၂၀၁၁ ခုနှစ်ကနေ ၂၀၃၁ ခုနှစ်အတွင်း နှစ် ၂၀ စီမံကိန်းနဲ့ အိမ်ခန်းပေါင်း တစ်သန်း တည်ဆောက်မယ့် စီမံကိန်း ချမှတ်ဆောင်ရွက်ဖို့ ရှိတယ် လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနက သိရပါတယ် ။
ပထမငါးနှစ်စီမံကိန်းက ၂၀၁၁ - ၂၀၁၂ မှ ၂၀၁၅ - ၂၀၁၆ ခုနှစ်အထိ အိမ်ခန်းယူနစ်(လူနေအိမ်ခန်း) တစ်သိန်း တည်ဆောက်မှာဖြစ်ပြီး ဒုတိယ ငါးနှစ်စီမံကိန်းဖြစ်တဲ့ ၂၀၁၆ - ၂၀၁၇ မှ ၂၀၂၀-၂၀၂၁ အထိကို အိမ်ခန်း ယူနစ်ပေါင်း ၁.၈ သိန်း ၊ တတိယငါးနှစ်စီမံကိန်းဖြစ်တဲ့ ၂၀၂၁ - ၂၀၂၂ မှ ၂၀၂၅ - ၂၀၂၆ ခုနှစ်အထိ အိမ်ခန်းယူနစ်သုံးသိန်းနဲ့ စတုထ္ထ ငါးနှစ် စီမံ ကိန်းဖြစ်တဲ့ ၂၀၂၆ - ၂၀၂၇ မှ ၂၀၃၀ - ၂၀၃၁ အထိကို အိမ်ခန်းယူနစ် ၄.၂ သိန်း တည်ဆောက်ဖို့ လျာထားတာဖြစ်ပါတယ် ။
ပထမငါးနှစ်စီမံကိန်းမှာတော့ သတ်မှတ်ထားတဲ့ အိမ်ခန်း အရေအတွက်
ပြည့်မီအောင် မထုတ်လုပ်နိုင်ခဲ့ဘူးလို့ မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်း ရှင်များအသင်း (MC-EA)က သိရပါတယ် ။
မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း (MCEA) ဥက္ကဌ ဦး သာဌေးက ‘ပြီးခဲ့တဲ့ ငါးနှစ်ကတော့ သတ်မှတ်ထားတဲ့ဟာတွေ မီအောင် မ ထုတ်လုပ်နိုင်ခဲ့ဘူး ၊ အကြောင်းအမျိုးမျိုးကြောင့်ပေါ့လေ ၊ ဘတ်ဂျက်နဲ့ ထုတ် တာဆိုတော့လေ ၊ ဒီဘတ်ဂျက်နှစ်တွေမှာတော့ ပိုပြီးတော့ ထုတ်နိုင်မှာပါ’ လို့ ပြောပါတယ် ။
လက်ရှိအစိုးရသစ်လက်ထက် ၂၀၁၆ - ၂၀၁၇ ခုနှစ်မှာ ၂၀၂၀ - ၂၀၂၁ ခုနှ စ် အထိ အိမ်ရာဖွံ့ဖြိုးရေးငါးနှစ်စီမံကိန်းရေးဆွဲထားပြီး အိမ်ရာစုစုပေါင်း ၁.၈ သန်းအကောင်အထည်ဖော် တည်ဆောက်ဖို့ မျှော်မှန်း ထားတယ် လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့က ကျင်းပတဲ့ ဒဂုံဆိပ်ကမ်းမြို့နယ် ရတနာဧရာဝဏ် အိမ်ရာစီမံကိန်းတစ်ခုက ပထမဆုံးဖွင့်လှစ်တဲ့ အစိတ်အပိုင်းဖြစ်တဲ့ ရတ နာနှင်းဆီ အဆင့်မြင့်အိမ်ရာစီမံကန်းဖွင့်ပွဲမှာ ပြောကြားထားပါတယ်။
မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း (mcea) ဥက္ကဌ ဦးသာေ ဌးက ‘ဆောက်လုပ်ရေးဝန်ကြီးဌာနက ၂၀၃၀ အတွင်းမှာ အိမ်ခန်းပေါင်း တစ်သန်းထုတ်နိုင်အောင် လုပ်ဖို့ ကြေညာထားတယ် ။ ၂၀၁၁ - ၂၀၁၅ ၊ ၂၀၂၀ - ၂၀၂၅ ၊ ၂၀၂၅ - ၂၀၃၀ ပျမ်းမျှအားဖြင့် တစ်နှစ်ကို နှစ်သိန်းကျော် သုံးသိန်းလောက်ထုတ်မှ မီမှာ ၊ သို့သော်လဲ အစိုးရချဉ်းပဲ ထုတ်ဖို့မပြော လို ဘူး ၊ PRIVATE ကဏ္ဍကရော အစိုးရထုတ်လုပ်တာပါ ပေါင်းပြီး မျှော် မှန်း ထုတ်လုပ်တာပေါ့’ လို့ ရှင်းပြပါတယ် ။
