ဧပြီ ၂ ရက် ဒူဘိုင်းအိမ်ခြံမြေပြပွဲတွင် ဥရောပနိုင်ငံများက နေအိမ်ဝယ်ယူသူတို့ကို နိုင်ငံသားအဖြစ်လက်ခံမည့် ရွှေဗီဇာဖြင့် ဆွဲဆောင်မည်

ဧပြီ ၂ ရက် ဒူဘိုင်းအိမ်ခြံမြေပြပွဲတွင် ဥရောပနိုင်ငံများက နေအိမ်ဝယ်ယူသူတို့ကို နိုင်ငံသားအဖြစ်လက်ခံမည့် ရွှေဗီဇာဖြင့် ဆွဲဆောင်မည် - Property News in Myanmar from iMyanmarHouse.com
14 Mar 2017 12:07 pm တွင် တင်ခဲ့သည်
821 ကြိမ် ကြည့်ရှု့ပြီး
လာမည့် ဧပြီလ ၂ ရက်မှ ၄ ရက်အထိ ကျင်းပမည့် ဒူဘိုင်းနိုင်ငံတကာအိမ်ခြံမြေပြပွဲ (IPS) တွင် စပိန်၊ ပေါ်တူဂီ၊ မာလ်တာ၊ ဂရိနှင့် ဆိုက်ပရပ်စ်ကဲ့သိုသော ဥရောပနိုင်ငံများက ရွှေဗီဇာဖြင့် ပြည်ပရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်ရန် စီစဉ်ထားကြောင်း အရှေ့အလယ်ပိုင်း အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဒူဘိုင်းအိမ်ခြံမြေပြပွဲတွင် စီးပွားရေးလုပ်ငန်းမှ စီးပွားရေးလုပ်ငန်းသို့ (B2B) နှင့် စီးပွားရေးလုပ်ငန်းမှ ဖောက်သည်များသို့ (B2C) ဆွေးနွေးပွဲများ ကျင်းပသွားမည်ဖြစ်ပြီး အိမ်ခြံမြေလုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများကို ရှာဖွေသွားမည်ဖြစ်သည်။
ယင်း အိမ်ခြံမြေပြပွဲကို ဒူဘိုင်းနိုင်ငံတကာ ကွန်ဗန်းရှင်းနှင့်ပြပွဲစင်တာတွင် ကျင်းပရန် စီစဉ်ထားသည်။

ရွှေဗီဇာပေးအပ်မည့်နိုင်ငံများ၏ အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ပါက အဆိုပါရင်းနှီးမြှုပ်နှံသူနှင့် မိသားစုကို နိုင်ငံသားအဖြစ် လက်ခံပေးမည့် အစီအစဉ်ဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှုဟု ဆိုရာတွင် အိမ်ခြံမြေဝယ်ယူခြင်း၊ သက်ဆိုင်ရာနိုင်ငံ၏ ပင်မစီးပွားရေးလုပ်ငန်းနယ်တွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းတို့ ပါဝင်သည်။

ပေါ်တူဂီနိုင်ငံသည် အိမ်ခြံမြေဝယ်ယူသူပေါင်း ၄၂၀၂ ဦးကို ရွှေဗီဇာများ ထုတ်ပေးခဲ့ပြီး ဖြစ်သည်။
ယခုကာလတွင် နိုင်ငံပေါင်းများစွာမှာ နိုင်ငံခြားသားများ အခြေချနေထိုင်ရန် တံခါးဖွင့်လာကြပြီး ရင်းနှီးမြှုပ်နှံမှုဖြင့် နိုင်ငံသားအဖြစ်လက်ခံခြင်းများဖြင့် ဆွဲဆောင်လာကြကြောင်း အိမ်ခြံမြေလောက ကျွမ်းကျင်ပညာရှင်များက ပြောကြားသည်။

ယခုနှစ် ဒူဘိုင်းနိုင်ငံတကာအိမ်ခြံမြေပြပွဲသည် ၁၃ ကြိမ်မြောက်ကျင်းပခြင်းဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ နိုင်ငံသားဖြစ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများအကြောင်း ဦးတည်ဆွေးနွေးကြမည် ဖြစ်သည်။
ရွှေဗီဇာနှင့် စပ်လျဉ်း၍ အသေးစိတ်သိရှိလိုသူများအနေဖြင့် info@goldenvisas.com သို့ စာရေးသားမေးမြန်းပါက ဖြေကြားစာနှင့်အတူ Golden Visa programmes Europe အမည်ရှိ pdf ဖိုင် ဖတ်ရှုနိုင်မည်ဖြစ်သည်။

ဥရောပနိုင်ငံများက နေအိမ်ဝယ်ယူမည့်သူများအား ရွှေဗီဇာပေးအပ်သည့်သတင်းကို ၂၀၁၆ ခုနှစ်၊ ဧပြီလအတွင်းကပင် iMyanmarHouse.com တွင် သတင်းများ ရေးသားဖော်ပြခဲ့ပြီးဖြစ်ရာ ပြန်လည်ဖတ်ရှုလိုပါက အောက်ဖော်ပြပါ အင်တာနက်လင့်ခ်များတွင် ဖတ်ရှုနိုင်ပါသည်။

(၁) အာရှဝယ်လက်များ ဥရောပတွင်အိမ်ခြံမြေ၀ယ်ယူပါက ရေရှည်နေထိုင်ခွင့်ပေးမည့် ရွှေဗီဇာ အစီအစဉ်
http://www.imyanmarhouse.com/news/read/468420

(၂) ဥရောပတွင် အမြဲနေထိုင်ရေးရွှေဗီဇာရရန် အိမ်ခြံမြေ၀ယ်ရာ၌ ငွေမည်မျှသုံးရမည်နည်း
http://www.imyanmarhouse.com/news/read/469214

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး

ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...

အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း...

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခု စင်္ကာပူလူမှုကွန်ရက် သုံးစွဲသူတို့အကြား နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အရက်သေစာ သောက်စားမှု ပိတ်ပင်ခဲ့သည့်ခေတ်က ရုပ်ရှင်မင်းသမီး မာရီလင်မွန်ရိုးနှင့် နာမည်ကြီး ပြဇာတ်ရေးဆရာ အာသာမေလာတို့ လျှို့ဝှက်အရက်သောက်ခဲ့သော အရက်ဘားပါသည့် ယာတောအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် အရော...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရသည့်ဖြစ်ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

တရုတ်ပြည်တွင် လူငယ်တို့အကြား Disneyland ၏ တစ်နှစ်တာ ဝင်ခွင့်လက်မှတ် ဝယ်ယူထားကာ ကစားကွင်းထဲတွင် ကျောင်းစာလေ့လာမှု ခေတ်စား

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
ဂရမ်မီဆုရမည်ဟု တစ်ပြေးနေသော အဆိုတော် Billie Eilish မှာ အလွန်ချမ်းသာကြွယ်ဝနေပြီဖြစ်သော်လည်း မိဘအိမ်တွင် နေထိုင်နေဆဲဖြစ်

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M

အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service