အထပ်မြင့် ၊ ငလျင် နှင့် ကန်ထရိုက်တိုက်များ အားပြိုင်ချိန်

အထပ်မြင့် ၊ ငလျင် နှင့် ကန်ထရိုက်တိုက်များ အားပြိုင်ချိန် - Property News in Myanmar from iMyanmarHouse.com
20 Mar 2017 10:38 am တွင် တင်ခဲ့သည်
2607 ကြိမ် ကြည့်ရှု့ပြီး
တိုက်ကြီးမြို့နယ် ကိုဗဟိုပြုပြီး ၅ ဒသမ ၈ အင်အားရှိတဲ့ မြေငလျင် လှုပ်သွားတဲ့ ဒဏ်ကို ရန်ကုန် ၊ ဧရာဝတီ ၊ ပဲခူးတိုင်က လူတွေပါ တော်တော်များများ သိရှိခံစားလိုက်ပါတယ် ၊။
ရန်ကုန်က တိုက်ခန်းတွေမှာ နေတဲ့သူတွေအပြောကတော့ ဆွဲခါပြီုး ပုခက်ယိမ်းလိုက်သလို လှုပ်ခတ်သွားတာဖြစ်ပါတယ် ၊ ရန်ကုန်မြို့လယ်နဲ့ မိုင် ၃၀ ကျော်သာ ဝေးတဲ့
တိုက်ကြီးမြို့နယ်ထဲ့ကို ဗဟိုပြုလှုပ်ခတ်သွားတဲ့ ငလျင်ဖြစ်ပါတယ်။

primary wave ရဲ့အားကလည်း ပြင်းပါတယ်။ ရန်ကုန်မြို့က ကန်ထရိုက်တိုက် တော်တော်များများ မှာနေတဲ့ လူတွေ ကြောက်ပြီး ငလျင်လှုပ်ခတ်တဲ့ အချိန်မှာ
တိုက်အောက်ကို အလျင်အမြန်
ပြေးဆင်းလာကြတာတွေ ရှိပါတယ်။ အခုတောင် နောက်ဆက်တွဲ ငလျင်ငယ်လေးတွေ လှုပ်ပေမယ့် အင်အားနည်းလို့ တော်တော်များများ မသိကြပါဘူး ။
မပြေးသော်ကန်ရာရှိ ဆိုသလို မတော်တဆ တိုက်တွေ ပြိုရင် ဆိုတဲ့ စိတ်ကူးစိုးရိမ်မှုတွေကလည်း အထပ်မြင့်တိုက်တွေ ၊ ကန်ထရိုက်တိုက်တွေမှာ နေတဲ့ လူတွေ စိုးရိမ်ကြမှာ
လူ့သဘာဝဘဲဖြစ်ပါတယ် ။ တိုက်ကြီးမြို့နယ်ထဲမှာ ဆိုရင် နရံပြိုကျ တာတို့ ၊ အမိုးပြုတ်ကျတာတို့ ဖြစ်လို့ လူနှစ်ယောက် သေဆုံးသွားပြီး လူ၂၀ ကျော်ဒဏ်ရာရသွားတာ သတင်းတွေထဲမှ
အတိအလင်းဖော်ပြထားပါတယ်။

ငလျင်အန္တရယ်ကို ကြောက်လို့ တိုက်ကြီး ဒေသခံတွေ အမွှေးတိုင်ထွန်း ၊ ဖယောင်းတိုင်ထွန်းပြီး ယုံကြည်ရာ အလိုက်ဆုတောင်းတဲံ သတင်းတွေ
တက်လာတာကို ကြည့်ကတည်းက ငလျင်အန္တာရယ်ကြောင့် ဖြစ်လာနိုင်မယ့် ပျက်စီးဆုံးရှုံးမှုတွေကို ပြည်သူတွေ စိုးရိမ်ကြတာ
ထင်ရှားပါတယ် ။

