်မံအကောင်အထည်ဖော် တည်ဆောက်မည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းကပြောသည်။

ရန်ကုန်တိုင်းရှိ စက်မှုဇုန်များသည် စတင်တည်ထောင်စဉ်ကပင် ကောင်းမွန်သည့် ဖွဲ့စည်းတည်ဆောက်မှုမရှိခဲ့ခြင်းကြောင့် လက်ရှိအချိန်တွင်ရှိပြီးသား စက်မှုဇုန်များကို အရည်အသွေးမြှင့်တင်ရန်ခက်ခဲသဖြင့် စက်မှုဇုန်အသစ်များကို ထပ်မံအကောင်ထည်ဖော်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း ၀န်ကြီးက ပြောကြားသည်။

စက်မှုဇုန် အသစ်များကို အကောင်အထည်ဖော်ရာတွင် ငွေကြေးအရင်းအနှီးလုံလောက်သည့်
လုပ်ငန်းရှင်များကိုသာ ဆောင်ရွက်ခွင့်ပြုမည်ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။

‘‘တကယ်လုပ်နိုင်မယ့်သူဆို ရင် ပြည်တွင်း၊ ပြည်ပမခွဲခြားဘဲ လုပ်ကိုင်ခွင့်ပေးမယ်’’ဟု ရန်ကုန် မြို့ နိုဗိုတယ်ဟိုတယ်တွင်
မတ်လ ၁၈ ရက်က ပြုလုပ်သော
မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌနှင့် ပြည်ပစီးပွားရေးအဖွဲ့အစည်းတို့
တွေ့ဆုံပွဲ၌ ပြည်ထောင်စုဝန်ကြီး က ပြောကြားသည်။

စက်မှုဇုန်များ အကောင်အထည်ဖော်တည်ဆောက်ရာတွင် လုပ်ငန်းလုပ်ကိုင်လိုသူတစ်ဦး ချင်းကို မြေငှားရမ်းပြီး ရရှိလာသော
ငွေကြေးဖြင့် တည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်မည့်
အစီအစဉ်ကို အစိုးရကလက်ခံမည် မဟုတ်ကြောင်း၊
အမှန်တကယ် ရင်းနှီးမြှုပ်နှံပြီး အကောင်အထည်ဖော်
တည်ဆောက်နိုင်သည့် ငွေကြေးအရင်းအနှီးရှိသူကိုသာ
စက်မှုဇုန်များတည်ထောင်ခွင့်ပေးမည်ဟု ၎င်းက ဆိုသည်။

‘‘ကိုယ်တကယ်လုပ်နိုင်စွမ်း မရှိဘဲ အခွင့်အရေးယူထားတာမျိုး ကို လက်မခံဘူး’’ ဟု ၀န်ကြီးဦး ကျော်ဝင်းက ဆိုသည်။
စက်မှုဇုန်အသစ်များထပ်မံအကောင်အထည်ဖော်မည်ဖြစ်သော်လည်း မည်သည့်အချိန်တွင် အကောင်အထည်
ဖော်မည်ကို ၀န်ကြီးက ပြောကြားခဲ့ခြင်း မရှိပေ။

စက်မှုဇုန်များတည်ထောင်ရန် ရင်းနှီးမြှုပ်နှံမှု ငွေကြေးပမာဏများခြင်းကြောင့်
ပြည်တွင်းလုပ်ငန်းရှင်များထက် ပြည်ပလုပ်ငန်းရှင်များသာ လုပ်ကိုင်နိုင်သည့်အခြေအနေမျိုး ဖြစ်နေသည်ဟု
လှိုင်သာယာ စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီနာယက ဦးမြတ်သင်းအောင်က ပြောသည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး

ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...

အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း...

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခု စင်္ကာပူလူမှုကွန်ရက် သုံးစွဲသူတို့အကြား နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အရက်သေစာ သောက်စားမှု ပိတ်ပင်ခဲ့သည့်ခေတ်က ရုပ်ရှင်မင်းသမီး မာရီလင်မွန်ရိုးနှင့် နာမည်ကြီး ပြဇာတ်ရေးဆရာ အာသာမေလာတို့ လျှို့ဝှက်အရက်သောက်ခဲ့သော အရက်ဘားပါသည့် ယာတောအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် အရော...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရသည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည်

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော

Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

Villa Shukhinthar
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service