သြစတြေးလျနိုင်ငံတွင် (၂၆)နှစ်ဆက် စီးပွားရေး ကျဆင်းမှုမရှိသည့် စံချိန်ကို စိုက်ထူရန် အသင့်ဖြစ်နေစဉ် အိုးမဲ့အိမ်မဲ့ဖြစ်မှု မြင့်တက်လာကြောင်း ကျွမ်း ကျင်သူများက သတိပေးသည်။
သတ္တုတူးဖော်ရေးလုပ်ငန်း ၌ ရင်းနှီးမြှုပ်နှံမှုကြီးကြီးမားမား ၀င်ရောက်လြာ ခင်းက သြစတြေး လျစီးပွားရေးတိုးတက်မှုကို ယခင်က မဖြစ်ခဲ့ဖူးသောနှုန်ြး ဖင့် တိုးတက်စေခဲ့ပြီး အိမ်ဈေးနှုန်းများ နှင့် နိုင်ငံသားအများအပြား၏ ၀င်ငွေ ကို တိုးတက်စေခဲ့သည်။
သို့သော် ယင်းက အကြီးဆုံးမြို့များဖြစ်သည့် ဆစ်ဒနီနှင့် မဲလ်ဘုန်းမြို့တို့ကို လည်း ကမ္ဘာပေါ်တွင် တန်ဖိုးမျှတအိမ်ရာ အနည်းဆုံးစာရင်း၌ ဒုတိယနှင့် ဒသမနေရာသို့ ရောက်ရှိစေခဲ့သည်။
အိမ်ဈေးနှုန်းမြင့်တက်ခြင်း က အိုးပိုင်အိမ်ပိုင်ဖြစ်ရန် ရုန်းကန်နေရသူများ အ ဖို့ နောက်ထပ် ဖိ အားတစ်ခု တိုးပွားစေခဲ့ပြီး ဖက်ဒရယ်အစိုး ရနှင့် ပြည်နယ် အစိုးရ များအနေဖြင့် လူမှုရေးနှင့် အဖိုးအခချိုသာသော နေရာထိုင်ခင်း များ ဆောက်လုပ်ရေးရန်ပုံငွေ ပိုမို ထူထောင်ရန် မေးခွန်းများဖြစ်ပေါ်စေခဲ့ သည်။
‘‘သြစတြေးလျဟာ ချမ်းသာ တဲ့ နိုင်ငံပါ။ ဒါကြောင့် အခုဖြစ် နေတဲ့ အိုးမဲ့ အိမ်မဲ့ဖြစ်မှုဟာ မရှိ သင့်ပါဘူး’’ဟု New South Way ပြည်နယ် အိမ်ခြေမဲ့ အရေး ဆောင်ရွက်သူအကြီးအကဲ မက်ကာနန် က ပြောကြားပြီး လန်ဒန်၊ နယူး ယောက်တို့နှင့် နှိုင်းယှဉ်လျှင် အိုးမဲ့အိမ်မဲ့ဖြစ်မှုကြောင့် အကူအ ညီ တောင်းခံမှု မြင့်တက်လာသည် ဟုဆိုသည်။
နေစရာမရှိ၍ အကူအညီ တောင်းခံမှုမှာ ၂၀၁၅-၁၆ တွင် လူဦးရေ ၂၇၉,၀၀၀ အထိ စံချိန် တင်မြင့်တက်ခဲ့ကြောင်း ကျန်းမာ ရေးနှင့် သာယာ ၀ပြောမှုစာရင်း အင်းဆိုင်ရာအေဂျင်စီ AIHW ကပြောကြားပြီး ယင်းမှာ အိမ်တွင်း အကြမ်းဖက်မှုနှင့် မိသားစုအတွင်း အကြမ်းဖက်မှုများကြောင့်ဟု ဆို သည်။
ယင်းပမာဏမှာ စာရင်းစ တင်ကောက်ယူသည့် ၂၀၁၁-၁၂ နှင့် နှိုင်းယှဉ် လျှင် ၃၃ ရာခိုင်နှုန်း မြင့်တက်လာသည်။
Credit: 7DayDaily