ရွှေထည်ခွန်အတွက် တံဆိပ်ခေါင်းများ အချိန်မီမပြီးသော်လည်း ရွှေဆိုင်များ ဧပြီ၁ရက်ကစ၍ အခွန်ကောက်ရမည်ဟုဆို

ရွှေထည်ခွန်အတွက် တံဆိပ်ခေါင်းများ အချိန်မီမပြီးသော်လည်း ရွှေဆိုင်များ ဧပြီ၁ရက်ကစ၍ အခွန်ကောက်ရမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
20 Mar 2017 9:59 am တွင် တင်ခဲ့သည်
4412 ကြိမ် ကြည့်ရှု့ပြီး
ရွှေနှင့်ဆက်စပ်သောရတနာများ အခွန်ကောက်ခံရန် တံဆိပ်ခေါင်းများ ဧပြီ ၁ ရက်တွင် မရနိုင်သေး သော်လည်း ရွှေဆိုင်များက အခွန်ကို ကြိုတင်
ကောက်ခံထားရမည်ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ သတင်း ရရှိသည်။

ရွှေထည်များအတွက် အထူး တံဆိပ်ခေါင်းများ ရိုက်နှိပ်ရန် မှာထားသော် လည်း အချိန်မီ မရနိုင်၍ ဆိုင်များက ကြိုတင်ကောက် ခံထားရမည်ဟု အဆို ပါ ဌာနညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က 7Day Daily အား ပြောသည်။

ရွှေထည်လက်ဝတ်ရတနာ များ ကို အခွန် ၁ ရာခိုင်နှုန်းကောက်ခံမည်
ဖြစ်သော်လည်း အခေါက်ရွှေတုံးနှင့် လက်ဝတ်ရတနာတွင် စွဲကပ်ထားေ သာ ကျောက်မျက်ရတနာများအတွက် အခွန် ၅ ရာခိုင်နှုန်းကောက်ခံရ မည်ဖြစ်ကြောင်း အခွန်ဌာနက ရွှေလုပ်ငန်းရှင်များထံ အကြောင်းကြား ခဲ့ကြောင်း အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်က ပြောသည်။

‘‘ဒုဝန်ကြီးကတော့ ဒီနှုန်း တွေက ပြင်ဆင်မယ်ဆိုရင် နောက်နှစ်မှ လုပ်နိုင် မယ်။ ၂၀၁၇ အ တွက်တော့ အတည်ဖြစ်သွားပြီလို့ ပြောတယ်’’ဟု ၎င်းက ဆက်လက် ပြောသည်။

ရွှေသားဖြင့် တွဲဖက်ထား သည့် ပတ္တမြား၊ နီလာ၊ ကျောက် စိမ်း၊ စိန်နှင့် ပ လက်တီနမ် စသည့် ရတနာများအတွက် ၅ ရာခိုင်နှုန်း ဖြစ်ပြီး ရွှေသားအ တွက် ၁ ရာခိုင်နှုန်း အခွန်ဆောင်ရမည်ဟု ဦးအောင်က ပြောသည်။

အထူးကုန်စည်တွင် မပါဝင် သည့် အခေါက်ရွှေသည် ဥပဒေ အရ ၅ ရာ ခိုင်နှုန်းပေးဆောင်ရ မည်ဖြစ်ပြီး အခွန်တံဆိပ်ခေါင်း မကပ်သည့် ရွှေဆိုင် များကို တတိယ အကြိမ်အထိ ငွေဒဏ်တပ်ရိုက် မည်ဖြစ်ကာ နောက်ဆုံး အ ဆင့်တွင် တရားစွဲဆိုသွားမည်ဟု ဦးမင်းထွဋ်က ပြောသည်။

ဧပြီ ၁ ရက်တွင် အခွန်စတင်ကောက်ခံမည်ဖြစ်သောကြောင့် လက်ရှိ ဈေး ကွက်၌ လက်ဝတ် ရတနာနှင့် အခေါက်ရွှေများ အ၀ယ်များနေကြောင်း ရွှေ ဆိုင် လုပ်ငန်းရှင်များထံမှ သိရသည်။

ယခင်က ရွှေဆိုင်များကို အ ခွန်ကောက်ရာတွင် ကုန်သွယ် လုပ်ငန်းခွန် ကို ရွှေဆိုင်များ၏ ရောင်းအား ခန့်မှန်းခြေဖြင့်သာကောက်ခံခဲ့ရကြောင်း ဦးေ အာင်က ပြောသည်။

၂၀၁၇ ပြည်ထောင်စုအခွန် အကောက်ဥပဒေတွင် လက်ဝတ်ရတနာများ၌ စွဲကပ်ထားသော ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ စိန်၊ မြ နှင့် အခြားကျောက် မျက် ရတနာများအတွက် အခွန် ၅ ရာ ခိုင်နှုန်း၊ ရွှေထည်လက်ဝတ်ရတနာ များအတွက် အခွန် ၁ ရာခိုင် နှုန်းနှင့် အထူးကုန်စည်တွင် မပါဝင်သည့် အေ ခါက်ရွှေတုံးများအ တွက် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရ မည်ဟု ပြဋ္ဌာန်းထားသည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး

ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...

အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း...

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခု စင်္ကာပူလူမှုကွန်ရက် သုံးစွဲသူတို့အကြား နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အရက်သေစာ သောက်စားမှု ပိတ်ပင်ခဲ့သည့်ခေတ်က ရုပ်ရှင်မင်းသမီး မာရီလင်မွန်ရိုးနှင့် နာမည်ကြီး ပြဇာတ်ရေးဆရာ အာသာမေလာတို့ လျှို့ဝှက်အရက်သောက်ခဲ့သော အရက်ဘားပါသည့် ယာတောအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် အရော...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရသည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည်

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ

လော့စ်အိန်ဂျလိတောမီးကြောင့် ပြာကျသွားသည့် နေအိမ်တစ်လုံးကို ဝယ်ယူရန် ကမ်းလှမ်းသူပေါင်း ၆၀ ဦး ကျော်ရှိခဲ့ပြီး ဒေါ်လာ ၁ သန်

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ

အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တ

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ

တစ်ယောက်တည်းရှုပ်နေတဲ့ Elon Musk (သို့) OpenAI ၏ စီအီးအို Sam Altman က ၎င်းတို့ ကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသည့် Elon

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

Maha Nadi Condominium
Villa Shukhinthar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service