အိမ်သစ်ရောင်းအားက ပထမဆုံးအကြိမ်အဖြစ် သီတင်းပတ်ငါးပတ်
ဆက်တိုက်ကျဆင်းလာခဲ့ပြီး အိမ်ခြံမြေ developer (မြေယာဝယ်ယူ၍ အိမ်ခန်းဆောက်လုပ်ရောင်းချ
သူ)များက အိမ်သစ်ပမာဏ ပိုမိုနည်းပါးလာစွာ ဈေးကွက်ထဲ မိတ်ဆက်လာခဲ့သည့်တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၏ အိမ်သစ်ဈေးကွက်သည် ယခုတိုင် သိသိသာသာနာလည်ပြန်မထူလာနိုင်သေးပေ။
အစိုးရမတည်သော တန်ဖိုးနည်းအိမ်ရာများမှအပ မတ်လ ၁၂ ရက်တွင် ကုန်ဆုံးခဲ့သော ပြီးခဲ့သည့်သီတင်းပတ်တွင် အိမ်သစ်ရောင်းချရမှုဧရိယာသည် ၁၂၁,၀၀၀ စတုရန်းမီတာရှိခဲ့ပြီး ယင်းမတိုင်မီသီတင်းပတ်အောက် ၆ ဒသမ ၂ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ရှန်ဟိုင်းအိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ Shanghai CentalineProperty Consultants Co က တမြန်နေ့ (မတ် ၁၃) တွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့်သီတင်းပတ်အတွင်း အိမ်သစ်ဝယ်ယူမှုများသည် မြို့စွန်နယ်မြေများဖြစ်သော
ချင်ပူခရိုင်နှင့် ကျားသင်းခရိုင်များတွင် အားပါတရရှိခဲ့သည်။ ပမာဏအားဖြင့် ၂ သောင်း၁ ထောင် စတုရန်းမီတာနှင့် ၂ သောင်း စတုရန်းမီတာစီ အသီးသီး ရောင်းချခဲ့ရကြောင်း
Centaline ၏ ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
"ရောင်းအားအကောင်းဆုံးအိမ်ရာစီမံကိန်း ၁၀ ခုထဲက ဘယ်ဟာကမှ ၁ စတုရန်းမီတာကိုယွမ် ၆ သောင်း (အမေရိကန်ဒေါ်လာ ၈,၆၈၀) မကျော်ခဲ့ဘဲ အရောင်းရဆုံးအိမ်ရာမှာ
လည်း အရေအတွက်အားဖြင့် အခန်း ၁၀၀ လောက်ပဲရောင်းချခဲ့ရတာပါ" ဟု Centaline မှ အကြီးတန်းသုတေသနမန်နေဂျာ လုဝိန်စီက ပြောကြားခဲ့သည်။
ထိုရောင်းချခဲ့ရသည့် အိမ်သစ်များ၏ ပျမ်းမျှဈေးနှုန်းသည် ၁ စတုရန်းမီတာလျှင် ယွမ်၄၅,၃၉၃ ယွမ် ရှိခဲ့ပြီး ယင်းမတိုင်မီသီတင်းပတ်အောက် ၆ ဒသမ ၁ ရာခိုင်နှုန်းကျဆင်းခဲ့သည်။
ကျားသင်းခရိုင်မှ အိမ်ရာတစ်ခုတွင် အခန်း ၁၀၀ အား ၁ စတုရန်းမီတာလျှင် ပျမ်းမျှ၃၁,၄၀၆ ယွမ်ဖြင့် ရောင်းချခဲ့ရသည်။
ရောင်းလိုအားတွင်လည်း ဈေးကွက်ထဲသို့ အိမ်သစ်ဧရိယာ စုစုပေါင်း ၆၇,၀၀၀ စတုရန်းမီတာ ရောက်ရှိလာခဲ့ပြီး ယင်းမတိုင်မီသီတင်းပတ်အောက် ၅၅ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး တန်ဖိုးအလယ်အလတ်မှ အနိမ့်စားစီမံကိန်းများကသာ ဈေးကွက်အား လွှမ်းမိုးခဲ့ပြန်သည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com