တရုတ်နိုင်ငံ၏ အဓိကမြို့များ၌ အိမ်ခြံမြေဈေးကွက်များသည် အာဏာပိုင်များက
ဈေးနှုန်းမြင့်တက်မှုကိုထိန်းချုပ်လျှော့ချသည့် စီမံချက်များစွာ ချမှတ်လာခဲ့ပြီးနောက်
ယခုတိုင်တောာက်လျှောက် တည်ငြိမ်လာခဲ့ကြောင်း ပြီးခဲ့သည့်စနေနေ့ (မတ် ၁၈)
ကထွက်ရှိလာခဲ့သည့် တရားဝင်စစ်တမ်းတစ်ရပ်အရ သိရသည်။
၎င်းစစ်တမ်းအား တရုတ်အမျိုးသားစာရင်းအင်းဗျူရိုက မြို့ကြီးများနှင့် အလယ်အလတ်
အရွယ်အစားရှိ မြို့ပြ စုစုပေါင်း ၇၀ ကို လေ့လာဆန်းစစ်၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ထိုမြို့များအနက်
၄၉ မြို့သည် လူနေအိမ်သစ်ရောင်းအား၌ ယခင်လ (ဖေဖော်ဝါရီ)
တွင် ဇန်န၀ါရီအောက် ကျဆင်းခဲ့ခြင်းနှင့် ၀ ဒသမ ၅ ရာခိုင်နှုန်းအောက်သာ မြင့်တက်ခဲ့ခြင်းတို့ ရှိခဲ့ကြောင်း
ဗျူရိုက လေ့လာတွေ့ရှိခဲ့သည်။
အသေးစိတ်အားဖြင့် ဆိုရသော် အိမ်ခန်းသစ်ဈေးတွင် ယင်းမြို့ ၇၀ အနက် ၁၂ မြို့က ဖေဖော်ဝါရီတွင် ဇန်န၀ါရီအောက်
ကျဆင်းခဲ့ကာ ၃၇ မြို့က ၀ ဒသမ ၅ ရာခိုင်နှုန်းအောက်
သာ မဆိုစလောက် မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ဗျူရို၏ အကြီးတန်းစာရင်းအင်းပညာရှင်
လျိုကျန်းဝေက ပြောကြားခဲ့သည်။
ကျန် ၁၉ မြို့၌ ၀ ဒသမ ၅ ရာခိုင်နှုန်းအထက် မြင့်မားသောနှုန်းဖြင့် အိမ်ဈေးများမြင့်တက်
ခဲ့ကာ ၂ မြို့တွင်သာ မပြောင်းမလဲ၊ တည်ငြိမ်ခဲ့ကြောင်း ဗျူရိုက ထုတ်ပြန်ခဲ့သည်။
ပေကျင်းနှင့် ရှန်ဟိုင်းကဲ့သို့သော ပထမတန်းစား မြို့ကြီးများ၏ အိမ်သစ်ဈေးများသည်
ဖေဖော်ဝါရီတွင် ဇန်န၀ါရီကထက် ပျမ်းမျှအားဖြင့် ၀ ဒသမ ၁ ရာခိုင်နှုန်းသာ မြင့်တက်ခဲ့
ပြီး ဒုတိယတန်းစားနှင့် တတိယတန်းစားမြို့ကြီးများတွင် ပျမ်းမျှအားဖြင့် ၀ ဒသမ ၃
ရာခိုင်နှုန်းနှင့် ၀ ဒသမ ၄ ရာခိုင်နှုန်းစီ အသီးသီး မြင့်တက်ခဲ့ကြောင်းလည်း ဗျူရိုက
ထုတ်ပြန်ခဲ့သည်။
အိမ်ခြံမြေဈေးကွက်တည်ငြိမ်စေရန်နှင့် ဈေးကစားမှုများအား ထိန်းချုပ်လျှော့ချရန်
တရုတ်နိုင်ငံတစ်ဝန်း အာဏာပိုင်များက အဓိကမြို့အများအပြားတွင် အိမ်ခြံမြေ
စည်းမျဉ်းများအား ပြီးခဲ့သည့် စက်တင်ဘာနှောင်းပိုင်းမှစတင်ကာ တင်းကျပ်လာခဲ့သည်။
မြန်မာနိုင်ငံသားများအကြား လူသိများသည့် နန်ကျင်းမြို့နှင့် တရုတ်အရှေ့ပိုင်းဆိပ်ကမ်း
မြို့ ဖြစ်သည့် ချင်းသောင်မြို့တို့တွင် ယခုနောက်ဆုံးတင်းကျပ်လိုက်သည့် မြို့များအဖြစ်
ပြီးခဲ့သည့် သီတင်းပတ် (မတ် ၁၆) က တင်းကျပ်ခဲ့သည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com