ရန်ကုန်မြို့ထဲက ကန်ထရိုက်တိုက်တွေမှာ နေတဲ့လူတွေ အထူးသဖြင့်နတ်ပြည်ခြေက်ထပ် အပေါ်ဆုံးထပ်တွေ သာမကမြေညီထပ်မှာ နေတဲ့လူတွေပါ လူတိုင်းငလျင်ဒဏ်ကြောင့်
တိုက်ပြိုမှာကို စိုးရိမ်နေကြဆဲဖြစ်ပါတယ် ။ ရန်ကုန်ရဲ့ တိုက်တော်တော်များများကလည်း ၁၉၉၀ ခုနှစ်နောက်ပိုင်း ဆောက်ထားကြတဲ့ ကန်ထရိုက်တိုက်တွေ ကအများစုဖြစ်ပြီး အခုဆို နှစ် ၃၀
ကျော်သက်တမ်းရှိလာပြီဖြစ်ပါတယ် ၊ ဒီတိုက်တွေကို ဘယ်လို ဆောက်ခဲ့သလဲ ၊ ဖောင်ဒေးရှင်း ဘယ်လိုတူးခဲ့ကြသလဲ ဆိုတာ ရန်ကုန်သူ ရန်ကုန်သားတော်တော်များများ
သိပြီးဖြစ်ပါတယ် ၊ အထွေအထူးတောင်ပြောစရာမလိုပါဘူး ။
ငလျင်မလှုပ်တဲ့ ပုံမှန်အချိန်မှာတောင် တိုက်ဆောက်ဖို့ မြေတူးလိုက်ရင် ဟိုဘက်တိုက်က မသိမသာ စောင်းလာတာ ၊ ယိမ်းလာတာ တွေ ၊
မသိမသာကျွံ့လာတဲ့တိုက်တွေရှိလာလို့ အခုဆို ရန်ကုန်မြို့တွင်းမှာတိုက်ဆောက်မယ် ဆိုရင် စည်ပင်ဘက်က ပိုင်ဖောင်ဒေးရှင်းနဲ့ဘဲ တော်တော်များများကို
လက်ခံခွင့်ပြုပေးတော့တာဖြစ်ပါတယ်။

ကန်ထရိုက်တိုက် တစ်တိုက်နဲ့ တစ်တိုက် မသိမသာစောင်းပြီး ဘေးတိုက်ကို မှီနေတာတို့ မြေကျွံတာတို့ စောင်းနေတာတို့ကို သေသေချာချာ ကြည့်ရင် မြင်တွေ့ရမှာဖြစ်ပါတယ် ၊
တိုက်တွေ စောင်းနေတာကို ပြန်တည့်တဲ့နည်းပညာတွေ အခုနောက်ပိုင်းမှာ ပေါ်ထွတ်လာခဲ့ပြီး ရန်ကုန်မြို့မှာ ဒီနည်းပညာတွေ နဲ့ ၀န်ဆောင်မှု ပေးနေတဲ့ အဖွဲ့တွေ သုံးလေးဖွဲ့ရှိပါတယ်၊
ခြောက်ထပ်တိုက်တစ်လုံးကို ပုံမှန်အနေအထားအတိုင်း ပြန်လည်တည့်မတ်မယ်ဆိုရင် အနည်းဆုံး ကျပ်သိန်း ၁၀၀ ၀န်းကျင်လောက်ကုန်ကျစရိတ်ရှိပါတယ်။
ဒီ ကုန်ကျစရိတ်တွေကို တိုက်ခန်းနေ အခန်းပိုင်ရှင်တွေကဘဲ စုခံရတာဖြစ်ပါတယ် ၊ ဆောက်ခဲ့တဲ့ ကန်ထရိုက်ကို ပြန်ရှာပြီး လုပ်ခိုင်းဖို့ ဆိုတာအင်မတန် မလွယ်ကူတာ
လူတိုင်းသိပါတယ် ။

ဒါကြောင့်လည်း ကိုယ်နေမယ့် ကန်ထရိုက်တိုက်ဘဲဖြစ်ဖြစ် ၊ အထပ်မြင့် ကွန်ဒိုဘဲဖြစ်ဖြစ် ဘယ်လိုနည်းစနစ်နဲ့ ဆောက်ထားသလဲ ၊ တိုက်သက်တမ်းဘယ်လောက်ရှိပြီလဲ ၊ ဘိလပ်မြေ
အချိုးအဆ ကကော စံချိန်စံညွှန်းမှီလားမမှီလားဆိုတာကို မ၀ယ်ခင် အရင်ဆုံးလေ့လာစေချင်ပါတယ် ၊ တစ်ချို့တိုက်တွေဆို ငရုတ်သီးထောင်းတာ နဲ့ကို အောက်ထပ်က အခန်းရဲ့
မျက်နှာကြက်မှာ ဘိလပ်မြေ အမှုန်တွေ ကျလာလို့ ပြသနာ တက်နေတဲ့ တိုက်တွေ ရန်ကုန်မှာ အများကြီးရှိပါတယ် ၊ ဒါတောင် ရန်ကုန်က ငလျင်ဒဏ်မခံရသေးလို့ သက်သာနေတာဖြစ်ပြီး
ငလျင်ဒဏ်အင်အား ၅ သိုမ့ဟုတ် ၆ လောက်ဆိုရင်တောင် မတွေးရဲစရာ အခြေအနေဖြစ်ပါတယ် ။

