ယခုတလော အိမ်ခြံမြေ ဝယ်လိုသူတွေ မြို့နယ်တိုင်းလိုလိုမှာ လိုက်ရှာနေ တာကြောင့် အိမ်ခြံမြေ အကျိုးဆောင် ပွဲစားတွေလည်း သူ့အဆက်အသွယ်နဲ့သူ အရောင်းအဝယ်တွေ ဖြစ်နေကြတယ်လို့ သိရပါတယ်။ ဝယ်ယူလိုသူအချို့နဲ့ တွေ့ဆုံခိုက်မှာ မေးမြန်းကြည့်တဲ့ အခွ အိမ်ခြံမြေ ဝယ်ယူချင်ကြခြင်းရဲ့ အေ ကြာင်းအရင်းတစ်ခုကို သိလာရပါတယ်။
ရပ်ကွက်အတွင်း ရှာသူနဲ့ လယ်ကွင်းပြင်မှာ ရှာသူ (၂)မျိုး
အိမ်ခြံမြေ ရှာဖွေဝယ်ယူသူ အများစုကို လေ့လာကြည့်တဲ့အခါ ရပ်ကွက်အတွင်း ရှာဖွေသူနဲ့ ကွင်းခေါင်ခေါင် လိုက်ရှာသူများ ဆိုပြီး နှစ်မျိုးနှစ်စား တွေ့ရပါတယ်။ လူသူ နေထိုင်မှု နည်းပါးသေးတဲ့ ကွင်းခေါင်ခေါင်မှာ ရှာဖွေ ဝယ်သူတွေကေ တာ့ လောလောဆယ် လူနေဖို့ မဟုတ်သေးဘဲ ဈေးသက်သာလို့ တစ်ချိန်ချိန်မှာ တက်လာမယ့် မြေကွက်ဈေးကို မျှော်လင့်ပြီး ရင်းနှီးမြှုပ်နှံထားကြတာလို့ သိရ ပါတယ်။
မိသားစု နောင်ရေး၊ အိမ်ဆောက်နေဖို့ရာ ရပ်ကွက်အတွင်းမှာ ရှာကြတာ
မြို့သစ် ရပ်ကွက် လူစည်ကားတဲ့ နေရာ လမ်းပန်းဆက်သွယ်ရေး ကောင်းတဲ့ နေရာ၊ ဆိတ်ငြိမ်အေးချမ်းတဲ့ နေရာ၊ လူနေသန့်ပြန့်တဲ့ နေရာ၊ ရန်ကုန်မြို့တွင်း နဲ့ ဆက်သွယ်သွားလာရေးကောင်းတဲ့ နေရာတွေကိုမှ ရွေးချယ်ဝယ်သူတွေရဲ့ ရည်ရွယ်ချက်ကတော့ အမှန်တကယ် နေဖို့အတွက်လည်း ဖြစ်သလို မိသားစု နောင်ရေး စိတ်အေးရဖို့အတွက် လာရောက်ဝယ်ယူကြတာကို လေ့လာသိရှိ ရ ပါတယ်။
ရပ်ကွက်အတွင်း အိမ်ခြံမြေ ပွဲစားများ အလုပ်ဖြစ်လို့ နေပါလား
အဲ့ဒီလို မြို့တွင်း နေထိုင်သူတွေက မြို့သစ်တွေ၊ ကွင်းပြင်တွေမှာ လာရောက် ဝယ်ယူနေခြင်းကြောင့် အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီတွေ အလုပ်မဖြစ် ကြပေမယ့် မြန်မာနိုင်ငံ အိမ်ခြံမြေ အသင်းဝင်ထားပြီး၊ ရပ်ကွက်အတွင်း အိမ် ခြံမြေ အကျိုးဆောင် ဆိုင်းဘုတ်ထောင်ထားသူများနဲ့ ရပ်ကွက် အကျိုးဆောင်ပွဲ စားလို့ မိမိကိုယ်မိမိ ခံယူထားသူများကတော့ ပွဲဖြစ်တိုင်း ပွဲစားခ ရလို့ ပျော်တ ပြုံးပြုံး မော်မဆုံး ဖြစ်နေကြတာ ကို တွေ့မြင်နေရာပါတယ်။
