နိုင်ငံ့ဝန်ထမ်းတွေအားလုံးကို ဝန်ထမ်းအိမ်ရာပေးနိုင်ဖို့အတွက် ဘဏ် ၊ အစိုး ရ ၊ ဝန်ထမ်းနဲ့ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ဖို့ လို အပ်တယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောပါတယ် ။
အစိုးရဝန်ထမ်းတွေ ပင်စင်ယူပြီးနောက် အိုးပိုင်အိမ်ပိုင် ရှိစေဖို့အတွက် ဝန် ထမ်းအိမ်ရာ စီမံကိန်းဆောင်ရွက်နေတာဖြစ်ပါတယ် ။ လက်ရှိတာဝန် ထမ်းဆောင်နေစဉ်ကာလမှာလည်း အိမ်ရာမှာ နေထိုင်ခွင့်ရမှာဖြစ်ပြီး ပင်စင် ယူပြီးနောက်ပိုင်း ဆက်လက်နေထိုင်နိုင်အောင် စီစဉ်ဆောင်ရွက်မှာဖြစ်ပါ တယ် ။ ဝန်ထမ်းအိမ်ရာ စီမံကိန်းကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးမှာ တည်ဆောက်ဖို့ စီစဉ်ထားပါတယ် ။
စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ‘ဝန်ထမ်းအိမ်ရာစီမံကိန်း ဆောင်ရွက်နေတာဖြစ်ပါတယ် ။ လက်ရှိတာဝန် ထမ်းဆောင်နေစဉ် ကာလမှာလည်းအိမ်ရာမှာ နေထိုင်ခွင့်ရမှာဖြစ်ပြီး ပင်စင် ယူပြီးနောက်ပိုင်း ဆက်လက်နေထိုင်နိုင်အောင် စီစဉ်ဆောင်ရွက် မှာ ဖြစ်ပါ တယ် ။ ဝန်ထမ်းအိမ်ရာစီမံကိန်းကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးမှာ တည်ဆောက်ဖို့ စီစဉ်ထားပါတယ် ။
စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ‘ဝန်ထမ်းအိမ်ရာစနစ် စတင်နေပြီ ၊ ဝန်ထမ်းတွေအားလုံး ဝန်ထမ်း အိမ်ရာေ ပးမယ်ဆိုရင် ဘယ်လိုနည်းနဲ့ပေးမှာလဲ ၊ ဘဏ်တွေနဲ့ပေါင်းပြီး အရစ်ကျေ ချးငွေတွေနဲ့ လုပ်ရမယ် ၊ လုံခြုံစိတ်ချမှုရှိအောင် ဘဏ်တွေအတွက်လဲ အာမ ခံရှိအောင် အစိုးရ ရပ်တည်မှုရှိအောင် ဝန်ထမ်းတွေလဲ စနစ်တကျပေးေ ချနိုင်အောင် ဒီလုပ်ငန်းစဉ်တွေက အများကြီးပါ’ လို့ ပြောပါတယ် ။
ဝန်ထမ်းအိမ်ရာစီမံကိန်းကို မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း ၊ ဘဏ်လုပ်ငန်းတွေနဲ့ အစိုးရအစီအစဉ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စီစဉ် ထားတာ ဖြစ်ပါတယ် ။
ဝန်ထမ်းအိမ်ရာ ဖော်ဆောင်ဖို့အတွက် မြန်မာ့စီးပွားရေးဘဏ်ကနေ ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးဘဏ်ကို ငွေထုတ်ချေးပြီး မြန်မာနိုင်ငံ ဆောက် လုပ်ရေး လုပ်ငန်းရှင်များ အသင်းနဲ့ ချိတ်ဆက်ကာ ဝန်ထမ်းအိမ်ရာတွေ တည်ဆောက်ဖို့ ဆွေးနွေးထားတာဖြစ်ပါတယ် ။ ဝန်ထမ်းအိမ်ရာတွေကို လ စာ အနည်းအများပေါ် မှုတည်ပြီး တန်ဖိုးနည်း တန်ဖိုးမျှ အိမ်ရာတွေ တည်ေ ဆာက်ဖို့ ရည်ရွယ်ထားပါတယ် ။
ဝန်ထမ်းတွေရရှိတဲ့ လစာပေါ်မှုတည်ပြီး ပေးနိုင်တဲ့နှုန်းထား ၊ အလုပ်လုပ် မယ့် သက်တမ်းတစ်လျှောက်အပြီးမှာ အိမ်ပိုင်ဆိုင်နိုင်ေ အာင် ဆောင်ရွက် မှာဖြစ်ပါတယ် ။ ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးမှာ ပုဂ္ဂလိက လုပ်ငန်း ရှင်တွေ ဝင်ရောက်လုပ်ကိုင်ချင်ရင်လည်း ပါဝင်ဆောင်ရွက်နိုင်ပြီး လိုအပ်တဲ့ အကြံဥာဏ်တွေလည်း ပေးနိုင်တယ်လို့ ဖိတ်ခေါ်ထားပါတယ် ။
စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ‘ဝန် ထမ်းအိမ်ရာတွေကို တစ်တိုင်းတစ်ပြည်လုံးလုပ်ပါမယ် ၊ လုပ်ငန်းပမာဏလဲ ကြီးမားပါတယ် ၊ တွေ့ကြုံရတဲ့ အခက်အခဲတွေလဲ ရှိကောင်းရှိနိုင်ပါတယ် ၊ ဖြစ်အောင်လုပ်မယ်’ လို့ ကတိပေးပြောကြားပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရကလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ပူးေ ပါင်းပြီး ပြည်သူ့အိမ်ရာစနစ် အကောင်အထည်ဖော်ဖို့ ဆောင်ရွက်နေ ပါ တယ် ။ ပြည်သူ့ အိမ်ရာတွေက ရန်ကုန်မြို့မှာ ကြုံတွေ့နေရတဲ့ ကျူးကျော်ပြဿ နာတွေကို ဖြေရှင်းနိုင်ဖို့ စီစဉ်နေတာဖြစ်ပါတယ် ။
Credit: The Kumudra