လက်ရှိအချိန်ကာလသည် ဆယ်တန်းစာမေးပွဲပြီးသည့်
ကာလဖြစ်နေပြီး ပြည်တွင်းခရီးသွားမှုများပြားနေသဖြင့် အိမ်ခြံမြေဘက်ကို စိတ်ဝင်စားမှုလျော့ကျလာကာ အရောင်းပါးလာကြောင်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရှင်များမှ ဆိုသည်။
""ဒီကာလကတော့ အိမ် ခြံ မြေ အရောင်းပါးတယ်။ဘာကြောင့်လဲ
ဆိုတော့ကလေးတွေစာမေးပွဲပြီးလို့မိသားစုလိုက်ခရီး
ထွက်နေကြတာကများတယ်။အဲဒီတော့ အိမ်ခြံမြေဘက်ကို ရင်းနှီးမြုပ်နှံဖို့သိပ်မလှည့်ကြဘူးဖြစ်နေတယ်။ဒီတော့ အရောင်းအဝယ်ပါးတယ်ပေါ့။""ဟု စိုင်းခွန်နောင်အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ MD ကပြောပြသည်။
အိမ် ခြံ မြေ အရောင်းအဝယ်ကဏ္ဍတွင် မြေကွက် ၊
လုံးချင်း အစရှိသည်များကို စိတ်ဝင်တစားဝယ်ယူမြုပ်နှံမှုမှာ ယခင်ထက်များစွာအားနည်းလာကြောင်းလည်းတွေ့ရှိရသည်။
""တကယ်နေဖို့ဝယ်တဲ့သူတွေကလည်း သိန်းထောင်ချီးကို ဝယ်နိုင်တာကနည်းတယ်။နောက်ပြီးနေထိုင်ရုံအတွက်ရည်ရွယ်တဲ့ တန်ဖိုးနည်းအိမ်ရာတွေ ၊ တိုက်ခန်းတွေ အရစ်ကျစနစ်တွေကလည်း
ရှိတော့ သူ့ဟာနဲ့သူပဲသွားကြတယ်။အဓိက က ဒီနောက်ပိုင်းမှာ ဘာဖြစ်လာသလဲဆိုရင် အိမ် ခြံ မြေမှာရင်းနှီးမြုပ်နှံတဲ့ဈေးကွက်က အားနည်းလာတယ်။""ဟု အိမ် ခြံ မြေ လေ့လာစောင့်ကြည့်သူတစ်ဦးမှ ဆိုသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေမှာအငှားသာ
အဖြစ်များနေပြီး မြို့တွင်း ခြောက်မြို့နယ်နှင့် တောင်ဥက္ကလာ ၊ရန်ကင်း ၊ သင်္ဃန်းကျွန်းစသည့်နေရာများတွင် ငှားရမ်းမှုများပြားလျက်ရှိသည်။
မင်းချို မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com