ဆုရပြိုင်မြင်းပေါင်း ၅၀၀ ကျော်နှင့် မြင်းဇောင်းများပါဝင်သည့်နေအိမ်နှင့် ခြံဝန်းကြီး သြစတေးလျ ဒေါ်လာ ၃ သန်းကျော်ဖြင့် ရောင်းချမည်

ဆုရပြိုင်မြင်းပေါင်း ၅၀၀ ကျော်နှင့် မြင်းဇောင်းများပါဝင်သည့်နေအိမ်နှင့် ခြံဝန်းကြီး သြစတေးလျ ဒေါ်လာ ၃ သန်းကျော်ဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
14 Mar 2017 12:01 pm တွင် တင်ခဲ့သည်
1510 ကြိမ် ကြည့်ရှု့ပြီး
သြစတေးလျနိုင်ငံ၊ ကွင်းစလန်ပြည်နယ်၊ ဂိုးကို့စ်မြို့ ၊ ဘွန်ဒေါအရပ်၊ Ascot Drive အမှတ် ၁၆ ရှိ နေအိမ်ကြီးကို သြစတေးလျဒေါ်လာ ၃ သန်းကျော်ဖြင့် အရောင်းဈေးကွက်သို့ ဝင်ရောက်လာကြောင်း သြစတေးလျအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အဆိုပါနေအိမ်ကြီးတွင် ပြိုင်ပွဲဝင်ရန် လေ့ကျင့်ပေးထားသည့် ဆုရထိပ်တန်းမြင်းများအပါအဝင် မြင်းကောင်ရေ ၅၀၀ ကျော်လည်း ပါဝင်သည်ဟု ဆိုသည်။နေအိမ်နှင့် ခြံဝန်းကြီးကို “ကံကောင်းသော
မြင်းဖိနပ်” ဟု အမည်ပေးထားသည်။အိပ်ခန်း ၄ ခန်းပါနေအိမ်၊ မြင်းဇောင်း ၃၈ ခု၊ မြင်းရေချိုးကန်တစ်ခုပါဝင်ပြီး မြင်းများမှာ လာမည့်ပြိုင်ပွဲတွင် နိုင်ချေအလွန်မြင့်မားသည့် မြင်းများဖြစ်သည်ဟု ဆိုသည်။

၂၀၁၁ ခုနှစ် သန်းခေါင်စာရင်းအရ ဘွန်ဒေါအရပ်တွင် လူဦးရေ ၄၁၈၈ ဦး ရှိသည်။Magic Millions မြင်းပြိုင်ပွဲတွင် အနိုင်ရခဲ့သည့်မြင်းဖြစ်သော “စစ်သည်တော်မိန်းကလေး” အမည်ရှိ မြင်းကို ယခုခြံဝန်းကြီးအတွင်း လေ့ကျင့်ပေးခဲ့ခြင်းဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်တွင် ဆုငွေ ဒေါ်လာ ၂၅၀၀၀၀ ကျော် ရရှိခဲ့သည်ဟု ပိုင်ရှင်ဖြစ်သူ ကီဗင် ဘတ်ချာက ပြောကြားသည်။
ကီဗင်ဘတ်ချာသည် ဤမြင်းခြံကြီးကို လွန်ခဲ့သော နှစ်ပေါင်း၃၀ ခန့်က ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

မစ္စတာဘတ်ချာသည် မြင်းလောကမှ ၂၀၀၉ ခုနှစ်တွင် အနားယူခဲ့ပြီးနောက် ယခုခြံဝန်းနှင့် နေအိမ်ကြီးကို မြင်းထရိန်နာ ဒေ့ဗ် ကယ်လီအား အငှားချထားခဲ့သည်။ဤမြင်းခြံကြီးအတွင်း မျိုးကောင်းမျိုးသန့်များဖြစ်သော အယ်လ်ဒီနီ၊ ကာမီလိုနှင့် ဟီဆန်တို့ အပါအဝင် အောင်ပွဲရမြင်းပေါင်းများစွာ မွေးမြူထားကြောင်း မြင်းထရိန်နာ ကယ်လီက ပြောကြားသည်။
“ဂျပန်ကနေ နယူးဇီလန်အထိ နေရာစုံက မြင်းဝယ်လက်တွေလာကြတယ်။ ဒီမြင်းတွေက ငွေတွေအများကြီးရှာပေးတော့ သူတို့တွေ အများကြီး ပျော်ရွှင်ကြရတယ်” ဟု မစ္စတာကယ်လီက ပြောကြားသည်။

