ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာအရောင်းအဝယ်ပြု လုပ်နိုင်ရန် ကြားခံဆောင်ရွက်ပေး နေသည့် Securities
ကုမ္ပဏီငါးခု ၌ အကောင့်ဖွင့်လှစ်ထားသူ နှစ် သောင်းကျော် ရှိကြောင်းသတင်းရရှိသည်။
အရေအတွက်နှစ်သောင်းကျော်ရှိသော်လည်းနေ့စဉ်ပုံမှန် အရောင်းအဝယ်ပြုလုပ် သူမှာ တစ်ထောင်ကျော်သာ
ရှိသောကြောင့် နည်းပါးနေသေးကြောင်းရှယ်ယာ အရောင်းအ၀ယ်ပြုလုပ်သူများကပြောသည်။
ကုမ္ပဏီများ၏ လုပ်ငန်း လည်ပတ်ပုံ ကောင်းမွန်သော် လည်း စတော့ရှယ်ယာအရောင်း အဝယ် ပြုလုပ်သူများဘက်က
ဈေးကွက်ကို စောင့်ကြည့်ပြီး အရောင်းအဝယ်ပြုလုပ်နေ၍ ရန်ကုန်စတော့အိတ်ချိန်း အရောင်းအဝယ်နည်းပါးနေခြင်းဖြစ်သည်
ဟု ရန်ကုန်စတော့အိတ်ချိန်းမှ Senior Executive Manager ဦးသက်ထွန်းဦးကပြောသည်။
‘ အရင်ကလောက် အစိုးရ က ပံ့ပိုးမှု၊ ပူးပေါင်းပါဝင်မှုနည်း ပါးတယ်ဆိုတာ မှန်ပါတယ်။ ပေါ်လစီချထားပေးဖို့ လိုတယ်။
ပူးပေါင်းဆောင်ရွက်ဖို့ လိုတာပေါ့။ အားလုံးကို အစိုးရကလည်း လုပ်ပေးလို့မရသလို အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ဖို့တော့
လို တယ်’ ဟု Thura Swiss ကုမ္ပဏီ စီအီးအိုဒေါက်တာအောင်သူရက ပြောသည်။
လက်ရှိ စာရင်းဝင်ရောင်းချ နေသည့် ကုမ္ပဏီအရေအတွက် သည် လက်ချိုးရေတွက်နေရသော ကြောင့်အောင်မြင်နေသည့် အ များပိုင်ကုမ္ပဏီကြီးများ ရန်ကုန် စတော့အိတ်ချိန်းသို့ ဝင်ရောက် လာရန်လိုအပ်ကြောင်း ဒေါက်တာအောင်သူရက ပြောသည်။
ရန်ကုန်စတော့အိတ်ချိန်းကို ၂၀၁၅ ဒီဇင်ဘာတွင် စတင်ဖွင့်ခဲ့ ပြီး FMI ကုမ္ပဏီက ၂၀၁၆ မတ် လ၌ ပထမဆုံးရှယ်ယာအရောင်း အဝယ်စတင်ခဲ့သည်။ လက်ရှိတွင် စာရင်းဝင်ကုမ္ပဏီ လေးခုရှိပြီး ရှယ်ယာဈေးကျဆင်းကာ လူထုစိတ်ဝင်စားမှုလျော့နည်းနေသည်
ဟု ရှယ်ယာအရောင်းအဝယ်သမားများက ပြောသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com