ယခုနှစ်အတွင်း ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့ဘီလျံနာသူဌေးကြီးများစာ
ရင်းမှာတော့ အမျိုးသမီးဘီလျံနာဦးရေဟာ စံချိန်တင် ၅၆ ဦးထိ ရှိလာ
ခဲ့ပြီ ဖြစ်တယ်လို့ Forbes မဂ္ဂဇင်းက ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထား
ပါတယ်။
ယင်းဦးရေနှုန်းထားဟာ ယခင် ၂၀၁၆ ခုနှစ်က ၄၂ ဦးထက် ပိုမိုများ
ပြားလာခဲ့တာဖြစ်ပြီး ယခုနှစ်မှာ ၎င်းတို့ရဲ့ စုစုပေါင်းကြွယ်ဝမှုတန်ဖိုးက
အမေရိကန်ဒေါ်လာ ၁၂၉ ဘီလီယံထိ ရှိလာခဲ့တယ်လို့သိရပါတယ်။
Forbes မဂ္ဂဇင်းအနေနဲ့ ယင်းအမျိုးသမီး ဘီလျံနာစာရင်းကို ပြီးခဲ့တဲ့
ရက်ပိုင်းက ကျရောက်ခဲ့တဲ့ နိုင်ငံတကာအမျိုးသမီးများအနေ့ အပြီး
နောက်တစ်နေ့မှာ ထုတ်ပြန်ပေးခဲ့တာ ဖြစ်ပါတယ်။
ယခု အမျိုးသမီး ဘီလျံနာစာရင်းမှာ ပါဝင်နေတဲ့ ထက်ဝက်ကျော်
လောက်ဟာ အာရှဒေသကဖြစ်ပြီး ယင်းဒေသတွင်းက ကိုယ့်ထူး
ကိုယ်ချွန် အမျိုးသမီး ဘီလျံနာ ၂၉ ထိ ပါဝင်နေတာဖြစ်တယ်လို့
သိရပါတယ်။
" ဗီယက်နမ်နဲ့ ဂျပန်တို့က အမျိုးသမီး ဘီလျံနာတွေ ဒီနှစ်မှာ ပထမ
ဆုံးအနေနဲ့ ပါဝင်လာနိုင်ခဲ့ပါပြီ" လို့ Forbes မဂ္ဂဇင်းရဲ့ အယ်ဒီတာ
Luisa Kroll က ပြောသွားပါတယ်။
ယခု ကမ္ဘာအမျိုးသမီး ဘီလျံနာစာရင်းမှာတော့ တရုတ်နိုင်ငံက
၂၁ ဦး၊ အမေရိကန်က ၁၇ ဦး၊ ဟောင်ကောင်က ငါးဦး၊ ဗြိတိန်
သုံးဦးနဲ့ သြစတြေးလျ၊ ဘရာဇီး၊ ဂျာမနီ၊ အီတလီ၊ အိန္ဒိယ၊ ဂျပန်၊
နိုင်ဂျီးရီးယား၊ ရုရှ၊ ဆွစ်ဇာလန်နဲ့ ဗီယက်နမ်တို့က တစ်ဦးစီတို့
ပါဝင်နေတာဖြစ်ပါတယ်။
Credit: SFJ Strategy First