ကမ္ဘာ့ရွှေဈေး ဆက်တိုက် ကျဆင်းနေပေမဲ့ ပြည်တွင်းငွေလဲနှုန်း အမြင့်ပိုင်း နဲ့ ပြည်တွင်း ရွှေဝယ်လိုအား မြင့်နေတာကြောင့် ပြည်တွင်းရွှေဈေး ထင် သလောက် မကျဆင်းဘူး။
“ကမ္ဘာ့ဈေးက ဒီတစ်ပတ်မှာ ဆက်တိုက်ကျတယ်၊ တစ်ရက်လောက်ပဲ တက် ရိပ်ပြပြီး အခုပြန်ဆင်းသွားတာ ၁၁၀၀၊ ၁၂၀၀ အောက်ကို ပြန်ရောက်သွား တယ်၊ ငွေဈေးက မကျတော့ ရွှေဈေးကလဲ တင်သလောက် ကျမလာဘူး” လို့ ပြည်တွင်း ရွှေဈေးကွက် လေ့လာသုံးသပ်သူ ကိုအောင်ဆန်းက ပြော ပါတယ်။
ကမ္ဘာ့ရွှေဈေးဟာ အမေရိကန် ဗဟိုဘဏ် အတိုးနှုန်း မြှင့်တင်ဖို့ သေချာနေ ပြီဆိုတဲ့ သတင်းနဲ့ အတူ လိုက်လံ ကျဆင်းလာပါတယ်။ ကမ္ဘာ့ရွှေဈေးဟာ တစ်ပတ်အတွင်း တစ်အောင်စကို အမေရိကန် ဒေါ်လာ ၅၀ ဝန်းကျင် ကျ ဆင်းလာပြီး ယနေ့မှာတော့ တစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၁၉၅ ဝန်းကျင်သာ ရှိပါတော့တယ်။
ကမ္ဘာ့ရွှေဈေး ကျဆင်းပေမဲ့ ပြည်တွင်းမှာတော့ အမေရိကန်ဒေါ်လာ ငွေ လဲနှုန်း ပြန်မာလာတာကြောင့် ရွှေဈေးဟာ ထင်သလောက် မကျဆင်းပါ ဘူး။ ပြည်တွင်း အမေရိကန် ဒေါ်လာငွေလဲနှုန်းဟာ ယခု တစ်ပတ်အတွင်း မှာ တစ်ဒေါ်လာကို ၁၃၆၇ ကျပ် ဝန်းကျင်မှာ ရှိနေပါတယ်။
ဧပြီလမှာ အခွန်ကောက်ခံမယ်ဆိုတဲ့ သတင်းကြောင့်လည်း ပြည်တွင်းေ ရွှဈေးကွက် အတွင်းမှာ ရောင်းလိုအား ကောင်းနေပါတယ်။ ပြည်တွင်းေ ရွှဈေးနှုန်းဟာ ပြီးခဲ့တဲ့ ရက်အချို့က တစ်ကျပ်သားကို ကျပ် ၈၉၀,၀၀၀ ပြန်ေ ရာက်ရှိသွားပေမဲ့ နေ့မကူးခင်မှာတင် ကျပ် ၈၉၀,၀၀၀ အောက်ကို ပြန် လည် ရောက်ရှိလာခဲ့ပြီး ယနေ့မှာတော့ ကျပ် ၈၈၀,၀၀၀ အကျော်မှာသာ ရှိနေခဲ့ပါတယ်။
Credit: The Kumudra