ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် ငွေစုဆောင်းသူများပြားသောကြောင့်
၁၂ဒသမ၉ဘီလီယံ အထိရှိသွားပြီဖြစ်ကြောင်းသတင်းရရှိသည်။
အိမ်ရာစီမံကိန်းများကို အရစ်ကျစနစ်ဖြင့်ဝယ်ယူလိုသူများပြား
လာသောကြောင့် ငွေစုဆောင်းသူပမာဏများပြား
လာကာ ယခုကဲ့သို့ စုဆောင်းငွေပမာဏ တိုးပွားလာခြင်းဖြစ်သည်။
အိမ်ရာစီမံကိန်းများကို အရစ်ကျ နှစ်ရှည်စနစ်ဖြင့် ဝယ်ယူလိုသူများကိုရည်ရွယ်ကာ ငွေစုစာအုပ
် ပြုလုပ်ပေးခြင်းဖြစ်ပြီး ကုမ္ပဏီဝန်ထမ်းများနှင့်
အစိုးရဝန်ထမ်းများ အများဆုံးလျှောက်ထားကြသည်ဟု ဆိုသည်။
ငွေစုစာအုပ်ကို အခြား ဘဏ်စာအုပ်များကဲ့သို့ တတ်နိုင် သော
ငွေပမာဏဖြင့် ငွေစာရင်းစတင်ဖွင့်လှစ်နိုင်ပြီး အိမ်ရာဝယ်ယူမည်ဆိုပါက
ဘဏ်စာအုပ်တွင် အိမ်ဝယ်ယူမည့် ငွေပမာဏ၏ ၃၀ ရာခိုင်နှုန်းရှိရမည်ဖြစ်သည်။
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်ကို
အစိုးရအပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊
ပြင်ပစီးပွားရေးလုပ်ငန်းရှင်များ စုစည်း၍ ၂၀၁၄ တွင် စတင်တည်ထောင်ခြင်းဖြစ်သည်။
၂၀၁၃ ဇူလိုင်တွင် ဗဟိုဘဏ်၏ဘဏ်လိုင်စင်ရရှိပြီး
မြန်မာနိုင်ငံ၏ ပထမဆုံးအိမ်ရာတည်ဆောက် နိုင်ကာ အိမ်ဝယ်လိုသူများကငွေချေးခွင့်လိုင်စင်ရရှိထားသည်။
ယခုငွေစုစာအုပ်သည် အစိုးရ အိမ်ရာများကိုသာ လတ်တလောဝယ်ယူနိုင်သည့် စာအုပ်များ ဖြစ်ပြီး
ပြင်ပတွင်လုပ်ငန်းရှင်များ ရောင်းချနေသည့် အိမ်ရာများကို မူဝယ်ယူခွင့်မပေးသောကြောင့်ဝယ်ယူနိုင်ရန်လုပ်ဆောင်ပေး
သင့်ကြောင်း မျိုးမြန်မာလိုင်စင်ရ ကန်ထရိုက်တာဆောက်လုပ်ရေး
လုပ်ငန်းရှင်ဦးမျိုးဝင်းက ဆို သည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com