ကမ္ဘာ့ရွှေဈေး ကျဆင်းပြီး အမေရိကန် ငွေလဲလှယ်နှုန်းပါ ကျဆင်းနေတာကြောင့် ပြည်တွင်းရွှေဈေဟာ အကျပိုင်းမှာ ရှိနေပါတယ်။
အတက်နည်းနည်းပြပြီး ခုပြန် ဆင်းသွားတယ်။ အတိုးနှုန်း တက်မယ်ဆိုတဲ့ သတင်းက ၉၃ ရာခိုင်နှုန်းလောက် ကျိန်းသေနေတော့ ကမ္ဘာ့ရွှေဈေး က ပြန်ကျသွားတယ်။ ပြည်တွင်း ငွေလဲနှုန်းကလည်း နည်းနည်း ကျပြီ ဆိုေ တာ့ နှစ်ခုဆုံပြီး ပြည်တွင်းဈေးလည်း လိုက်ကျတယ်လို့ ရွှေဈေးကွက် လေ့ လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ အပတ်က ပြည်တွင်း ရွှေဈေးဟာ တစ်ကျပ်သားကို ကျပ် ၈၉၀,၀၀၀ ဝန်းကျင် ရှိရာမှ ယနေ့မှာတော့ ကျပ် ၈၈၀,၀၀၀ ဝန်းကျင်ကို ရောက်ရှိနေ ပါတယ်။ ကမ္ဘာ့ရွှေဈေးကတော့ အတက်ထက် အကျပိုင်းကို အားသာနေပါ တယ်။
ပြီးခဲ့တဲ့ အပတ်က ကမ္ဘာ့ရွှေဈေး တစ်အောင်စကို အမေရိကန် ဒေါ်လာ ၁၂၄၅ အထိ ဈေးခုန်တက်ခဲ့ပြီး တအိအိ ပြန်လည် ကျဆင်းလာခဲ့တာ ယနေ့ မှာဆိုရင် ၁၂၀၅ ဒေါ်လာ ဝန်းကျင်မှသာ ရှိနေပါတော့တယ်။ အမေရိကန်ေ ဒ်ါလာ တန်ဖိုးကလည်း ပြည်တွင်းမှာ တစ်ဒေါ်လာကို ၁၃၆၉ ကျပ် အထိ ရှိရာမှ ယနေ့မှာတော့ ကျပ် ၁၃၆၀ ဝန်းကျင်ကို ပြန်လည် ရောက်ရှိနေ ပါတယ်။
ပြည်တွင်းရွှေဈေးကွက်အတွင်းမှာတော့ ရွှေဝယ်လိုအားများနေပြီး အရောင်း သွက် အနေအထား ဖြစ်နေပါတယ်။ လာမယ့်အပတ်အတွက် ရွှေဈေး ခန့် မှန်းချက်ကတော့ ပြည်တွင်း ရွှေဈေးနှုန်း အပြောင်းအလဲ သိပ်မရှိနိုင်ဘူး လို့ လေ့လာ သုံးသပ်ကြပါတယ်။
Credit: The Modern