သြစတေးလျနိုင်ငံတွင် ၁၉၅၅ ခုနှစ်နောက်ပိုင်း ပထမဆုံးလေလံတင်ရောင်းချသည့်နေအိမ်ကို ဝင်ရောက်လေလံဆွဲသူ များပြားခဲ့ကြောင်း သြစတေးလျအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အဆိုပါနေအိမ်ကို ဘရစ္စဘိန်းအခြေစိုက် အိမ်ခြံမြေ developer ဖြစ်သည့် ဘင်နှင့် ကာရင်မက်ခ်ဘရိုက်တို့ ဇနီးမောင်နှံက သြစတေးလျ ဒေါ်လာ ၈၀၀၀၀၀ ဖြင့် လေလံအောင်မြင်သွားသည်။
လေလံတင်သည့်နေအိမ်တည်ရှိရာမှာ သြစတေးလျနိုင်ငံ၊ ကွင်းစလန်ပြည်နယ်၊ ဘရစ္စဘိန်းမြို့မြောက်ဘက် နယူးမာ့ကက်အရပ် ဒေစီလမ်း၊ အမှတ် ၇၅ ရှိ နေအိမ်ဖြစ်ပြီး နေအိမ်အကျိုးဆောင်မှာ ရေးဝှိုက် အယ်လ်ဘီယမ်ဖြစ်ကာ လေလံအရာရှိမှာ ဒေးဗစ် ထရီလိုအာ ဖြစ်သည်။
မစ္စတာ မက်ခ်ဘရိုက်သည် နေအိမ်များ ပြန်လည်ပြုပြင်မွမ်းမံသည့် ကုမ္ပဏီ Valeco Homes ကို ဦးဆောင်သူဖြစ်သည်။
“ဒီအိမ်ဝယ်လိုက်တာကြောင့် ကလေးတွေအတွက် ကျောင်းနဲ့နီးသွားပါပြီ။ ဒါပေမယ့် ပြန်ပြီးတော့ မွမ်းမံချင်ပါသေးတယ်။ ပြီးခဲ့တဲ့ ခရစ္စမတ်တုန်းက ကွင်းစလန်ဗိသုကာဟန် နေအိမ်တစ်လုံး ကျွန်တော်တို့ ရောင်းခဲ့ပါသေးတယ်” ဟု မက်ခ်ဘရိုက်က ပြောကြားသည်။
လေလံပွဲတွင် မှတ်ပုံတင်ကာ ဝင်ရောက်ယှဉ်ပြိုင်သူ ၁၃ ဦးအထိရှိရာ များစွာစိတ်လှုပ်ရှားခဲ့ရကြောင်း မစ္စက် မက်ခ်ဘရိုက်က ပြောကြားသည်။
လေလံပွဲသို့ လူပေါင်း ၅၀ ခန့် တက်ရောက်ခဲ့ကြပြီး ယခုနေအိမ် လေလံဆွဲသည့် ကြာချိန်မှာ ၁၀ မိနစ်ခန့်သာ ကြာမြင့်ခဲ့သည်။
စတင်၍ ပေးသည့်ဈေးမှာ ဒေါ်လာ ၆၅၀၀၀၀ ဖြစ်ပြီး ဈေးယှဉ်ပြိုင်လေလံဆွဲမှု ၁၆ ကြိမ်ရှိခဲ့သည်။
ခြံဝန်းအကျယ်အဝန်းမှာ ၅၅၉ စတုရန်းမီတာ ကျယ်ဝန်းပြီး အိပ်ခန်း ၃ ခန်း၊ ရေချိုးခန်း ၁ ခန်း ပါဝင်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)