"တုံးလုံးစာ" ထက် "မတ်တပ်စာ" ရှာစားနေရသူက ခပ်များများ
အိမ်ခြံမြေတွေကို လိုက်လံ ဝယ်ယူနိုင်အောင် ဘယ်ကရတဲ့ ငွေနဲ့ ဝယ်ယူနို င်ကြတာလဲ ဆိုတာကလည်း စိတ်ဝင်စားစရာ အချက်တစ်ခု ဖြစ်နေပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ယခုလက်ရှိ အနေအထားအရ ဆင်းရဲသား ပြည် သူအများစုမှာ အသက်ရှင် ရပ်တည်နိုင်ဖို့အတွက် ပြေးလွှားရုန်းကန်ရှာဖွေ စားသောက်နေကြရသူက အများစုပါ။ တုံးလုံးစာ ထက် မတ်မတ်စာ ကို
အလျှင်မီအောင် ကြိုးစား ရုန်းကန်နေရသူ များပါတယ်။ "ဆွမ်းတော်ထားလို့ ဝမ်းတော်မှ အနိုင်နိုင်" ဆိုရိုးစကားလိုပဲ ဝမ်းစာ အတွက်ပဲ အလျှင်မီအောင် ရှာဖွေစားသောက်နေကြသူတွေ များပါတယ်။
အလုပ်မရှိလို့ တစ်ပတ်နား စားဖို့အတွက် ခက်ခဲသွား
အလုပ်မကောင်းလို့ တစ်ပတ်လောက် နားလိုက်တာနဲ့ မေမကောင်းလို့ ရုံးတစ် ပတ်လောက် နားလိုက်တာနဲ့ ဝမ်းစာက မရှိတော့ဘူး။ ဆန်က ကုန်ပြီ၊ ဒီတော့ အနှစ်နှစ် အလလက စုဆောင်းပြီး ဝယ်ယူထားတဲ့ အိမ်သူသက်ထား ဇနီးမ ယားရဲ့ ရွှေလက်ကောက် ကလေးတွေနဲ့ ရွှေနား ကပ်တွေကို ဖြုတ်ပြီး အပေါင် ဆိုင်ပို့ကာ ငွေချေးယူရတော့တာပါပဲ။ အဲ့ဒီလို မချောင်လည်တဲ့သူတွေ အများစု ရှိတဲ့ အချိန်မှာ ရပ်ကွက်ထဲ ဆင်းပြီး မြေ ကွက်ဝယ်တာတွေ ၊ ရေမီးအစုံနဲ့ အိမ်နဲ့ ခြံ ဝယ်နိုင်သူတွေလည်း ရှိေ နကြလေတော့ ဝယ်နိုင်ခြင်း ဝယ်ရခြင်း အေ ကြာင်းကလည်း ဝယ်သူေ တွမှာ အဖြေက ရှိပြီးသား ဖြစ်နေတယ်လေ။
ရွှေဈေးနဲ့ ဒေါ်လာဈေးတွေက ကုန်ဈေးနှုန်းကို ဆွဲတင်နေ
ဝယ်သူတွေက ဝယ်ရခြင်းအကြောင်း တွက်ပြတော့လည်း မှန်နေပြန်ရော ဟုတ်တယ်လေ။ စာဖတ်သူလည်း သိပါတယ်။ ယနေ့ မြန်မာကျပ်ငွေနဲ့ အမေ ရိကန် ဒေါ်လာငွေ လဲလှယ်နှုန်း ယှဉ်ကြည့်လိုက်လေ။ ၁၁.၃.၂၀၁၇ ဗဟို ဘဏ် ရဲ့ နိုင်ငံတကာငွေကြေး ဈေးနှုန်းမှာ အမေရိကန် တစ်ဒေါ် လာ ကို မြန်မာကျပ်ေ ငွ ၁၃၆၀ နဲ့ ညီမျှနေတယ်။ ထို့အတူပဲ ရန်ကုန်-မန္တလေးမှာ ၁၆ ပဲရည် ရွှေ တစ်ကျပ်သားကို မြန်မာကျပ်ငွေ ၈၈၄၀၀၀ အထိ ဈေးတွေ တတ်နေတယ်လေ။ လောလောဆယ်ကာလ အတွင်းမှာ ဒေါ်လာေ ဈးနဲ့ ရွှေဈေးက အောက်ကို ဆင်းလာတာ မတွေ့ရပါဘူး။ ရပ်ပြီး တောင့် ခံနေတဲ့ သဘော ဖြစ်နေတယ်။
