လတ်တလောတွင်နှလုံးခွဲစိတ်ကုသမှုခံယူခဲ့သဖြင့် ခေတ္တအနားယူနေသော ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်သိန်းအနေဖြင့် အိမ် ခြံ မြေ ဈေးနှုန်းများကျဆင်းလာစေရန်လုပ်ဆောင်သွားမည်ဟု ၎င်းတက်ရောက်သော အခမ်းအနားအများစုတွင်ပြောကြားမှုများရှိခဲ့သော်လည်း အိမ် ခြံ မြေ ဈေးနှုန်းများအလျင်စလိုကျဆင်းစေရန်ဆောင်ရွက်မည်ဆိုပါက ဘဏ်ကပ်ဆိုက်သည့်အခြေအနေ( Bank Crisis )ဖြစ်ပွားနိုင်ကြောင်း အိမ် ခြံ မြေ နှင့်စီးပွားရေးလုပ်ငန်းရှင်များက ထောက်ပြပြောဆိုကြသည်။
""အိမ် ခြံ မြေကဏ္ဍရဲ့ရင်းနှီးမြုပ်နှံမှုပမာဏက အင်မတန် မြင့်မားပါတယ်။အဲဒီလိုမြင့်မားတဲ့အတွက်လည်း အိမ် ခြံ မြေ ရင်းနှီးမြုပ်နှံမှုသာ.တစ်စုံတစ်ခုဖြစ်မယ်ဆိုရင် ကျွန်တော်တို့ Bank crisis
ဖြစ်မှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင် အိမ် ခြံ မြေ လုပ်ငန်းရှင်အားလုံးသည် ရှိရှိသမျှကို ကိုယ့်ငွေနဲ့ကိုယ်မလုပ်နိုင်ကြပါဘူး။ဘဏ်တွေကနေ ယူထားကြရတာဖြစ်ပါတယ်။ဒါကြောင့် မူလတန်ဖိုးထက် အများကြီးပြုတ်ကျသွားရင် Bank Crisis ဖြစ်စေပါမယ်။Bank Crisis ဖြစ်ရင်ဘာဖြစ်နိုင်မလဲဆိုတော့ တိုင်းပြည်ရဲ့စီးပွားရေးမှာ အများကြီးထိခိုက်သွားနိုင်ပါတယ်။""ဟု
မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းမှ ဗဟိုကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးမျိုးမြင့်မှ သုံးသပ်ပြောဆိုထားသည်။
လက်ရှိကာလတွင်လည်း အိမ် ခြံ မြေ ရင်းနှီးမြုပ်နှံကြသူများသည် ဘဏ်ကိုသာ အားကိုး၍ ဝယ်ယူထားသောမြေကွက်အား ခေတ္တပေါင်နှံခြင်း ၊
အခြားသော မြေကွက်ဝယ်ယူရင်းနှီးမြုပ်နှံရန် လက်ဝယ်ရှိမြေကွက်အား ဘဏ်တွင်ပေါင်နှံ၍ ငွေကြေးလှည့်လည်ခြင်းစသည့်ပုံစံမျိုးဖြင့် လည်ပတ်နေကြရကြောင်းသိရသည်။
မင်းချို မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com