စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ခြေလှမ်းသစ်

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ခြေလှမ်းသစ် - Property News in Myanmar from iMyanmarHouse.com
17 Mar 2017 11:34 am တွင် တင်ခဲ့သည်
1289 ကြိမ် ကြည့်ရှု့ပြီး
နိုင်ငံတော်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာ၌ လယ်ယာစိုက်ပျိုးရေးကဏ္ဍနှင့် အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည်ကို စီးပွားရေးပညာရှင်တို့က ထောက်ပြကြ ပါသည်။ လယ်ယာစိုက်ပျိုးရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုရာ၌ လည်း တောင်သူလယ်သမားအများစုဖြစ်သော လုပ်ကွက်ငယ်လယ်သမား တို့၏ဘ၀ တိုးတက်မှုကို ဖော်ဆောင်နိုင်မှသာ တိုင်းပြည်စီးပွားရေးဖွံ့ ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ် အထောက်အပံ့ ဖြစ်မည်ဖြစ်ပါသည်။

လုပ်ကွက်ငယ် တောင်သူလယ်သမားတို့၏ အဓိကလိုအပ်ချက်များမှာ စိုက်ပျိုးရေးစရိတ်ချေးငွေ လုံလုံလောက်လောက် ရရှိရေးနှင့် စပါးပေါ်ချိန်တွင် ရရာဈေးဖြင့် ထိုးရောင်းရသောဘ၀မှ လွတ်မြောက်ရေး အတွက် ငွေကြေးထောက်ပံ့မှုစနစ် တစ်ရပ်တို့ဖြစ်ပါသည်။ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အဓိက လိုအပ်ချက် တစ်ရပ်မှာလည်း ချေးငွေလုံလုံလောက်လောက် ရရှိရေးပင် ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ဆိုရှယ်လစ်စီးပွားရေးစနစ် အကောင်အထည်ဖော်ခဲ့သော ၁၉၆၂ ခုနှစ်မှစ၍ ဘဏ်လုပ်ငန်းအားလုံးကို နိုင်ငံပိုင်သိမ်းယူ ခဲ့သောကြောင့် မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းတို့ ပြိုလဲခဲ့ရပါ သည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်တွင် နိုင်ငံပိုင်ဘဏ်လုပ်ငန်းတို့သည် ဗဟိုချုပ်ကိုင်သော ဆိုရှယ်လစ်စီးပွားရေးစီမံကိန်းတို့ကို နိုင်ငံရေး အမိန့်အာဏာ တို့၏ စေခိုင်းချက်နှင့်အညီ ပံ့ပိုးပေးရသော အခန်းကဏ္ဍမှသာ ပါဝင်ခဲ့ရပါသည်။ တစ်နည်းဆိုသော် ၂၆ နှစ်ကြာဖြစ်သော မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်တွင် နိုင်ငံတော်ဘဏ်တို့၏ ဈေးကွက်စီးပွားရေးစနစ်ကို ပံ့ပိုးပေးနိုင်သည့် ကျွမ်းကျင်မှု အရည်အချင်းတို့ ပျောက်ကွယ်ဆုံးရှုံးခဲ့ရပါသည်။

စစ်ကောင်စီခေတ်တွင် ဈေးကွက်စီးပွားရေးစနစ်ကို ပံ့ပိုးပေးမည့် ပုဂ္ဂလိကဘဏ်တို့ ပေါ်ထွန်းလာသော်လည်း ကမ္ဘာ့စီးပွားရေးစနစ်နှင့် ကွင်းဆက်ပြတ်နေသော ကာလဖြစ်၍ ပုဂ္ဂလိကဘဏ်တို့၏ အရည်အသွေး မြှင့်တင်ခြင်းကို အကန့်အသတ်ဖြင့်သာ ဆောင်ရွက်နိုင် ခဲ့ပါသည်။

ဗဟိုဘဏ်၏ စီစစ်သုံးသပ်ချက်များအရ ပုဂ္ဂလိကဘဏ်များသည် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ငွေထုတ်ချေးမှု အားနည်းလျက်ရှိပြီး ဘဏ်ကို ပိုင်ဆိုင်သော ကုမ္ပဏီကြီးတို့၏ စီးပွားရေးလုပ်ငန်းများနှင့် နီးစပ်ခင်မင်ရာ ပုဂ္ဂိုလ်လုပ်ငန်းရှင်များကိုသာ ငွေထုတ်ချေးမှုများပြားလျက် ရှိသည်ဟု သိရှိရပါသည်။

အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကဘဏ်တို့၏ ချေးငွေထုတ်ပေးမှုသည် အားနည်းသောအဆင့်တွင် ရှိနေသော်လည်း လုပ်ကွက်ငယ်တောင်သူ လယ်သမားတို့အတွက် ပုဂ္ဂလိကဘဏ်တို့၏ ချေးငွေထုတ်ပေးမှုသည် မဆိုစလောက်သာရှိပါသည်။

သုံးသပ်ရမည်ဆိုပါက လက်ရှိအနေအထားတွင် တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အဓိကအရေးပါသော ကဏ္ဍကြီးနှစ်ရပ်အတွက် ပုဂ္ဂလိကဘဏ်တို့က ချေးငွေထုတ်ပေးနိုင်မှုသည် လိုအပ်ချက်ထက် များစွာလျော့နည်းလျက်ရှိပါသည်။

ဤကဲ့သို့သော အခြေအနေမျိုး၌ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက နိုင်ငံခြား ဘဏ်များအား ပြည်တွင်း၌ လက်ရှိအနေအထားထက် လုပ်ပိုင်ခွင့်များပိုမိုပေးအပ်ရန် စီစဉ်ဆောင်ရွက်နေခြင်းသည် ကြိုဆိုရမည့် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း လေးစားစွာဖော်ပြအပ်ပါသည်။ ။

Credit: MOI Webportal Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး

ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...

အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း...

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခု စင်္ကာပူလူမှုကွန်ရက် သုံးစွဲသူတို့အကြား နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အရက်သေစာ သောက်စားမှု ပိတ်ပင်ခဲ့သည့်ခေတ်က ရုပ်ရှင်မင်းသမီး မာရီလင်မွန်ရိုးနှင့် နာမည်ကြီး ပြဇာတ်ရေးဆရာ အာသာမေလာတို့ လျှို့ဝှက်အရက်သောက်ခဲ့သော အရက်ဘားပါသည့် ယာတောအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် အရော...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရသည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဘရက်ပစ်နဲ့ ရောဘတ်ပက်တင်ဆန်တို့ကို ဖြတ်ကျော်ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့အချောဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတဲ့ V (BTS) က ပရိသ

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ

Villa Shukhinthar
Maha Nadi Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service