အိမ်ငှားပိုင်ခွင့် လုပ်ငန်းလိုင်စင်လျှောက်ထားရန် ပညာပေးကာလ သုံးလသတ်မှတ်ထား၊ ပြီးဆုံးပါက အရေးယူမှု စတင်မည်

အိမ်ငှားပိုင်ခွင့် လုပ်ငန်းလိုင်စင်လျှောက်ထားရန် ပညာပေးကာလ သုံးလသတ်မှတ်ထား၊ ပြီးဆုံးပါက အရေးယူမှု စတင်မည် - Property News in Myanmar from iMyanmarHouse.com
16 Mar 2017 11:37 am တွင် တင်ခဲ့သည်
2060 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက လာမည့် ၂ဝ၁၇-၁၈ ဘဏ္ဍာနှစ်မှစ၍ အငှား အိမ်ငှားပိုင်ခွင့် လုပ်ငန်းလိုင်စင်များကို လျှောက် ထားရန် ပညာပေးကာလ သုံးလသတ်မှတ်လိုက်ပြီး ပညာပေးကာလ ပြီးဆုံး ပါက မလိုက်နာသူများကို စည်ပင်သာယာဥပဒေအရ အရေးယူမည်ဖြစ်
ကြောင်း စည်ပင်သာယာသန့်ရှင်းရေးဌာန ဌာနစုမှူး ဒေါ်ဝင်းမင်းသန်းက ယခုလ ၁၄ ရက်က ပြောသည်။

အိမ်ငှား လိုင်စင်စနစ်သည် ဘဏ္ဍာနှစ်သစ်အရ မတ်လကုန်တွင် စတင် အ ကျိုးသက်ရောက်မည်ဖြစ်သော်လည်း ပညာပေးကာလအဖြစ် ဧပြီလမှ ဇွန်လ အထိ သုံးလ သတ်မှတ်ထားကြောင်း ၄င်းက ပြောသည်။

''ဒီလုပ်ငန်းလိုင်စင် သတ်မှတ်ချက်တွေက အရင်ကတည်းကရှိထားတဲ့ သတ် မှတ်ချက်တွေပါ။ အခု ပညာပေးကို ကျယ်ကျယ်ပြန့်ပြန့် ထပ်လုပ်ချင်လို့ အ ချိန် သုံးလ ထပ်ပေးတာပါ။ သိပြီးလို့ ကြိုတင်လာ လုပ်ချင်ရင်လည်း ရပါ တယ်။ ပညာပေးကာလအတွင်းမှာ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး
တွေနဲ့လည်း ညှိနှိုင်းဆောင်ရွက်သွားဖို့ ရှိပါတယ်'' ဟု ဒေါ်ဝင်းမင်းသန်း က ပြောသည်။

ပညာပေးကာလ သုံးလအတွင်း မန္တလေးနေ့စဉ်သတင်းစာ၌ တစ်လလျှင် အ နည်းဆုံးငါးကြိမ် ဆက်လက် အသိပေးကြေညာသွားမည်ဖြစ်ကြောင်း လည်း ပြောသည်။ ယခုလိုင်စင်နှင့် ပတ်သက်ပြီး ပြီးခဲ့သော ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာလတွင်လည်း မန္တလေးနေ့စဉ်သတင်းစာ၌ အသိပေး
ကြေညာခဲ့ပြီး ယခု မတ်လ ၁၂ ရက်တွင်လည်း ထပ်မံအသိပေးထားသည်။

အငှားအိမ်ငှားပိုင်ခွင့် လိုင်စင်မလျှောက်ဘဲ အဆောက်အအုံ ငှားရမ်းခြင်း ပြု ပါက စာဖြင့်သတိပေးခြင်း၊ တရားရုံးတွင် တရားစွဲ ဆိုပြီး စည်ပင်ဥပဒေအရ အရေးယူခြင်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ လိုင်စင်နှုန်းထားကို အိမ်ငှားရမ်းခ၏ ငါးရာခိုင်နှုန်း သတ်မှတ်ထားကြောင်းနှင့် တစ်နှစ်ချင်း
ပေးဆောင်ရမည်ဖြစ်ကြောင်း ဒေါ်ဝင်းမင်းသန်းက ပြောသည်။

အိမ်ငှားလုပ်ငန်းများမှာ ယခင်ကထက် များစွာဖွံ့ဖြိုးလာပြီး အိမ်ငှားသူများ အခွန်မဆောင်သည့် အတွက် အခြားသော ဟိုတယ်၊ တည်းခိုခန်း၊ ဘော် ဒါဆောင် စသော အခွန်ဆောင်ထားသော လုပ်ငန်းရှင်များ နစ်နာမှု ရှိေ ကြာင်း၊ ယခုအခါ တစ်ပြေးတည်းဖြစ်အောင် လုပ်ဆောင်ခြင်းဖြစ်ကာ
အခွန် လွတ်နေသူများကိုပါ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း သန့်ရှင်းရေးဌာန ဌာနခွဲမှူး ဦးစိုးတင့်အောင်က အငှားအိမ်ငှား ပိုင်ခွင့်လိုင်စင်ကိစ္စကို စတင် အသိပေးကြေညာစဉ်က ပြောသည်။

မန္တလေးမြို့တွင် လက်ရှိအိမ်ခြံမြေအရောင်းအဝယ်မှာ နှေးကွေးနေကာ အ ငှားဈေးကွက်မှာမူ ဈေးကွက်တောင်းဆိုမှု ပုံမှန်ရှိနေပြီး အထူးသဖြင့် မြို့ တွင်းနေရာကောင်းများ၌ ငှားရမ်းခနှုန်းထားမှာ ပျမ်းမျှအောက်ထစ် ကျပ် ၁၅ သိန်းဝန်းကျင်အထိ ခေါ်ဈေး ရှိနေသည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး

ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...

အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း...

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခု စင်္ကာပူလူမှုကွန်ရက် သုံးစွဲသူတို့အကြား နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အရက်သေစာ သောက်စားမှု ပိတ်ပင်ခဲ့သည့်ခေတ်က ရုပ်ရှင်မင်းသမီး မာရီလင်မွန်ရိုးနှင့် နာမည်ကြီး ပြဇာတ်ရေးဆရာ အာသာမေလာတို့ လျှို့ဝှက်အရက်သောက်ခဲ့သော အရက်ဘားပါသည့် ယာတောအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် အရော...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရသည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ

တရုတ်ပြည်တွင် လူငယ်တို့အကြား Disneyland ၏ တစ်နှစ်တာ ဝင်ခွင့်လက်မှတ် ဝယ်ယူထားကာ ကစားကွင်းထဲတွင် ကျောင်းစာလေ့လာမှု ခေတ်စား

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

လော့စ်အိန်ဂျလိတောမီးကြောင့် ပြာကျသွားသည့် နေအိမ်တစ်လုံးကို ဝယ်ယူရန် ကမ်းလှမ်းသူပေါင်း ၆၀ ဦး ကျော်ရှိခဲ့ပြီး ဒေါ်လာ ၁ သန်

နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ

တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

CarsDB
Maha Nadi Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service