ရန်ကုန်မြို့က လူဦးရေက လက်ရှိငါးသန်းကျော်ရှိပြီး လာမယ့် ၂၀၂၀ ပြည်နှ စ် အတွင်းမှာ နေထိုင်သူဦးရေ ၁၀သန်းကျော်ရှိတဲ့ မဟာမြို့ပြ အဆင့်ကိုေ ရာက်ရှိလာနိုင်တယ်လို့ သိရပါတယ် ။
လက်ရှိနဲ့ တိုးပွားလာမယ့် လူအများနဲ့ သင့်လျော်ကောင်းမွန်တဲ့ တန်ဖိုးနည်း အိမ်ရာတွေ ဖြန့်ဖြူးနိုင်ရေး ၊ ပိုမိုကောင်းမွန်တဲ့ ရုပ်ပိုင်းဆိုင်ရာ လူမှု စီးပွားေ ရး ဆိုင်ရာ အခြေခံအဆောက်အအုံတွေ ဖြည့်ဆည်းပေးနိုင်ရေး ၊ သဘာ ဝဘေးဒဏ်ခံနိုင်ရည်ရှိတဲ့ မြို့တော်တွေ အကောင်အထည်ဖော် တည်ေ ဆာက်ဖို့ လိုအပ်နေပါတယ် ။
လက်ရှိအစိုးရလက်ထက် နှစ်နှစ်စီမံကိန်းနဲ့ ဒဂုံဆိပ်ကမ်း ၊ သန်လျင် ၊ လှိုင်သာယာ နဲ့ မင်္ဂလာဒုံမြို့နယ်တွေမှာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွေ တည်ဆောက်နေတာ ဖြစ်ပါတယ် ။ သည်စီမံကိန်းလေးခုကနေ အိမ်ခန်း( ယူနစ်) ပေါင်း ၈၀၀၀ ကျော် ထွက်ရှိမှာဖြစ်ပါတယ် ။
ဒဂုံဆိပ်ကမ်းမြို့နယ်မှာ တည်ဆောက်မယ့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းနှစ် ခုက ယုဇနနဲ့ ရိုးမ တန်ဖိုးနည်း အိမ်ရာစီမံကိန်းဖြစ်ပါတယ် ။ ယုဇန တန်ဖိုး နည်း အိမ်ရာစီမံကိန်းအပိုင်း (၃)ဖြစ်ပြီး မြေဧက ၂၀ ပေါ်မှာ တည်ဆောက် မှာ ဖြစ်ပါတယ် ။ စုစုပေါင်း အခန်း ၂၁၅၆ ခန်းဆောက်လုပ်သွား မှာ ဖြစ်ပါ တယ် ။ ရိုးမတန်ဖိုးနည်းအိမ်ရာစီမံကိန်းက မြေ ၁၁ ဧကခန့် ကျယ်ဝန်းပြီး ၁၈ ပေ × ၁၈ ပေ အကျယ်အခန်းပေါင်း ၁၁၅၂ ခန်း တည်ဆောက်မြှာ ဖစ်ပါတယ် ။
သန်လျင်မြို့နယ်မှာ တည်ဆောက်မယ့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းနှစ်ခုက သီလဝါစက်မှုဇုန်တန်ဖိုးနည်းအိမ်ရာ စီမံကိန်းနဲ့ အောင်ချမ်းသာ တိုးချဲ့ အိမ် ရာ စီမံကိန်း ဖြစ်ပါတယ် ။
သီလဝါစက်မှုဇုန် တန်းဖိုးနည်းအိမ်ရာ စီမံကိန်းက အခန်းပေါင်း ၁၄၈၀ ခန်း ၊ အောင်ချမ်းသာ တိုးချဲ့အိမ်ရာစီမံကိန်းမှာတော့ မြေ ၂၁ ဧကပေါ်မှာ အ ခန်းေ ပါင်း ၁၂၈၀ ခန်းဆောက်လုပ်မှာ ဖြစ်ပြီး လက်ရှိမှာ တည်ဆောက်ဖို့ အတွက် ပုံစံေ၇းဆွဲနေဆဲဖြစ်တယ်လို့ သိရပါတယ် ။
လှိုင်သာယာမြို့နယ်က တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကတော့ ကျန်စစ်မင်း အိမ်ရာစီမံကိန်းကတော့ ကျန်စစ်မင်းအိမ်ရာစီမံကိန်းဖြစ်ပြီး အခန်းပေါင်း ၁၂၆၀ ခန်းကို တည်ဆောက်မှာဖြစ်ပါတယ် ။ မင်္ဂလာဒုံမြို့နယ်က တန်ဖိုး နည်းအိမ်ရာ စီမံကိန်းကတော့ ပျဉ်းမျှပင်အိမ်ရာစီမံကိန်းဖြစ်ပြီး အခန်းပေါင်း ၇၂၀ ခန်း ဆောက်လုပ်သွားမယ်လို့ သိရပါတယ် ။
Credit: The Kumudra