ကုန်သွယ်လုပ်ငန်းခွန် မကောက်ခံခင် ရွှေဝယ်လိုအားမြင့်တက်နေ
တယ်လို့ ပြည်တွင်းရွှေဈေးကွက်အတွင်းကသိရပါတယ်။
လာမယ့်ဧပြီလ ၁ ရက်နေ့မှာ စတင်ကောက်ခံမယ့် ကုန်သွယ်လုပ်ငန်းခွန် တစ်ရာခိုင်နှုန်းမတိုင်ခင် ပြည်တွင်းဈေးကွက်အတွင်း ရွှေဝယ်ယူစုဆောင်းသူတွေ မြင့်တက်နေတာဖြစ်ပြီး သင်္ကြန်ပွဲတော်ကာလနဲ့ တိုက်ဆိုင်နေတာကြောင့်လည်း ဈေးကွက်ဝယ်လိုအားကောင်းနေတာလို့ ရွှေအသင်းတာဝန်ရှိသူတွေနဲ့ ရွှေဆိုင်တွေထံကသိရပါတယ်။
“အခွန်ကဒီလကုန်မှာ စကောက်မှာဆိုတော့ ဝယ်တဲ့တန်ဖိုး မှာအခွန်ပါထပ်ပေါင်းမှာကို ဝယ်သူတွေကတွက်တာလည်း
ပါတယ်၊ နောက်ပြီးသင်္ကြန်ကာလပွဲတွေရှိတော့ ဒီရက်ပိုင်းအ
ရောင်းအဝယ်က တက်လာတဲ့သဘောပါ ” အသင်းတာဝန်ရှိ
သူကပြောပါ တယ်။
ရွှေအရောင်းအဝယ်ပြုလုပ်ရာမှာ အထည်ဝယ်ယူသူထံမှ ၁ ရာခိုင်နှုန်းအခွန်ကောက်ပြီး တစ်သိန်းဖိုးအတွက် အခွန် ၁၀၀၀
ကျပ်နဲ့ ငါးသိန်းဖိုးဝယ်ယူမှုအတွက် အခွန် ၅၀၀၀ ကျပ်သာ
ကောက်ခံခြင်းဖြစ်ပြီး ရွှေဈေး ၅ ရာခိုင်နှုန်းတက်တာမျိုးမဟုတ်
ဘူးလို့လည်း ရွှေဆိုင်လုပ်ငန်းရှင်တွေက ရှင်းပြပါတယ်။
အရောင်းတန်ဖိုးအလိုက် အခွန် ၁ ရာခိုင်နှုန်းမှာ အခွန်ထမ်း
အတွက်လည်း ဝန်မဖြစ်စေတာကြောင့် အချို့သောရွှေဆိုင်
လုပ်ငန်း ရှင်တွေက ဝယ်သူကိုယ်စားပေးဆောင်ဖို့ စီစဉ်နေ
တယ်လို့လည်း သိရပါတယ်။
လက်တလောရဲ့ပြည်တွင်းဈေးကွက်အတွင်း ဝယ်လိုအားမြင့်
တက်နေသလို ကမ္ဘာ့ဈေးအပြောင်းအလဲနဲ့ ဒေါ်လာငွေဈေးမာ
နေ တာကြောင့် ပြည်တွင်းရွှေဈေးကကျပ် ၉ သိန်းဝန်းကျင် အထိရောက်ရှိနေပါတယ်။
Credit: SFJ Strategy First