ရုရှားနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားခြင်း သို့မဟုတ် ရုရှားတွင် နေရပ် လိပ် စာများရှိသော လူပုဂ္ဂိုလ် ၆၃ ဦး သည် အမေရိကန်ပြည်ထောင်စု ဖလော်ရီ ဒါပြည်နယ် တောင်ပိုင်းရှိ ထရန့် အမှတ်တံဆိပ်ပါရှိသော တာဝါ အဆောက် အအုံကြီးများ၏ အခန်းများကို ဝယ်ယူ ထားကြကြောင်း ရိုက်တာသတင်းဌာန၏ စုံစမ်းလေ့လာမှု တစ်ရပ်အရ သိရသည်။
မိမိအနေဖြင့် ရုရှားနိုင်ငံနှင့် စီးပွားရေးလုပ်ငန်း ဆိုင်ရာ ဆက်နွှယ်မှုများ မရှိေ ကြာင်း ၂ဝ၁၆ ခုနှစ် သမ္မတ ရွေးကောက်ပွဲ ကာလအတွင်း ဒေါ်နယ်ထရန့်က အတိ အလင်း ပြောကြားခဲ့ပြီး သမ္မတတာဝန် စတင်ထမ်းဆောင် ချိန် နောက် ပိုင်းတွင်လည်း အလားတူ ပြောဆိုမှုများ ရှိခဲ့ကြောင်း ရိုက်တာ၏ လေ့လာချက် တွင် ဖော်ပြသည်။
ရုရှားနိုင်ငံ၌ မည်သည့် အိမ်ရာခြံမြေကိုမျှ မိမိဝယ်ယူ ထားခြင်းမရှိသကဲ့သို့ ယင်းနိုင်ငံ၌ မည်ကဲ့သို့သော ချေးငွေ များကိုလည်း ချထားခြင်းမရှိကြောင်း၊ စီးပွားရေးလုပ်ငန်း ဆိုင်ရာ မည်သည့်သဘောတူညီချက် တစ်စုံတစ်ရာကိုမှ ရရှိထားခြင်း မရှိကြောင်း သမ္မတထရန့်က လွန်ခဲ့သည့် လက ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားခဲ့သည်။
သို့ရာတွင် အမေရိကန်ပြည်ထောင်စုအတွင်း ရုရှား လူကုံထံအလွှာမှ ပုဂ္ဂိုလ် များက ထရန့် အမှတ်တံဆိပ် ကပ်ထားသော အဆင့်မြင့်တာဝါ အဆောက်အ အုံများရှိ အခန်းများကို ဝယ်ယူကာ ရင်းနှီးမြှုပ်နှံထားကြကြောင်း၊ ရုရှားနိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားသူ၊ ရုရှားတွင် နေထိုင်သူအဖြစ် လိပ်စာပေးထားသူ တစ်သီးပုဂ္ဂလ ၆၃ ဦးတို့က ယင်းသို့ ဝယ်ယူထားခြင်းဖြစ်ကြောင်း ရိုက်တာ၏ လေ့လာချက်အရသိရသည်။
ထရန့် အမှတ်တံဆိပ်ပါ အဆင့်မြင့် တာဝါအဆောက် အအုံ ခုနစ်လုံးရှိ အခန်း များကို ဝယ်ယူထားခြင်းဖြစ်ပြီး ရုရှားရင်းနှီးမြှုပ်နှံသူများက ကာလပေါက်ဈေး ဒေါ်လာ ၉၈ ဒသမ ၄ သန်းထက်မနည်း တန်ဖိုးရှိ အခန်းများကို ဝယ်ယူ ထား ကြသည်ဆို၏။
ထရန့် အမှတ်တံဆိပ်ပါ အဆောက်အအုံများ၏ အခန်းများကို ဝယ်ယူသူများ တွင် ရုရှားနိုင်ငံရေး အသိုက် အဝန်းနှင့် ဆက်နွှယ်မှုရှိသူများပါဝင်သည်။ မော် စကို အခြေစိုက် နိုင်ငံပိုင်ဆောက်လုပ်ရေးကုမ္ပဏီတစ်ခု၏ အကြီးတန်း မန်နေ ဂျာဟောင်းတစ်ဦးနှင့် စိန့်ပီတာစဘတ် မြို့ အခြေစိုက် ရင်းနှီးမြှုပ်နှံရေး ဘဏ် တိုက် ထူထောင်သူ တစ်ဦးတို့မှာ ဝယ်ယူသူများတွင် ပါဝင်သည်ဆို၏။
Credit: MOI Webportal Myanmar