ပထမတန်းစားနှင့် အဓိကဒုတိယတန်းစားမြို့ကြီးများတွင် အိမ်ခြံမြေစည်းမျဉ်းများ တင်းကျပ်ခဲ့မှုကြောင့် တရုတ်နိုင်ငံ၌ အိမ်သစ်ရောင်းအားဖွံ့ဖြိုးမှုသည် ယခုနှစ် ပထမနှစ်လတာအတွင်း ဆက်လက်နှေးကွေးခဲ့သည်။
ဇန်န၀ါရီမှ ဖေဖော်ဝါရီအကြား အစိုးရမတည်သော တန်ဖိုးနည်းအိမ်ရာများမှအပ
နိုင်ငံတစ်ဝန်း အိမ်သစ်များအား ယွမ် ၉၁၂ ဒသမ ၁ ဘီလျံ (အမေရိကန်ဒေါ်လာ၁၃၂ ဘီလျံ) တန်ဖိုး ရောင်းချခဲ့ရပြီး ၂၀၁၆ ဇန်န၀ါရီမှ ဖေဖော်ဝါရီအကြား
ရောင်းအားထက် ၂၂ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း တရုတ်အမျိုးသားစာရင်းအင်းဗျူရိုက ယမန်နေ့ (မတ် ၁၄)က ထုတ်ပြန်လိုက်သည်။ သို့သော်လည်း ယင်းမြင့်တက်နှုန်းသည် ၂၀၁၅ ၏ ၎င်းပထမနှစ်လထက် ၂၀၁၆ ၏ ၎င်းပထမနှစ်လတွင် မြင့်တက်ခဲ့သည့်နှုန်း ၃၆ ဒသမ ၁ ရာခိုင်နှုန်းအောက် ကျဆင်းခဲ့သည်။
ဧရိယာအားဖြင့်လည်း ယခုနှစ် ထိုနှစ်လအတွင်း ရောင်းချရသည့် အိမ်သစ်ဧရိယာသည် ၂၀၁၆ ထိုနှစ်လလက် ၂၃ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၁၂၄ ဒသမ ၃၉ သန်း စတုရန်းမီတာ ရှိခဲ့သည်။ ဤတွင် ရောင်းအားတန်ဖိုးနှင့်ကွဲသည်မှာ ယင်းမြင့်တက်နှုန်း
သည် ၂၀၁၅ ၏ ၎င်းပထမနှစ်လထက် ၂၀၁၆ ၏ ၎င်းပထမနှစ်လတွင် မြင့်တက်ခဲ့
သည့်နှုန်း ၂၂ ဒသမ ၄ ရာခိုင်နှုန်းထက် မဆိုစလောက်လေး မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း
ဗျူရိုက ထုတ်ပြန်ခဲ့သည်။
ယခုနှစ်ထိုနှစ်လအတွင်း အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံကြမှုများသည် ယခင်နှစ်ထိုကာ
လကထက် ၈ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းလည်း ဗျူရိုက ထုတ်ပြန်ခဲ့သည်။
လူနေအိမ်ခြံမြေများတွင် ရင်းနှီးမြှုပ်နှံကြမှုသည် ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အိမ်သစ်ဆောက်လုပ်မှုကြမ်းခင်းဧရိယာသည် ၁၄ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
နိုင်ငံအရှေ့ပိုင်းနှင့် အနောက်ပိုင်းဒေသများတွင်ထက် အလယ်ပိုင်းတွင် ရင်းနှီးမြှုပ်နှံကြမှု
က ပိုများလာခဲ့သည်။
အိမ်ဝယ်ယူမှုများအား ပိုမိုတင်းကျပ်စွာ ထိန်းချုပ်လိုက်ခြင်းနှင့် လက်ငင်းချေရသည့် ငွေပမာဏကို တိုးမြှင့်လိုက်ခြင်းတို့ပါဝင်သည့် တင်းကျပ်သော အိမ်ခြံမြေစည်းမျဉ်းများက နိုင်ငံတစ်ဝန်း ပြီးခဲ့သည့် စက်တင်ဘာမှစတင် ချမှတ်လိုက်ကတည်းက ပြေလျော့မည့် လက္ခဏာများ ယခုတိုင်မရှိသေးဘဲ ဆက်လက်အသက်ဝင်နေဆဲ ဖြစ်သည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com