နယူးယောက်အိမ်ခြံမြေရောင်းဝယ်ငှားဝက်ဘ်ဆိုက်ဒ် TripleMint က ထုတ်ပြန်လိုက်သည့် ၂၀၁၆ ခုနှစ်တွင် နယူးယောက်အိမ်ခြံမြေအား နိုင်ငံခြားသားများ၏ ၀ယ်ယူရန်ရှာဖွေခဲ့မှုစာရင်း၌ အထူးခြားဆုံးအဆင့်ခုန်တက်သူနေရာကို
ရုရှားနိုင်ငံသားတို့ကသိမ်းပိုက်ခဲ့သည်။
ရုရှားနိုင်ငံသားများသည် ၂၀၁၅ ခုနှစ်ရှာဖွေခဲ့မှုစာရင်းတွင် အဆင့်
၂၀၌သာ ရှိခဲ့ရာမှ အမေရိကန်သမ္မတရွေးကောက်ပွဲအား ရုရှား၏လျှို့
ဝှက်အကူအညီဖြင့် အောင်နိုင်ခဲ့သည်ဟု သတင်းထွက်နေသည့် လက်ရှိအမေရိကန်သမ္မတဒေါ်နယ်ထရမ့်
ရွေးကောက်ခံရသည့်၂၀၁၆ ခုနှစ်တွင် ၁၈ဆင့်ခုန်တက်ကာ
အဆင့် ၂ (ရှာဖွေမှုဒုတိယအများဆုံး) သို့
တစ်ဟုန်ထိုးမြင့်တက်ရောက်ရှိခဲ့သည်။
ရုရှား၏အထက်တွင် ယူကေသာ ရှိတော့သည်။
ယူကေကမူ ထိပ်တန်းပထမနေရာတွင် ရှိမြဲရှိဆဲဖြစ်သည်။
ဥရောပသမဂ္ဂ(အီးယူ) မှ ယူကေ နုတ်ထွက်၊ မထွက် ဆန္ဒခံယူပွဲပြီး
နောက် ၄ ရက်တာအတွင်း ရှာဖွေမှုသည် ပုံမှန်ထက် ၃၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ကာ၂၀၁၆ ၏ ရှာဖွေခံရမှုအမြင့်မားဆုံးနေ့ရက်များဖြစ်ခဲ့သည်။
ရုရှားနှင့်ဆန့်ကျင်ဘက် အထူးခြားဆုံးအဆင့်လျော့ကျခဲ့
သူမှာ မက္ကဆီကိုနိုင်ငံသားများ ဖြစ်သည်။ အမေရိကန်-မက္ကဆီကို မူဝါဒအပြောင်းအလဲများက မက္ကဆီကိုအများအပြားကို
နယူးယောက်တွင် အိမ်ရှာဖွေခြင်းမှ စွန့်ခွါစေခဲ့ခြင်းဖြစ်သည်။
၂၀၁၅ ခုနှစ်စာရင်းမှ ၉ ဆင့် လျော့ကျကာ
၂၀၁၆ တွင် အဆင့်၁၈ သို့ ကျဆင်းခဲ့သည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com