မန္တလေးမြို့တွင်းက အဆောက်အအုံတွေ၊ အိမ်ခြံမြေ ငှားရမ်းတဲ့ လုပ်ငန်းေ တွ အနေနဲ့ အိမ်ငှားပိုင်ခွင့် လုပ်ငန်းလိုင်စင် ပြုလုပ်ကြဖို့ မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီက အသိပေးချက် ထုတ်ပြန်ထားပြီးနောက် ပိုင်း ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေမှာသာ အိမ်ငှားစာချုပ် ချုပ်ဆိုကြတဲ့ ပုံစံ ကို ပြောင်းလဲ ကျင့်သုံးကြတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်အချို့ထံက သိရ ပါတယ်။
အိမ်ငှားရမ်းတာ၊ အဆောက်အအုံ ငှားရမ်းတဲ့ သူတွေအနေနဲ့ အခုနှစ် မတ် လက စတင်ပြီး ငှားရမ်းခွင့် လိုင်စင်လုပ်ကြဖို့အတွက် မန္တလေးမြို့တော် စည် ပင်သာယာရေး ကော်မတီက အခုနှစ် ဇန်နဝါရီလခန့် က စတင်ပြီး အသိေ ပးကြေညာချက် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
မန္တလေးမြို့က အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းရှင်တစ်ဦးက “နိုင်ငံခြား သား ငှားရမ်းတဲ့ သူတွေ လောက်ပဲ လိုင်စင် လုပ်ကြတယ်၊ ပြည်တွင်း အ ငှားကတော့ လိုင်စင် မလုပ်ကြဘူး၊ သိပ်လဲ စိတ် မဝင်စားကြဘူး၊ လိုင်စင် လုပ်ဖို့ ထုတ်ပြန်လာတဲ့ နောက်ပိုင်းမှာတော့ စာချုပ်ချုပ်မယ်ဆိုရင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးမှာတော့ သွားချုပ်ကြတယ်၊ အုပ်ချုပ်ရေးမှူးရုံးမှာ သွားချုပ်ေ တာ့ တစ်စုံတစ်ရာ ပြဿနာဖြစ်လာရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးလဲ သိပြီးသာြး ဖစ်အောင်ပေါ့” လို့ ပြောပါတယ်။
အရင်က အိမ်ငှားရမ်းတဲ့ လုပ်ငန်းတွေကို စာချုပ် ချုပ်ဆိုကြတဲ့အခါမှာ နေ အိမ်မှာသာ အသိသက်သေ အဖြစ် နီးစပ်ရာ မိတ်ဆွေတွေကို ခေါ်ဆိုကာ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး အခုအခါမှာတော့ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို သွားရောက်ပြီး စာချုပ် ချုပ်ဆိုကြတဲ့အတွက် အိမ်ရှင်၊ အိမ်ငှားကြားမှာ ပြဿ နာ ဖြစ်ပွားမှု လျော့နည်းသွားတယ်လို့ ဆိုပါတယ်။
မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းမှာ အိမ်ငှားရမ်းခွင့် လိုင်စင်ပြုလုပ်ထားခြင်း မရှိဘဲ ငှားရမ်းတာကို စစ်ဆေးတွေ့ရှိခဲ့မယ်ဆိုရင် မန္တလေးမြို့တော် စည်ပင်သာယာရေး ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
Credit: The Kumudra