အိမ်ရာအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တစ်ခုလုံးရဲ့ ၁၁ ရာခိုင်နှုန်းကျော် ရှိတယ်လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦး အောင်နိုင်ဦးက ပြောပါတယ်။
အိမ်ရာ အဆောက်အအုံ တည်ဆောက်တဲ့ လုပ်ငန်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ တတိယ အများဆုံး ဖြစ်ပါတယ်။ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး လုပ်ငန်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တစ်ခုလုံးရဲ့ ၄၆.၆၀ ရာခိုင်နှုန်း၊ လျှပ်စစ်ကဏ္ဍက ၁၃.၃၆ ရာခိုင်နှုန်း၊ အိမ်ရာ အဆောက်အအုံကဏ္ဍက (real estate) တ တိယနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်း ၃၉ ခု ရှိခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု တန်ဖိုး အမေရိကန်ဒေါ်လာ ၃၇၅၄ သန်း ကျော် ရင်းနှီးမြှုပ်နှံခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အများဆုံး လာရောက် ရင်းနှီးမြှုပ်နှံ တဲ့ နိုင်ငံတွေကတော့ တရုတ်၊ စင်္ကာပူ၊ ထိုင်းနိုင်ငံတို့ ဖြစ်ပြီး တရုတ်နိုင်ငံက လုပ်ငန်းပေါင်း ၁၆၃ ခု၊ စင်္ကာပူနိုင်ငံက ၂၂၉ ခု နဲ့ ထိုင်းနိုင်ငံက ၁၀၀ ခု လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။
သည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရသည် မတ်လဆန်းအထိ ခွင့်ပြုပေးခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၁၃၅ ခု ရှိပြိး အမေရိကန်ဒေါ်လာ ၅၀၅၁ သန်း ကျော် ရင်းနှီးမြှုပ်နှံထားတာ ဖြစ်ပါတယ်။ အထူးစီးပွားရေးဇုန် အပါအဝင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စု စုပေါင်း အမေရိကန်ဒေါ်လာ ၆.၈၇ ဘီလျံရှိတယ်လို့ သိရပါတယ်။ သည်နှစ်အတွက် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ရည်မှန်းချက် အမေရိကန်ဒေါ်လာ ခြောက်ဘီလျံကို ကျော်လွန်နေပြီလို့ သိရပါတယ်။
မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းက ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု တစ်ခုလုံးရဲ့ ၄၀.၁၇ ရာခိုင်နှုန်းနဲ့ အများဆုံး ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းအဖြစ် ရပ်တည်နေပါတယ်။ သယ်ယူပို့ဆောင်ရေး လုပ်ငန်းက ၂၆.၁၅ ရာခိုင်နှုန်းနဲ့ ဒုတိယနဲ့ ဟိုတယ်ခရီးသွားလုပ်ငန်းက ၈.၁၄ ရာခိုင်နှုန်းနဲ့ တတိယ နေရာမှာ ရှိ နေတာ ဖြစ်ပါတယ်။
သည် ၂၀၁၆-၂၀၁၇ ခုနှစ်က ဘဏ္ဍနှစ်အတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ သည်မတ် လဆန်းအထိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၄၉ခု ခွင့်ပြုခဲ့ပြီး အမေရိကန်ဒေါ်လာ ၇၆၄ သန်း ကျော်နဲ့ ကျပ်ငွေ ၁,၄၅၅,၃၃၉ သန်း ရင်းနှီးမြှုပ်နှံထားတယ်လို့ သိရပါတယ်။
Credit: The Kumudra