“မြင်းတွေဟာ သီးသန့်ဖြစ်ပြီးဆိတ်ငြိမ်တဲ့ ဒီခြံဝန်းမှာ သက်တောင့်သက်သာ ရှိကြတယ်။ ကျယ်ပြန့်တဲ့ကွင်းပြင်နဲ့ လေကောင်းလေသန့်ရမှုကြောင့်လည်း မြင်းတွေအတွက် သက်တောင့်သက်သာရှိတဲ့အခြေအနေမျိုး မြင်းဇောင်းတွေမှာ ရရှိကြပါတယ်” ဟုလည်း ၎င်းက ပြောကြားသည်။

ခြံဝန်းအတွင်းရှိ နေအိမ်ကိုမူ မစ္စတာဘတ်ချာက လွန်ခဲ့သော ၆ နှစ်ခန့်ကမှ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ပင်မအိပ်ခန်းအတွင်းအားကစားခန်းမလည်း ပါဝင်သည်။ခြံဝန်းအကျယ်အဝန်းမှာ စတုရန်းမီတာ ၃၈၅၈ ရှိပြီး Magic Millions မြင်းပြိုင်ကွင်းနှင့် နှစ်ဘလောက်သာ ဝေးကွာသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဆုရပြိုင်မြင်းပေါင်း ၅၀၀ ကျော်နှင့် မြင်းဇောင်းများပါဝင်သည့်နေအိမ်နှင့် ခြံဝန်းကြီး သြစတေးလျ ဒေါ်လာ ၃ သန်းကျော်ဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ဆုရပြိုင်မြင်းပေါင်း ၅၀၀ ကျော်နှင့် မြင်းဇောင်းများပါဝင်သည့်နေအိမ်နှင့် ခြံဝန်းကြီး သြစတေးလျ ဒေါ်လာ ၃ သန်းကျော်ဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ဆုရပြိုင်မြင်းပေါင်း ၅၀၀ ကျော်နှင့် မြင်းဇောင်းများပါဝင်သည့်နေအိမ်နှင့် ခြံဝန်းကြီး သြစတေးလျ ဒေါ်လာ ၃ သန်းကျော်ဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ဆုရပြိုင်မြင်းပေါင်း ၅၀၀ ကျော်နှင့် မြင်းဇောင်းများပါဝင်သည့်နေအိမ်နှင့် ခြံဝန်းကြီး သြစတေးလျ ဒေါ်လာ ၃ သန်းကျော်ဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး

ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...

အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း...

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခု စင်္ကာပူလူမှုကွန်ရက် သုံးစွဲသူတို့အကြား နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အရက်သေစာ သောက်စားမှု ပိတ်ပင်ခဲ့သည့်ခေတ်က ရုပ်ရှင်မင်းသမီး မာရီလင်မွန်ရိုးနှင့် နာမည်ကြီး ပြဇာတ်ရေးဆရာ အာသာမေလာတို့ လျှို့ဝှက်အရက်သောက်ခဲ့သော အရက်ဘားပါသည့် ယာတောအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် အရော...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရသည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ

အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရ

အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တ

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည်

တရုတ်ပြည်တွင် လူငယ်တို့အကြား Disneyland ၏ တစ်နှစ်တာ ဝင်ခွင့်လက်မှတ် ဝယ်ယူထားကာ ကစားကွင်းထဲတွင် ကျောင်းစာလေ့လာမှု ခေတ်စား

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန

နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ

CarsDB
Maha Nadi Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service