ဒူဘိုင်းဆောက်လုပ်ရေးနည်းပညာကုမ္ပဏီက ကမ္ဘာ့ပထမဆုံး 3D စနစ်ဖြင့် ဆေးသုတ်မည့် မိုးမျှော်တိုက် ဆောက်လုပ်မည်

ဒူဘိုင်းဆောက်လုပ်ရေးနည်းပညာကုမ္ပဏီက ကမ္ဘာ့ပထမဆုံး 3D စနစ်ဖြင့် ဆေးသုတ်မည့် မိုးမျှော်တိုက် ဆောက်လုပ်မည် - Property News in Myanmar from iMyanmarHouse.com
15 Mar 2017 12:02 pm တွင် တင်ခဲ့သည်
1491 ကြိမ် ကြည့်ရှု့ပြီး
ဒူဘိုင်းအခြေစိုက် ဆောက်လုပ်ရေးနည်းပညာကုမ္ပဏီ Cazza က ‘crane printing’ ဟုခေါ်သော ကမ္ဘာ့ပထမဆုံး 3D စနစ်ဖြင့် ဆေးသုတ်မည့် မိုးမျှော်တိုက် ဆောက်လုပ်ရန် စီစဉ်လျက်ရှိကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။

Cazza သည် ကရိန်းများနှင့် အခြားနည်းပညာပစ္စည်းများ အသုံးပြုကာ မီတာ ၈၀ နှင့်အထက် အဆောက်အအုံများကို 3D စနစ် ဆေးသုတ်နိုင်မည့် နည်းပညာကို တီထွင်ခဲ့ခြင်း ဖြစ်သည်။

Cazza ၏ အမှုဆောင်အရာရှိချုပ် ခရစ် ကယ်လ်ဆေးက ပြောကြားရာတွင် “3D ဆေးသုတ်နည်းပညာကို ကျွန်တော်တို့ ပထမဆုံးစပြီး တီထွင်ခဲ့တဲ့အချိန်တုန်းက လုံးချင်းအိမ်တွေ၊ အထပ်နိမ့်အဆောက်အအုံတွေနဲ့ပဲ ပတ်သက်ပြီး စဉ်းစားခဲ့တာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

“developer တွေက ကျွန်တော်တို့ကို မေးမြန်းလာမှုတွေရှိပါတယ်။ မိုးမျှော်တိုက်တွေကိုလည်း 3D စနစ်နဲ့ ဆေးသုတ်လို့ရမလားလို့။ ဒါကြောင့် ကျွန်တော်တို့ဟာ အထပ်မြင့်အဆောက်အအုံတွေမှာ ဒီနည်းပညာ ဘယ်လိုသုံးမလဲဆိုတာ အဖြေထုတ်ခဲ့တာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

“ကျွန်တော်တို့ရဲ့ နည်းပညာကို သုံးမယ်ဆိုရင် ဗိသုကာအရ နည်းပညာပိုင်းရှုပ်ထွေးတဲ့ အဆောက်အအုံတွေကို ယခင်က မတွေ့ခဲ့ဖူးတဲ့ မြန်နှုန်းနဲ့ ပြီးစီးနိုင်တာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကြီးမားတဲ့စီမံကိန်းကြီးတွေမှာဆိုရင် ကုန်ကျစရိတ် များစွာလျော့ကျသွားမှာပါ ” ဟုလည်း ကယ်လ်ဆေးက ပြောကြားသည်။

3D နည်းပညာကိုသုံးရာတွင် အဆောက်အအုံများ၏ အချို့သောအစိတ်အပိုင်းများကိုသာ ယင်းနည်းပညာသုံးမည်ဖြစ်ပြီး ကျန်ရှိသည့် အစိတ်အပိုင်းများကိုမူ လက်ရှိနည်းပညာများကိုသာ သုံးသည်ဟု ဆိုသည်။

Cazza က ဆောက်လုပ်မည့် 3D နည်းပညာသုံးဆေးသုတ်အဆောက်အအုံကို အာရပ်စော်ဘွားများ ပြည်ထောင်စုတွင် တည်ဆောက်မည်ဖြစ်ပြီး အဆောက်အအုံအမြင့်နှင့် စတင်မည့်အချိန်တို့ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိသေးချေ။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး

ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...

အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း...

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခု စင်္ကာပူလူမှုကွန်ရက် သုံးစွဲသူတို့အကြား နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အရက်သေစာ သောက်စားမှု ပိတ်ပင်ခဲ့သည့်ခေတ်က ရုပ်ရှင်မင်းသမီး မာရီလင်မွန်ရိုးနှင့် နာမည်ကြီး ပြဇာတ်ရေးဆရာ အာသာမေလာတို့ လျှို့ဝှက်အရက်သောက်ခဲ့သော အရက်ဘားပါသည့် ယာတောအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် အရော...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရသည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသ

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည်

ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague

Maha Nadi Condominium
Villa Shukhinthar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service