စင်္ကာပူနိုင်ငံတွင် အိမ်ဈေးများသည် လာမည့်နှစ်နှစ်အတွင်း
ငါးရာခိုင်နှုန်းအထိ ကျဆင်းနိုင်ခြေရှိနေသည်။
အစိုးရက အိမ်ခြံမြေစည်းမျဉ်းများကို တဖြည်းဖြည်းဖြေလျှော့လာနိုင်သည့်
တိုင် စင်္ကာပူရှိ အိမ်ဈေးများသည် ဆက်လက်ကျဆင်းနိုင်ဖွယ်ရှိကြောင်း
Fitch Ratings ကမ္ဘာ့အကဲဖြတ်ကုမ္ပဏီက ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့
(မတ် ၁၅) က ခန့်မှန်းချက်ထုတ်ပြန်ခဲ့သည်။
ထိုအကဲဖြတ်ကုမ္ပဏီက စင်္ကာပူ၏ အိမ်ခြံမြေကောလဟလများ
ကို လျှော့ချထိန်းချုပ်ရန် ကြိုးပမ်းချက်များသည်
ထိရောက်ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။
အစိုးရက အခွန်များ တိုးမြှင့်လိုက်ပြီး ချေးငွေစည်းမျဉ်းအား ပိုမိုတင်းကျပ်ခဲ့သဖြင့် ဈေးကစားသော ၀ယ်ယူမှုများသည်
၂၀၀၉ ခုနှစ်ကတည်းက ကျဆင်းလာခဲ့သည်။
ထို့ကြောင့် ပြီးခဲ့သည့်သုံးနှစ်အတွင်း အိမ်ဈေးများကျဆင်းလာခဲ့ပြီး အိမ်ချေးငွေဖွံ့ဖြိုးမှုသည်လည်း ၂၀၁၁ ခုနှစ်ကတည်းက
နှေးကွေးလာသည်။
သို့ဖြစ်ရာ Fitch က အိမ်ဈေးများသည် လာမည့်နှစ်နှစ်အတွင်း
နောက်ထပ် ၂ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်း ထပ်မံကျဆင်းနိုင်ပြီး အတိုးနှုန်းများသည် လက်ရှိအဆင့်မှ
မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းခဲ့ခြင်းဖြစ်သည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com