ရန်ကုန်မြို့ရဲ့ စီပွားရေးအချက်အချာအသစ်ဖြစ်တဲ့ ရန်ကင်းမြို့နယ် Golden City တာဝါ ၁၀ လုံးမှာ ၈၀ ရာခိုင်နှုန်းအထိ ရောင်းချပြီးစီးနေပြီလို့ သိရပါ တယ် ။
တာဝါ ၁၀ လုံးမှာ ခုနစ်လုံးက ဆောက်လုပ်ပြီးစီးပြီး ကျန်တာဝါ သုံးလုံးက ၂၀၁၇ ဒီဇင်ဘာလ ပြီးစီးမှာ ဖြစ်ပါတယ် ။ အခန်း စုစုပေါင်း ၁၄၀၀ လောက် ရှိပြီး အခန်းအကျယ်တွေက ၅၁၇ စတုရန်းပေကနေ ၁၉၉၆ စတုရန်းပေ အ ထိ ရှိပါတယ် ။ ဈေးနှုန်းကတော့ ကျပ်သိန်း ၂၀၀၀ ဝန်းကျင်ကနေ သိန်း ၅၀၀၀ တန်ဖိုးအထိ ရှိပါတယ် ။
Golden City အိမ်ရာစီမံကိန်းကို လေးနှစ်အရစ်ကျနဲ့ ရောင်းချခဲ့ရာ ၇၅ ရာ ခိုင်နှုန်း အထိ ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဝယ်ယူသူအနေ နဲ့ လေးနှစ် အရစ်ကျဝယ်ရင် ပထမစရန်ငွေ ၂၀ ရာခိုင်နှုန်းပေးသွင်းနိုင်ပြီး ၈၀ ရာခိုင်နှုန်းကို အတိုးမဲ့ အရစ်ကျပေးသွင်းရမယ်လို့ သိရပါတယ် ။ လက် ငင်း ဝယ်ရင် ၁၅ ရာခိုင်နှုန်း လျှော့ပေးမှာပါ ။
ရန်ကုန်မြို့ရဲ့ အမြင့်ဆုံးပေ ၃၆၀ အထပ်မြင့် လူနေအဆောက်အအုံ တစ် ခုဖြစ်ပြီးတော့ ၂.၅ ဧက အကျယ်အဝန်းရှိတာ ပြင်သစ်ဂန္ထဝင်ဆန် ဥယျာဉ် ဆန်းသစ်တဲ့ အမေရိကန် ကျူဘားပင်တွေ ၊ ရေကူးကန် ၊ ရေပန်းများ နဲ့ မြန် မာပြည်ရဲ့ အလှပဆုံး ဥယျာဉ်ရှု့ခင်းကို ဖန်တီးပေးထားပါတယ် ။
Golden City ရဲ့အနီးပတ်ဝန်းကျင်မှာ ဈေးဝယ်စင်တာ ၊ Grade-A Offices ၊ အပြည်ပြည်ဆိုင်ရာ ဟိုတယ်တွေလည်း ရှိပါတယ် ။ အာရှအကြီးဆုံး ဇိမ်ခံ ပစ္စည်းအရောင်းဆိုင် Reebon 2 ကမ္ဘာ့ထိပ်တန်းနာမည်ကြီး အမှတ်တံဆိပ် ၁၀ ခုကိုလည်း စီမံကိန်းထဲမှာ ဖွင့်လှစ်ထားပါတယ် ။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ ခုနှစ်မိုင်ကွာဝေးပြီး အင်းလျားကန် နဲ့ ရွှေတိဂုံစေတီတော်ကို လှမ်းမြင်နိုင်ပါတယ် ။ မြန်မာပလာဇာ ၊ ရန်ကင်း စင်တာနဲ့ နီးပါတယ် ။ တစ်မိုင်ပတ်လည်မှာ Internation School , ကေ လးဆေးရုံ ၊ ဆီဒိုးနားဟိုတယ် နဲ့ Meli Hotel တွေလည်း ရှိပါတယ် ။
Credit: The Kumudra