ရန်ကုန်ကဘဲ မြို့တည်တဲ့ တည်နေရာက ရှေးလူတွေ အမြှော်အမြင်ရှိရှိ နဲ့ တည်ခဲ့တာလားဆိုတာ မသိရပေမယ့် အခုအချိန်ထိ ရန်ကုန်က ငလျင်ပြင်းပြင်းလှုပ်ခတ်ခံရတဲ့ ဒဏ်က ကင်းလွတ်နေတာကတော့ ကံကြမ္မာဘဲဖြစ်ပါတယ် ၊ မပြေးသောကန်ရာရှိ ရန်ကုန်မြို့ကို ဗဟိုပြုပြီး အင်အား ၄ ကျော်ကျော် ငလျင်လှုပ်ရင်တောင် ဒီတိုက်တွေရဲ့
ကံကြမ္မာကို မှန်းဆလို့ မရနိုင်ပါဘူး ။

တစ်ဖက်မှာလည်း နည်းပညာ အားသာချက်တွေကြောင့် အခုနောက်ပိုင်းမှာ ဆောက်လုပ်ရေး နည်းစနစ်တွေ တိုးတက်လာပါပြီ ၊ ဂျပန်လို နိုင်ငံမျိုးမှာတောင် ငလျင် ဒဏ်ခံ အဆောက်အအုံတွေကို ရက်ချက်တာစကေး ၇ လောက် အထိခံနိုင်ရည် ရှိတဲ့ အဆောက်အအုံတွေ ဆောက်လုပ်လာကြပါပြီ ၊ မြန်မာပြည်မှာလည်း အခုနောက်ပိုင်းမှာ အထပ်မြင့် အဆောက်အအုံတွေ ဆောက်ပြီး ဒီအဆောက်အအုံတွေ အတွက် ငလျင်ဒဏ်ခံနိုင်အောင် ပိုင်ဖောင်ဒေးရှင်းက အစ သေသေချာချာ ဆောက်လုပ်လာကြပါပြီ ၊ ဒါကြောင့်လည်း အထပ်မြင့် အဆောက်အအုံ တော်တော်များများက သာမန် ကန်ထရိုက်တိုက်တွေနဲ့ မတူဘဲ တော်ရုံတန်ရုံ ငလျင်ဒဏ်ကို ခံနိုင်ရည်ရှိပါတယ် ၊ ကုန်ကျစရိတ်ကတော့ တော်တော်များလို့ အထပ်မြင့်အဆောက်အအုံတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ
ကွန်ဒိုတွေအဖြစ်ဘဲ ရောင်းလို့ရတာဖြစ်ပါတယ် ၊ဒါပေမယ့် ပစ္စည်းကောင်းကောင်း အရည်အသွေးကောင်းကောင်း အသုံးချဖို့ ၊ ကုန်သင့်နေရာမှာ အကုန်ခံပြီး နေထိုင်သူတွေ စိတ်ချမ်းသာဖို့ အတွက်တော့ လုပ်ပေးဖို့ developer တွေမှာ တာဝန်ရှိပါတယ်။

