အခုနောက်ပိုင်းမှာ တိုက်ခန်းတွေမှာ နေထိုင်ရင်း နဲ့ အရစ်ကျစနစ်နဲ့ ဝယ်ယူ လို့ ရကြတယ်လို့ သိရပါတယ်။
‘အခုနောက်ပိုင်းအိမ်ရှင်တွေက ရောင်းလာတဲ့ ပုံစံတွေကကျတော့ အရစ်ကျ စနစ်ကို ဘယ်လောက် ဘယ်လောက် သွင်းပြီး တက်နေလို့ရတယ်၊ ပြီးေ တာ့မှ နေနေရင်းနဲ့ လစဉ်ပေးသွင်းလို့လဲရတယ်၊ အဲဒီလိုပုံစံတွေ နဲ့ ရောင်း လာကြတာ၊ အဲဒီ လို ရောင်းတာတွေက ကန်ထရိုက်တာတွေက သိပ်မေ ရာင်းဘူး၊ အိမ်ရှင်တွေက ရောင်းတာတွေ များတယ်”လို့ အိမ်ခြံမြေ အကျိုးေ ဆာင် ကိုမျိုးမင်းက ပြောပါတယ်။
သည်လိုရောင်းချတာတွေက မြေပိုင် ရှင် တိုက်ခန်းပိုင်ရှင်တွေကသာ ရော င်းတာများပြီး ကန်ထရိုက်တာတွေ ရောင်းတာမရှိသေးဘူးလို့ သိရပါ တယ် ။ နေရင်းနဲ့ နေရာသစ်ကို ပြောင်းရွှေ့ဖို့အတွက် အလျင်စလို ရောင်း ချင်နေ သူတွေ၊ ပိုနေလို့ ရောင်းချင်တဲ့သူတွေ အရောင်းများကြ တယ်လို့ သိရပါ တယ်။
ဝယ်ယူတဲ့အခါ အတိုးမပေးရတာတွေ၊ လွယ်လွယ်ကူကူ အဆင်ပြေပြေနဲ့ ဝယ်ယူနိုင်တာတွေကြောင့် ရောင်းချတဲ့ သူတွေရော ဝယ်ယူတဲ့သူတွေပါ အ ဆင်ပြေကြတယ်လို့ သိရပါတယ်။ ဘဏ်နဲ့ချိတ် ဆက်ပြီး မလုပ်ရ တာတွေေ ကြာင့် အလုပ်ရှုပ် သက်သာလာ နိုင်ပါတယ်။ ပိုင်ရှင်တွေ အရစ်ကျ ရောင်း ချနေတဲ့ တိုက်ခန်းတွေက အိမ်ခြံမြေ ဂရု(ပ်) တွေမှာ တင်ပြီး ရောင်းချလာ တာတွေ ပိုများတယ်လို့ သိရပါတယ်။
Credit: The Kumudra