ဘဏ်နဲ့ချိတ်ဆက်ပြီးရောင်းချတဲ့ အရစ်ကျ တိုက်ခန်းတွေက ပိုင်ရှင်တွေ
ရောင်းနေတဲ့ အရစ်ကျ တိုက်ခန်းတွေထက် အရောင်းအဝယ် ပိုသွက်နေ တယ်လို့ သိရပါတယ် ။
‘အခုနောက်ပိုင်း ခေတ်စားလာတာက အရစ်ကျရောင်းတာတွေ ၊ ဘာလို့လဲ ဆိုတော့ အရစ်ကျတွေနဲ့ဆိုတော့ ဝန်ထုပ်ဝန်ပိုးတွေလဲ မဖြစ်လာနိုင်တော့ ဘူးဆိုတော့ အဆင်ပြေနိုင်တယ် ၊ ပြီးတော့ ပိုင်ရှင်တွေက ရောင်းနေတဲ့ အ ရစ်ကျ တိုက်ခန်းတွေထက် ဘဏ်နဲ့ချိတ်ဆက်ပြီးတော့ ရောင်းတာတွေက ပိုပြီးတော့ အာမခံချက်တွေလဲ ရှိတယ်ဆိုတော့ အဲဒီလို ဘဏ်နဲ့ချိတ်ရောင်း တာတွေကတော့ အရောင်းတော်တော်သွက်တယ်’ လို့ ပြောပါတယ် ။
ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး ရောင်းတာတွေက ခိုင်မာမှုတွေ ၊ ယုံကြည်မှုတွေ ပိုရှိနိုင်တယ်လို့ သိရပါတယ်။ ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး ရောင်းတဲ့အခါမှာ အတိုးပေးပြီး ဝယ်ယူနိုင်တယ်လို့ သိရပါတယ် ။ ပိုင်ရှင်တွေ ရောင်းနေတဲ့ အရစ်ကျ တိုက်ခန်းတွေကတော့ အာမခံချက်မရှိတာ ၊ ပေးဆောင်ရ တဲ့ နှစ်တွေ နည်းနေတာကြောင့် ဝယ်ယူသူ နည်းပါးနေတယ်လို့ သိရပါ တယ် ။
ဘဏ်နဲ့ချိတ်ဆက်တဲ့ အရစ်ကျစနစ်တွေကတော့ နှစ် ၃၀ လိုမျိုး နှစ်ရှည်ေ ပးသွင်းနိုင်တာကြောင့် ဝယ်ယူသူတွေ များပြားပါတယ် ။ အခုနောက်ပိုင်း ကန်ထရိုကတော်တော်များများကလည်း နှစ်ရှည် အရစ်ကျပေးနိုင်တဲ့ တိုက် ခန်းတွေကို ဘဏ်နဲ့ချိတ်ဆက်ပြီး ရောင်းချပေးတာ များလာတယ်လို့ သိရပါ တယ် ။
Credit: The Kumudra