ဒေါ်လာဈေးအတက်ကြောင့် မြန်မာတွေ အခက်တွေ့နေတယ်
ကားဈေးကွက် ကြည့်ပြန်တော့လည်း ကားမရှိတဲ့သူက ကားဝယ်စီးဖို့ စိတ် ကူးတောင် မယဉ်နိုင်ဘူး ဖြစ်နေတယ်။ ကားတစ်စီးရှိတဲ့ လူကလည်း နောက် တစ်စီး ထပ်ဝယ်နိုင်ဖို့ အလှမ်းဝေးနေတဲ့ အချိန်မျိုး ဖြစ်နေတယ်။ ဒေါ်လာေ ဈးတွေ နက်နေတာကြောင့်လိုဘဲ ပြောရမှာပေါ့။ ဦးသိန်းစိန် အစိုးရ လက် ထက်မှာဆိုရင် ဈေးအပေါဆုံးက ခွေးဘီလူးကားလေးတွေနဲ့ Hijet ကားလေးေ တွပါပဲ။ သိန်းတစ်ရာဖိုးဝယ်ရင် (၂) စီး (၃) စီးတောင် ရနိုင်ခဲ့တာကို အခုတေြာ့ ဖင့် အဲ့ဒီ ခွေးဘီလူးကားလေးတွေရဲ့ ဈေးတောင် ကြားရင် မယုံနိုင်စရာပဲ။ တစ် စီးကို သိန်းတစ်ရာကျော်သွားပြီလို့ သိရပါတယ်။
အိမ်ခြံမြေ ဈေးကွက် အဝယ်လိုက်နေရတဲ့ အကြောင်းရင်း
အဲ့ဒီလို အဘက်ဘက်က ပြန်ကြည့်လိုက်တဲ့အခါ ရင်းနှီးထားသင့်ဆုံးအရာက အိမ်ခြံမြေတွေပဲ ရှိတော့တာပေါ့။ မြေဈေးက အကျဘက်မှာပဲ ဦးတည်နေတော့ ရွှေရောင်းပြီး သိန်း ၅၀ တန် (40'x60') ပါမစ်မြေတစ်ကွက်လည်း ဝယ်လို့ ရ တယ်။ ဟော....နိုင်ငံရပ်ခြားမှာ သွားအလုပ်လုပ်သူတွေကျတော့လည်း လစာ ရလာတဲ့ ဒေါ်လာငွေတွေကို မြန်မာငွေနဲ့ လဲလှယ်ရင် မြန်မာငွေတွေ အများကြီး ရနိုင်တာပေါ့။ အဲ့ဒီတော့ ရွှေရောင်းပြီးလည်း ကျဈေးနဲ့ ရောင်းတဲ့ မြေကွက်ကို ဝယ်နိုင်ကြတယ်။ နိုင်ငံခြားမှာ အလုပ်လုပ်ရင် ဒေါ်လာ ရတာတွေကျတော့ မြန်မာငွေနဲ့ လဲလှယ်ပြီး သိန်း ၅၀၀ တန်မြေကွက်ဖြစ်စေ၊ သိန်းတစ်ထောင်တန် ရေမီးစုံအိမ်နဲ့ ခြံကိုဖြစ်စေ၊ ဝယ်ယူလာနိုင်ကြတယ်လေ။ ဒါကြောင့်လည်း အိမ် ခြံမြေ ဈေးကွက်က လှုပ်ခတ်နေတဲ့ သဘောရှိကြောင်း သုံးသပ်တွေ့ရှိရပါတယ် ခင်ဗျာ။
"အိမ်ခြံမြေ ဈေးကွက် မျက်ခြေပျက် မခံကြပါနဲ့"
ခေတ္တာရာမြင့်အောင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com