တရုတ်မိသားစုများ၏ ထက်ဝက်ကျော်က အိမ်ဈေးများ အလွန်ကြီးမြင့်ဟု ထင်မြင်

တရုတ်မိသားစုများ၏ ထက်ဝက်ကျော်က အိမ်ဈေးများ အလွန်ကြီးမြင့်ဟု ထင်မြင် - Property News in Myanmar from iMyanmarHouse.com
22 Mar 2017 11:17 am တွင် တင်ခဲ့သည်
1065 ကြိမ် ကြည့်ရှု့ပြီး
တရုတ်နိုင်ငံသား မိသားစုများအားလုံး၏ ထက်ဝက်ကျော်က နိုင်ငံရှိ အိမ်ဈေးများသည်အလွန်ကြီးမြင့်နေသည်ဟု
ထင်မြင်နေကြပြီး လေးပုံတစ်ပုံကျော်က ဈေးနှုန်းများ ပိုမိုမြင့်
တက်လာမည်ကို စိုးရိမ်နေကြကြောင်း တရုတ်ပြည်သူ့ဘဏ်၏ စစ်တမ်းတစ်ရပ်တွင် ဖော်ပြနေသည်။

အာဏာပိုင်းများက အိမ်ခြံမြေဈေးကွက်ထိန်းချုပ်သည့် စီမံချက်များ ပိုမိုချမှတ်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ရှုမြင်ချက်များကိုလည်း စစ်တမ်းရလဒ်များက မီးမောင်းထိုးပြခဲ့သည်။

မြို့ပြအိမ်ထောင်စု ၅၂ ဒသမ ၂ ရာခိုင်နှုန်းသည် အိမ်ဈေးများမှာ ယခုနှစ်ပထမသုံးလပတ်ကာလ (ဇန်န၀ါရီ၊ ဖေဖော်ဝါရီ၊ မတ်) ၌ပင် လက်မခံနိုင်ဖွယ်ရာကြီးမြင့်နေသည်ဟု ယူဆကြကြောင်းလည်း တရုတ်ပြည်သူ့ဘဏ်က ပြုလုပ်ခဲ့ပြီး ယမန်နေ့ (မတ် ၂၁) က
ထုတ်ပြန်ခဲ့သည့် ထိုစစ်တမ်းက တွေ့ရှိခဲ့သည်။

ယင်းသည် ပြီးခဲ့သည့်သုံးလပတ် (၂၀၁၆ ခုနှစ်၏ အောက်တိုဘာ၊
နိုဝင်ဘာနှင့် ဒီဇင်ဘာ) အောက် အနည်းငယ်ကျဆင်းခဲ့သော်လည်း ၂၀၁၆ ပထမသုံးလပတ်ထက် မြင့်မားနေသည်။

ယမန်နေ့ (မတ် ၂၁) ၌ပင် တရုတ်ပြည်သူ့ဘဏ်တာဝန်ရှိသူတစ်ဦးကလည်း သူတို့၏ ဗဟိုဘဏ်သည် ယခုနှစ်တွင် မြို့အသီးသီးဆိုင်ရာ အိမ်ဈေးကွက်အခြေအနေများနှင့်အညီ အိမ်ဝယ်ယူမှုချေးငွေမူဝါဒများကို ချိန်ညှိချမှတ်ဆောင်ရွက်ကြရန် ဘဏ်အသီးသိးကို ညွှန်ကြားထားကြောင်း ပြောကြားခဲ့သည်။

အသေးစိတ်ဆိုရသော် တရုတ်ပြည်သူ့ဘဏ်သည် လက်ငင်ပေးချေမှုရာခိုင်နှုန်းပမာဏ၊ အိမ်ဝယ်ယူမှုချေးငွေအတိုးနှုန်းလျော့ချမှုနှင့် ချေးငွေပြန်ဆပ်ရမည့် ကာလသတ်မှတ်ချက်တို့ကဲ့သို့သော စည်းမျဉ်းများကို ချိန်ညှိရန် ညွှန်ကြားထားကြောင်း ယင်းတာဝန်ရှိသူက ပြောကြားခဲ့သည်။

အိမ်ဝယ်ယူမှုများတွင် လက်ငင်းပေးချေသည့် ငွေကြေး၏ ရင်းမြစ်ကို စစ်ဆေးကြရာတွင် တင်းတင်းကျပ်ကျပ်စစ်ဆေးကြရန်လည်း ညွှန်ကြားထားပြီးဖြစ်ကြောင်းလည်း သူက ပြောကြားခဲ့သည်။

အိမ်ထောင်စုများ၏ ၂၇ ဒသမ ၂ ရာခိုင်နှုန်းက ယခုနှစ်ဒုတိယသုံးလပတ်
(ဧပြီ၊ မေ၊ ဇွန်) တွင် အိမ်ဈေးများ မြင့်တက်မည်ဟု
ခန့်မှန်းနေကြကြောင်းနှင့် အိမ်ဈေးများကြီးမြင့်နေသည့်
အကြားကပင် အိမ်ထောင်စု ၂၂ ဒသမ ၉ ရာခိုင်နှုန်းက ထိုဒုတိယသုံးလပတ်တွင် အိမ်ဝယ်ရန် စီစဉ်နေကြကြောင်းလည်း ၎င်းစစ်တမ်းက တွေ့ရှိခဲ့သည်။

တရုတ်ပြည်သူ့ဘဏ်၏ ယမန်နေ့ကပဲ ထုတ်ပြန်ခဲ့သည့် နောက်ထပ်စစ်တမ်းတစ်ခုကမူ ယခုနှစ်ပထမသုံးလပတ်
အတွင်း ဘဏ်များနှင့် စီးပွားရေးလုပ်ငန်းများအကြား
နိုင်ငံ့စီးပွားရေးယုံကြည်မှုနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ နိုင်ငံ့စီးပွားရေးတိုးတက်မှုလက္ခဏာများ ပြသလာခဲ့၍
၎င်းလုပ်ငန်းရှင်များ၏ နိုင်ငံ့စီးပွားရေးအပေါ်ကျေနပ်
ယုံကြည်မှုများ မြင့်တက်ခဲ့ကြောင်း တွေ့ရှိခဲ့သည်။ အားလုံးသောလုပ်ငန်းရှင်များအနက် စွန့်ဦးတီထွင်လုပ်ငန်းရှင်များ
၏ စီးပွားရေးယုံကြည်မှုက သိသိသာသာမြင့်တက်ခဲ့ကြောင်း
သိရသည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး

ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...

အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း...

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခု စင်္ကာပူလူမှုကွန်ရက် သုံးစွဲသူတို့အကြား နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အရက်သေစာ သောက်စားမှု ပိတ်ပင်ခဲ့သည့်ခေတ်က ရုပ်ရှင်မင်းသမီး မာရီလင်မွန်ရိုးနှင့် နာမည်ကြီး ပြဇာတ်ရေးဆရာ အာသာမေလာတို့ လျှို့ဝှက်အရက်သောက်ခဲ့သော အရက်ဘားပါသည့် ယာတောအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် အရော...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရသည့်ဖြစ်ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဂရမ်မီဆုရမည်ဟု တစ်ပြေးနေသော အဆိုတော် Billie Eilish မှာ အလွန်ချမ်းသာကြွယ်ဝနေပြီဖြစ်သော်လည်း မိဘအိမ်တွင် နေထိုင်နေဆဲဖြစ်

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသ

နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည်

Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မ

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန

Villa Shukhinthar
Maha Nadi Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service