ကမ္ဘာ့ဘဏ်မှ ဖွံ့ဖြိုးမှု မူဝါဒဆိုင်ရာ ချေးငွေ (DPO) အမေရိကန်ဒေါ်လာ သန်း ၂၀၀ ရယူနိုင်ရေး အစိုးရ၏ တင်ပြမှုကို မတ်လ ၁၇ ရက်က ပြည်ေ ထာင်စု လွှတ်တော်တွင် သဘောတူခဲ့သည်။
ချေးငွေရယူမည့် သဘော တူညီချက်သည် ဆိုင်းငံ့ကာလ ခြောက်နှစ်၊ ပြန် ဆပ်ကာလ ၃၂ နှစ် စုစုပေါင်းချေးငွေ သက်တမ်း ၃၈ နှစ်ဖြစ်ပြီး ဝန်ဆောင်ခ သည် တစ်နှစ်လျှင် ၀ ဒသမ ၇၅ ရာခိုင် နှုန်းဖြစ်ကြောင်း စီမံကိန်းနှင့် ဘ ဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းပြသည်။
‘‘ချေးငွေသက်တမ်း ၃၈ နှစ်အတွင်း အရင်းအတိုး စုစုပေါင်း အမေရိကန်ေ ဒ်ါလာ ၂၃၃ ဒသမ ၃၇၅ သန်း ပေးရမှာ ဖြစ်ပါတယ်’’ဟု ဒုဝန်ကြီးက ပြော သည်။
DPO ချေးငွေသည် အခြားသော စီမံကိန်းဆိုင်ရာ ချေးငွေများနှင့် သဘော သဘာဝ မတူညီဘဲ အစိုးရ၏ ဘတ်ဂျက်သို့ တိုက်ရိုက် ထည့်ဝင်ပေးသည့် စနစ်ဖြစ်ပြီး ယင်းသို့ ထည့်ဝင်ပေးခြင်းဖြင့် ချေးငွေကို အတိုးနှုန်း သက်သာ စွာဖြင့် နှစ်ရှည်ရရှိနိုင်ပြီး လွတ်လပ်စွာ သုံးစွဲနိုင်ကြောင်း ၎င်းက ပြောသည်။
ချေးငွေကို နိုင်ငံတော်ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန် ကြီးဌာနက ရယူ ရမည် ဖြစ်သည်။
အာဆီယံနိုင်ငံများအနက် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ လာအို၊ ဖိလစ်ပိုင် နိုင်ငံ များသည် ကမ္ဘာ့ဘဏ်မှ DPO ချေးငွေ ရရှိဖူးခဲ့ပြီး ဗီယက်နမ်နိုင်ငံသည် DPO ချေးငွေ ၁၄ ခု၊ ကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံအထိ ရရှိခဲ့ပြီး အင်ဒို နီးရှားနိုင်ငံသည် ဒေါ်လာနှစ်ဘီလီယံအထိ ရရှိခဲ့ရာ ယင်းချေးငွေများကို အ သုံးပြုပြီး ဖွံ့ဖြိုးအောင် ဆောင်ရွက်နိုင်ခဲ့သည်ဟု ဦးမောင်မောင်ဝင်း က ပြောသည်။
DPO ချေးငွေကို ကမ္ဘာ့ ဘဏ်အဖွဲ့ဝင် နိုင်ငံများအနက် လက်ရှိအခြေအနေ တွင် ဖွံ့ဖြိုးမှု နိမ့်ကျနေသော်လည်း အနာဂတ် ၌ ဖွံ့ဖြိုးမှု အလားအလာေ ကာင်းမွန်သော စွမ်းဆောင်ရည်အတွက်လည်း ယုံကြည်စိတ်ချရသည့် အခြေအနေတွင် ရှိသော နိုင်ငံများကို ရွေးချယ်ပြီး ပေးအပ်ခြင်းဖြစ်ကြောင်း ဒုဝန်ကြီးက ပြောကြားသည်။
အဆိုပါချေးငွေ ချေးယူရန် လွှတ်တော်က သဘောတူသဖြင့် လာမည့် ဧပြီ တွင် ချေးငွေစာချုပ် ညှိနှိုင်းမှု ပြုလုပ်မည် ဖြစ်ကြောင်း ဒုဝန်ကြီး၏ ရှင်းပြချက် အရ သိရသည်။
‘‘ကမ္ဘာ့ဘဏ်ရဲ့ လုပ်ထုံးလုပ်နည်းများအရ ၂၀၁၇ ဇွန်လမှာ ကျင်းပမယ့် ကမ္ဘာ့ဘဏ်ရဲ့ ဘုတ်အဖွဲ့ကို တင်ပြဖို့ လိုအပ်ပါတယ်။ ဒီလိုတင်ပြနိုင်ဖို့ က ချေးငွေအမှုတွဲ တစ်ရပ်လုံးကို တစ်လ ကြိုတင်ပြီးတော့ မေလမှာ ကမ္ဘာ့ ဘဏ်ကို ပေးပို့ရမှာ ဖြစ်ပါတယ်’’ဟု ဒုဝန်ကြီးက ပြောသည်။
Credit: 7DayDaily