တိုင်းပြည်တွင် ပြည်သူ၏စီးပွားရေးစနစ်များကောင်းမွန်နေ
ပါက အိမ် ခြံ မြေ ဈေးနှုန်းအတက်အကျသည် အရေးမကြီးကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းမှ
တာဝန်ရှိသူတစ်ဦးက ထောက်ပြပြောဆိုသည်။
""အများပြည်သူတွေနေနိုင်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့
အိမ် ခြံ မြေ တွေ ဈေးကျအောင်လုပ်တာကကောင်းပါတယ်။
ဒါပေမယ့် အားလုံးကတစ်တန်းတည်းဆိုတာတော့မဖြစ်နိုင်ပါဘူး။
ကျွန်တော်တို့မြင်သလောက်တော့ အိမ် ခြံ မြေ ဈေးကျအောင်လုပ်မယ့်အစီအစဉ်မျိုးတွေထက်စီးပွားရေး
ဖွံ့ဖြိုးတိုးတက်အောင်ဘယ်လိုလုပ်မလဲဆိုတာ
စဉ်းစားတာကပိုကောင်းတယ်။စီးပွားရေးဖွံ့ဖြိုး
တိုးတက်မယ်။လူတွေ အလုပ်အကိုင်ကောင်းမယ်ဆိုရင် လူတွေမှာငွေကြေးလည်ပတ်မှုအားကောင်းလာရင် အိမ်ခြံ မြေ က
ဈေးကျကျ တက်တက် အရေးမကြီးပါဘူး""ဟု အထက်ပါပုဂ္ဂိုလ်မှ ပြောပြသည်။
လက်ရှိအိမ် ခြံ မြေ ကဏ္ဍအား မြေဈေးနှုန်းများကြီးမြင့်
လွန်းနေသည့်အပေါ် ရန်ကုန်တိုင်းဝန်ကြီးချုပ်အနေဖြင့် ဈေးကျစေရန်လုပ်ဆောင်သွားမည်ဟုပြောကြားထားခဲ့သည်။
သို့သော် ရန်ကုန်၏ အိမ် ခြံ မြေ ဈေးမှာ အမြင့်တန်းဖြင့်သာ ဆက်လက်တည်ရှိနေပြီး အချို့နေရာများတွင် နေရာအနေအထားနှင့် အခြေအနေပေါ်မူတည်၍ သိန်းရာဂဏန်းခန့် ကျဆင်းမှုများလည်း
ရှိနေသည်။
မင်းချို မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com