AutoCad ဒီဇိုင်းဆရာက လှတပတဆွဲထားတဲ့ အရောင်းပြခန်းထဲက စာအုပ်ပေါ်က စိတ်ကူးယဉ်ပုံတွေကြည့်ပြီး အရောင်းကြော်ငြာမော်ဒယ်(လ်) လေးတွေက pile foundation လည်းပါပါတယ် ၊ ငလျင်ဒဏ်လည်းခံနိုင်ပါတယ် ၊ ၀န်ဆောင်မှုလည်း အပြည့်ပေးပါမယ်ဆိုတဲ့ စကား တွေလောက်နဲ့ တော့ ငွေကျပ်သိန်းထောင်ကျော်တန်တဲ့ ကွန်ဒိုတွေ ၊ ကွန်ဒိုမကျ ကန်ထရိုက်တိုက်ခန်းမကျ စကောဇက အခန်းတွေ အတွက်လည်း မျက်စိမှိတ်ပြီး မယုံစေချင်ပါဘူး ၊ကိုယ်ဝယ်မယ့် တိုက်ခန်း ၊ ကွန်ဒိုတွေကို ဘယ်ကုမ္မဏီတွေ ဆောက်တာလဲ ၊ ဒီကုမ္မဏီတွေက ဆောက်လုပ်ရေး လောကမှာ နာမည်ပျက်တာ ရှိဖူးလား ၊ အရည်အသွေးကောင်းရဲ့လား ၊
ပြောထားတဲ့အရည်အသွေး ၀န်ဆောင်မှု အတိုင်း လုပ်ပေးရဲ့လားဆိုတဲ ကုမ္မဏီရဲ့ နောက်ခံသမိုင်းကြောင်း ၊ Profile ကိုလည်း အရင်လေ့လာပြီးမှ ၀ယ်ယူဖို့လိုပါတယ် ၊ ပေါ်လာလိုက်ပျောက်သွားလိုက် ကုမ္မဏီတွေ ၊
သာမန် ထက်ဈေးချိုချို ထုတ်ရောင်းတဲံ ကုမ္မဏီတွေက ရောင်းတဲ့ တိုက်တွေ ဆိုရင်တော့ မိသားစု ဘ၀ နောင်ရေး ၊ တိုက်ရဲ့အရည်အသွေး ၊ငလျင်ဒဏ်ကို
ခံနိုင်ရည်ရှိနိုင်မရှိနိုင်ဆိုတာကို တော်တော်လေးစဉ်းစာချင့်ချိန်ပြီးမှ ၀ယ်ယူနေထိုင်သင့်ပါကြောင်း တင်ပြလိုက်ပါသည်။

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး
အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး
ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...
ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...
အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...
အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...
ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း...
ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း...
“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...
“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...
စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...
စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...
စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခု စင်္ကာပူလူမှုကွန်ရက် သုံးစွဲသူတို့အကြား နာမည်ကြီးနေ...
စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခု စင်္ကာပူလူမှုကွန်ရက် သုံးစွဲသူတို့အကြား နာမည်ကြီးနေ...
အမေရိကန်ပြည်တွင် အရက်သေစာ သောက်စားမှု ပိတ်ပင်ခဲ့သည့်ခေတ်က ရုပ်ရှင်မင်းသမီး မာရီလင်မွန်ရိုးနှင့် နာမည်ကြီး ပြဇာတ်ရေးဆရာ အာသာမေလာတို့ လျှို့ဝှက်အရက်သောက်ခဲ့သော အရက်ဘားပါသည့် ယာတောအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် အရော...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရသည့်ဖြစ်ပုံ...
အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရသည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ
အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ
အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။
လော့စ်အိန်ဂျလိတောမီးကြောင့် ပြာကျသွားသည့် နေအိမ်တစ်လုံးကို ဝယ်ယူရန် ကမ်းလှမ်းသူပေါင်း ၆၀ ဦး ကျော်ရှိခဲ့ပြီး ဒေါ်လာ ၁ သန်
လော့စ်အိန်ဂျလိတောမီးကြောင့် ပြာကျသွားသည့် နေအိမ်တစ်လုံးကို ဝယ်ယူရန် ကမ်းလှမ်းသူပေါင်း ၆၀ ဦး ကျော်ရှိခဲ့ပြီး ဒေါ်လာ ၁ သန်
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသ
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသ
ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ
ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ
တရုတ်ပြည်တွင် လူငယ်တို့အကြား Disneyland ၏ တစ်နှစ်တာ ဝင်ခွင့်လက်မှတ် ဝယ်ယူထားကာ ကစားကွင်းထဲတွင် ကျောင်းစာလေ့လာမှု ခေတ်စား
တရုတ်ပြည်တွင် လူငယ်တို့အကြား Disneyland ၏ တစ်နှစ်တာ ဝင်ခွင့်လက်မှတ် ဝယ်ယူထားကာ ကစားကွင်းထဲတွင် ကျောင်းစာလေ့လာမှု ခေတ်စား
ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ
ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
Maha Nadi Condominium
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service