၂၀၁၇ - ၁၈ ဘဏ္ဍာနှစ်တွင် နိုင်ငံပိုင် အခန်း ရင်းနှီးမြှုပ်နှံမှုကို ကျပ် ၂၈၇ ဘီလျံ လျှော့ချသွားရန် လွှတ်တော်သို့ တင်ပြထား

၂၀၁၇ - ၁၈ ဘဏ္ဍာနှစ်တွင် နိုင်ငံပိုင် အခန်း ရင်းနှီးမြှုပ်နှံမှုကို ကျပ် ၂၈၇ ဘီလျံ လျှော့ချသွားရန် လွှတ်တော်သို့ တင်ပြထား - Property News in Myanmar from iMyanmarHouse.com
14 Mar 2017 11:06 am တွင် တင်ခဲ့သည်
723 ကြိမ် ကြည့်ရှု့ပြီး
၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း ဥပဒေကြမ်း၏ နောက်ဆက်တွဲ (၂) ပါ စီမံကိန်း လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာ တွေ့ ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာ (ပြင်ဆင် ဖြည့်စွက်ချက်) များအရ စီမံကိန်း အချို့ ကို ရပ်ဆိုင်းခြင်း၊ ပယ်ဖျက်ခြင်း၊ ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းခြင်း တို့ ကြောင့် နိုင်ငံပိုင် အခန်း ရင်းနှီးမြှုပ်နှံမှုပမာဏသည် အစိုးရအဖွဲ့ က မူလ အဆိုပြုထားသည့်ပမာဏထက် ကျပ် ၂၈၇ ဘီလျံ (ကျပ် ၂၈၇၃၁၇ ဒသမ ၃၄ သန်း) လျော့ကျကာ ကျပ် ၆၀၀၃ ဒသမ ၃၄၅ ဘီလျံသို့  ပြောင်းလဲသွား မည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ယနေ့  ပြည် ထောင်စု လွှတ်တော် အစည်းအဝေးသို့ တင်ပြခဲ့သည်။

“မူလ ရည်မှန်းချက်အရ နိုင်ငံပိုင် အခန်းက ကျပ် ၆၂၉၀ ဒသမ ၆၆၃ ဘီလီယံ၊ သမ၀ါယမပိုင် အခန်းက ကျပ် ၃ ဒသမ ၅၀၃ ဘီလီယံနဲ့  ပုဂ္ဂလိကပိုင်အခန်းက ၂၁၆၅၇ ဒသမ ၀၈၆ ဘီလျံ အဆိုပြုလျာထား ခဲ့ပါတယ်၊ ဥပဒေကြမ်း ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာအတိုင်း ၀န်ကြီးဌာနများရဲ့ ရင်းနှီးမြှုပ်နှံမှုများ အပေါ် ငြင်းပယ်ရန် အသုံး စရိတ်များ၊ လျှော့ချခွင့်ပြုရန် အသုံးစရိတ်များကို လက်ခံပါက နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှုအနေနဲ့  မူလ အဆိုပြု ပမာဏထက် ကျပ် ၂၈၇ ဒသမ ၃၁၇ ဘီလီယံ လျော့နည်း၍ ကျပ် ၆၀၀၃ ဒသမ ၃၄၅ ဘီလျံသို့  ပြောင်းလဲ ဖြစ်ပေါ်ပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုမှာ ကျပ် ၂၇၆၆၃ ဒသမ ၉၄၃ ဘီလီယံသို့  ပြောင်းလဲမှာ ဖြစ်ပါတယ်”
ဟု ၎င်းက ရှင်းလင်း တင်ပြခဲ့သည်။

၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း ဥပဒေကြမ်း၏ နောက်ဆက်တွဲ (၂) ပါ စီမံကိန်း လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာ တွေ့ ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာ (ပြင်ဆင် ဖြည့်စွက်ချက်) များအပေါ် လွှတ်တော် ကိုယ်စားလှယ်များ၏ မူနှင့် အခြေခံ သဘော ဆွေးနွေးချက်များ အရ လတ်တလော ရပ်ဆိုင်းထားသင့် သည့် လုပ်ငန်းစီမံကိန်းများတွင် စက်မှုဝန်ကြီးဌာန၊ အမှတ်(၁) အကြီးစား စက်မှုလုပ်ငန်း အောက်ရှိ စက်ရုံ ခြောက်ခု၊ အမှတ်(၂) အကြီးစား စက်မှုလုပ်ငန်း အောက်ရှိ စက်ရုံ ၁၂ ခု၊ အမှတ်(၃) အကြီးစား စက်မှုလုပ်ငန်း အောက်ရှိ စက်ရုံ ၁၆ ခု၊ လျှပ်စစ်နှင့် စွမ်းအင် ၀န်ကြီးဝန်ကြီးဌာန၊ မြန်မာ့ရေနံ ဓာတု လုပ် ငန်း အောက်ရှိ လုပ်ငန်းနှင့် စက်ရုံ ၁၀ ခု၊ စုစုပေါင်း ၄၄ ခု ပါဝင်ကြောင်း၊ ပြည်တွင်းပြည်ပမှ နည်း ပညာ နှင့် အရင်းအနှီးများ ဖိတ်ခေါ်၍ နိုင်ငံတော်နှင့် အကျိုးတူ ဆောင်ရွက်သင့်သည့် လုပ်ငန်း စီမံကိန်း များတွင် စက်မှုဝန်ကြီးဌာန အောက်ရှိ စက်ရုံ လေးရုံ ပါဝင်ကြောင်း၊ ပြည်ထောင်စု အစိုးရ အဖွဲ့ က ကြပ်မတ်၍ ဆက်လက် ဆောင်ရွက်သင့်သည့် လုပ်ငန်း စီမံကိန်းများတွင် စက်မှုဝန်ကြီးဌာန အောက်မှ လုပ်ငန်းတစ်ခု၊ လျှပ်စစ်နှင့် စွမ်းအင် ၀န်ကြီးဌာန အောက်မှ စက်ရုံတစ်ခု၊ စုစုပေါင်း နှစ်ခု ပါဝင်ပါကြောင်းလည်း ၎င်းက တင်ပြခဲ့သည်။

ထိုသို့ ပိတ်သိမ်း၊ ရပ်ဆိုင်း၊ လွှဲပြောင်းရမည့် စက်ရုံများရှိ နိုင်ငံ့ဝန်ထမ်းများ မနစ်နာရေးအတွက် ၎င်းက “လတ်တလော ဆိုင်းငံ့ထားသင့်တဲ့ လုပ်ငန်းစဉ်တွေနဲ့  ပတ်သက်ပြီး နိုင်ငံပိုင် အခန်း ရင်းနှီးမြှုပ်နှံမှုများ ကိုသာ ရပ်ဆိုင်းထားပြီး ပိတ်သိမ်းမည့် စက်ရုံများမှလွဲ၍ ကျန်စက်ရုံများရဲ့ လုပ်ငန်း လည်ပတ်မှုကို လက်ရှိ အနေအထားအတိုင်း ဆက်လက် ဆောင်ရွက်စေပြီးမှသာ လိုအပ်သလို ပြောင်းလဲ လုပ် ဆောင် သင့်ပါတယ်၊ ထိုသို့ ဆောင်ရွက်နေစဉ်ကာလအတွင်း ပုဂ္ဂလိကသို့  ငှားယမ်းမှု၊ လွှဲပြောင်း ရောင်းချမှု၊ နိုင်ငံ့ ၀န်ထမ်းများအတွက် ဥပဒေ၊ နည်းဥပဒေများနဲ့ အညီ ဆောင်ရွက်ပေးမှု စတဲ့ ဆောင် ရွက် ဖွယ်ရာ လုပ်ငန်းစဉ်တွေက်ု တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက်ရပါမယ်”ဟု တင်ပြခဲ့သည်။

ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ ပြင်ဆင် ဖြည့်စွက်ချက်များကို လွှတ်တော်က အတည်ပြုပါက GDP လျော့ကျနိုင်မှုမှာ စက်မှုကဏ္ဍတွင် ကျပ် ၈၆၄ ဒသမ ၅၃၉ ဘီလီယံ၊သတ္တုကဏ္ဍတွင် ကျပ် ၁၉ ဒသမ ၀၁၉ ဘီလီယံ စုစုပေါင်း ကျပ် ၁၀၅ ဒသမ ၄၇၃ ဘီလီယံဖြစ်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန၏ ခန့် မှန်း တွက်ချက်မှုအရ GDP ရည်မှန်းချက်ပမာဏမှာ ကျပ် ၉၁ ဒသမ ၂၁၄ ဘီလီယံသို့  ပြောင်းလဲ ဖြစ်ပေါ်ကာ နိုင်ငံ၏ စီးပွား ဖွံ့ ဖြိုး တိုးတက်မှုနှုန်းသည် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်ထက် ၆ ဒသမ ၈ ရာခိုင်နှုန်းသာ တိုးတက်မည်ဖြစ်ကြောင်း၊ တစ်ဦးကျ ၀င်ငွေ (Per Capita GDP) မှာလည်း မူလ ရည်မှန်းချက် ကျပ် ၁၇၁၀၅၂၈ ထက် ၁၉၇၅ ကျပ် လျော့နည်းပြီး ၁၇၀၈၆၀၇ ကျပ်သို့  ပြောင်းလဲသွားနိုင်ကြောင်းလည်း ၎င်းက ရှင်းလင်းတင်ပြခဲ့သည်။

Credit: Xinhua

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး
အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး
ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...
ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...
အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...
အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...
ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း...
ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း...
“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...
“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...
စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...
စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...
စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခု စင်္ကာပူလူမှုကွန်ရက် သုံးစွဲသူတို့အကြား နာမည်ကြီးနေ...
စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခု စင်္ကာပူလူမှုကွန်ရက် သုံးစွဲသူတို့အကြား နာမည်ကြီးနေ...
အမေရိကန်ပြည်တွင် အရက်သေစာ သောက်စားမှု ပိတ်ပင်ခဲ့သည့်ခေတ်က ရုပ်ရှင်မင်းသမီး မာရီလင်မွန်ရိုးနှင့် နာမည်ကြီး ပြဇာတ်ရေးဆရာ အာသာမေလာတို့ လျှို့ဝှက်အရက်သောက်ခဲ့သော အရက်ဘားပါသည့် ယာတောအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် အရော...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရသည့်ဖြစ်ပုံ...
အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရသည့်ဖြစ်ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရက်ပစ်နဲ့ ရောဘတ်ပက်တင်ဆန်တို့ကို ဖြတ်ကျော်ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့အချောဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတဲ့ V (BTS) က ပရိသ
ဘရက်ပစ်နဲ့ ရောဘတ်ပက်တင်ဆန်တို့ကို ဖြတ်ကျော်ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့အချောဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတဲ့ V (BTS) က ပရိသ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ
ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ
တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး
တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး
နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ
နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ
လော့စ်အိန်ဂျလိတောမီးကြောင့် ပြာကျသွားသည့် နေအိမ်တစ်လုံးကို ဝယ်ယူရန် ကမ်းလှမ်းသူပေါင်း ၆၀ ဦး ကျော်ရှိခဲ့ပြီး ဒေါ်လာ ၁ သန်
လော့စ်အိန်ဂျလိတောမီးကြောင့် ပြာကျသွားသည့် နေအိမ်တစ်လုံးကို ဝယ်ယူရန် ကမ်းလှမ်းသူပေါင်း ၆၀ ဦး ကျော်ရှိခဲ့ပြီး ဒေါ်လာ ၁ သန်
ဂရမ်မီဆုရမည်ဟု တစ်ပြေးနေသော အဆိုတော် Billie Eilish မှာ အလွန်ချမ်းသာကြွယ်ဝနေပြီဖြစ်သော်လည်း မိဘအိမ်တွင် နေထိုင်နေဆဲဖြစ်
ဂရမ်မီဆုရမည်ဟု တစ်ပြေးနေသော အဆိုတော် Billie Eilish မှာ အလွန်ချမ်းသာကြွယ်ဝနေပြီဖြစ်သော်လည်း မိဘအိမ်တွင် နေထိုင်နေဆဲဖြစ်
ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ
ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ
မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ
imyanmarmarket
Villa Shukhinthar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service